BEC-TERO TV

ရှေးကျတဲ့ပုံစံနဲ့ အသက်သွင်းရိုက်ကူးလိုက်တဲ့ ရွှေနှစ်ရွှေရဲ့ Pre-Wedding ပုံရိပ်

09 Nov 2018     1,426 Views


သရုပ်ဆောင်ရွှေမှုန်ရတီနဲ့ အဆိုတော်ရွှေထူးတို့နှစ်ယောက်ကတော့ မတူညီတဲ့အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေကိုကိုယ်စီပိုင်ဆိုင်ထားသူများဖြစ်ကြသလို လူချစ်လူခင်ပေါများသူတွေလဲဖြစ်ပါတယ်။ သမီးရည်းစားဖြစ်တာအချိန်မကြာသေးပေမယ့်လဲ အချစ်စစ်အချစ်မှန်ကိုရှာဖွေတွေ့ရှိခဲ့တာကြောင့် ခိုင်မာတဲ့ဆက်ဆံရေးကိုတည်ဆောက်ကာ ရွှေလက်တွဲလိုက်ကြပြီဖြစ်ပါတယ်။ နှစ်ယောက်သားရုပ်ချင်းဆင်တူကြသလို နေနဲ့လလို လိုက်ဖက်ညီလွန်းလှတဲ့ သူတို့နှစ်ယောက်ကတော့ ရှေးဘ၀ဖူးစားပါလာတာကြောင့်ပင် အချိန်တိုတိုအတွင်း နှစ်ယောက်တစ်ဘ၀ကိုတည်ဆောက်လိုက်ကြတာပဲဖြစ်ပါအတယ်။




အနုပညာလောကထဲက အသစ်စက်စက်ဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီရဲ့ မင်္ဂလာဧည့်ခံပွဲကတော့ မကြာခင်ရက်ပိုင်းအတွင်း ကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်တော့မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မင်္ဂလာပွဲအကြို Pre-Wedding ပုံရိပ်တွေကို အများနဲ့မတူပဲ ဆန်းဆန်းပြားပြားဖြစ်အောင် ခေတ်ဟောင်းပုံစံနဲ့ ရိုက်ကူးထားတာကိုတွေ့ရပါတယ်။ အဖြူ၊ အမဲဓာတ်ပုံခေတ်ကအတိုင်း အသက်သွင်းရိုက်ကူးထားတဲ့ သူတို့နှစ်ယောက်ရဲ့ Pre-Wedding ပုံရိပ်တွေကတော့ မြင်ရသူတိုင်းအဖို့ တစ်မျိုးလေးဆန်းနေမှာပါနော်။ ပရိသတ်ကြီးအတွက် ရွှေထူးနဲ့ ရွှေမှုန်တို့နှစ်ယောက်ရဲ့ ခေတ်ဟောင်းပုံစံရိုက်ကူးထားတဲ့ Pre-Wedding ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။






09 Nov 2018     1,426 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment