BEC-TERO TV

MMA 2018 Global Martial Arts Awards ဆုပေးပွဲမှာ ဆုနှစ်ဆု သိမ်းပိုက်ခဲ့တဲ့ အောင်လအန်ဆိုင်း

09 Nov 2018     1,454 Views


နိုဝင်ဘာလ ၈ ရက်နေ့ညက ကျင်းပခဲ့တဲ့ ကိုယ်ခံပညာပေါင်းစုံအသုံးပြု ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ One Championship ရဲ့ MMA 2018 Global Martial Arts Awards ဆုပေးပွဲအခမ်းအနားမှာ အောင်လအန်ဆိုင်းက ဆုနှစ်ဆု ရရှိသွားခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆုနှင့် အကောင်းယှဉ်ပြိုင်ပွဲ ဆုတွေကို ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး MMA ပြိုင်ပွဲဆုကို မယ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် ဂျပန်ကစားသမားနှင့် ရန်ကုန်မှာထိုးသတ်ခဲ့တဲ့ ပွဲမှာရရှိခဲ့ပါတယ်။

One Championship ၏ စီအီးအို Mr. Chatri Sityodtongက မြန်မာပရိသတ်တွေ အောင်လအန်ဆန်ကို အားပေးမှုနှင့် ပတ်သက်ပြီး
" ရေဒီယို ၊ TV ၊ မီဒီယာတွေကိုဖြတ်ပြီး ထောင်ပေါင်းများစွာသော ပရိသတ်တွေက အောင်လရဲ့ လုပ်ဆောင်မှုတွေကို မြင်ရတယ်။ ဆိုရှယ်မီဒီယာမှာလည်း အဲလိုပါပဲ။ အဲဒီညမှာ အားကစားရုံ (သုဝဏ္ဏ) မှာ လူ ၄၀၀၀ လောက်က အောင်လ.. အောင်လ ... အောင်လ ဆိုပြီး အော်ဟစ်နေကြတယ်။ တစ်နိုင်ငံလုံးကလည်း TV Live ၊ ဒစ်ဂျစ်တယ်ကနေ ကြည့်နေကြတယ်။ အောင်လနဲ့ ဗစ်တက်ရှ်တို့ ကြိုးဝိုင်းအလယ်မှာဆုံကြတယ်”ဟု Mr. Chatri Sityodtong( Founder,Chairman and CEO,One Championship )က ပြောသည်။ သူက မြန်မာပရိသတ်တွေကိုအထူး ကျေးဇူးတင်ပါတယ်ဟုလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Global Martial Arts Awards ဆုပေးပွဲမှာတော့ ဆုအမျိုးအစားပေါင်းး ၁၆ မျိုးထိ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။


09 Nov 2018     1,454 Views




RELATED

Most Popular of Boxing

Most Popular of NEWS