BEC-TERO TV

မွန်ပြည်နယ်တွင် ရဟန္တာငါးရာ ရုပ်ပွားတော်များ ဖျက်ဆီးခံရ

08 Nov 2018     1,370 Views

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာစိန်မြ တောင် တောင်ပေါ်ဘုရားရှိရဟန္တာ ငါးရာရုပ်ပွားတော်များ ဖျက်ဆီးခံထားရခြင်းကိုနိုဝင်ဘာ ၆ ရက် နံနက် (၁၀)နာရီခွဲအချိန်တွင်ဖျက်ဆီးခံရကြောင်းသိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်း ပေးပို့ ချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ရာ ရပ်တော်မူရဟန္တာရုပ်ပွားတော်၊ (၄၃)ဆူ၏ လက်တော်များဖျက်ဆီးခံရခြင်း၊ မွေးနေ့ /နံထိုင်တော်မူ ဘုရားရုပ်ပွားတော် လေးဆူ၏ ဦးခေါင်းတော်များ ၊ ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍မြို့နယ်တာဝန်ရှိသူကစိန်မြတောင်ကျောင်းတိုက်ဆရာတော်အားသွားရောက် လျှောက်ထားခဲ့ရာဆရာတော်က အမှုမဖွင့်လိုကြောင်း ၊ပျက်စီးသွားသောရုပ်ပွားတော်များကို ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် နောက်နောင် အလားတူဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက် မြို့နယ်ကျေးရွာတာဝန်ရှိသူများက လုံခြုံရေး ကြပ်မတ်ဆောင်ရွက်ပေးရန် မိန့်ကြားခဲ့သည်။

တာဝန်ရှိသူများကလည်းအဆိုပါနေရာများနှင့်ဆက်စပ်လျှက်ရှိသည့်(ရွာလွတ်၊ညောင်လမ်း၊ကမာမို) ကျေးရွာတို့မှ အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် နယ်မြေခံရဲကင်းတို့ နှင့် ပူးပေါင်း၍ လှည့်ကင်းလုံခြုံရေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နှင့် ရုပ်ပွားတော် ဖျက်ဆီးသွားသူများကိုလည်း စုံစမ်းရှာဖွေဖော်ထုတ်လျှက်ရှိကြောင်း သိရှိရသည်။ အရင်ကလည်း ဘုရားဖူးများ ၏ နားနေဇရပ်များ ဖျက်ဆီးခံရဖူးကြောင်း ဒေသခံအချို၏ ပြောကြားချက်အရသိရသည်။

08 Nov 2018     1,370 Views

RELATED

Most Popular of Myanmar News

Most Popular of NEWS