BEC-TERO TV

သိထားသင့်သည့် အသံချဲ့ စက် ဥပဒေ

09 Nov 2018     1,802 Views


အသံချဲ့ စက် ဥပဒေကို ၂ဝ၁၂ ဖေဖော်ဝါရီ ၂၄ ရက် နေ့တွင်ပြဌာန်းထားခဲ့တဲ့ ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေရဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ ( ဈ ) မှာ ပြဌာန်းထားတာရှိပါတယ်။

ဥပဒေအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ အသံချဲ့စက် အသုံးပြု ခွင့်ခွင့်ပြု ချက်တောင်းခံရမှာဖြစ်ပြီး ခွင့်ပြု ချက်မရှိပဲ အသုံးပြုပါက
ဥပဒေ နည်းဥပဒေနဲ့ ခွင့်ပြု ရာတွင် လိုက်နာရမည့်စည်းကမ်းချက်(၇)ချက်ကို တင်ပြပေးလိုက်ပါတယ်။
( ၁ ) ပြည်သူများ အေးချမ်းတည်ငြိမ်စွာလုပ်ကိုင်နေထိုင်မှု အား အနှောက်အယှက်မဖြစ်စေရ။
( ၂ ) သတ်မှတ်ခွင့်ပြု ထားသည့်အချိန် အပိုင်းအခြားအတွင်း၌သာဖွင့်လှစ်ခွင့်ရှိသည်။

အချိန်ကျော်လွန်၍ မဖွင့်လွှစ်ရန်( အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ ဥပမာ_စာသင်ကျောင်းအနီး၌ဖြစ်ပါက စာသင်ချိန်များကို ထိခိုက်မှူ မရှိစေဘဲစိစစ်ခွင့်ပြုခြင်း ဆေးရုံအနီး၌ဖြစ်ပါကလူနာများစိတ်အနှောက်အယှက် မဖြစ်စေရေး။
(သက်ဆိုင်ရာဌာန၏ စည်းကမ်းသတ်မှတ်ချက်များကိုမဆန့်ကျင်စေဘဲစိစစ်ခွင့်ပြုခြင်း )
(၃) ခွင့်ပြုထားသည့် ရက်အတွင်းသာ အကျုံးဝင်စေရမည်။
(၄) ခွင့်ပြုထားသည့် နေရာ၌သာဖွင့်လှစ်ရန်။
( ၅ ) အမျိုးဘာသာ၊ သာသနာတို့ကို ထိခိုက်စေသော ဂုဏ်သိက္ခာကျ ဆင်းစေသောအကြောင်းအရာများဖွင့်လှစ်ခြင်းမပြု ရန်။
( ၆ ) တာဝန်ရှိသူများမှ အခါအားလျော်စွာ စစ်ဆေးမှူကိုခံယူလိုက်နာရမည်။
( ၇ ) ဤအမိန့်ကို လိုအပ်ပါကအချိန်မရွေးပြန်လည်ရုပ်သိပ်ခြင်းခံရမည်။

၎င်းအထက်ပါ စည်းကမ်းချက်များအပြင် ခွင့်ပြု ချက်တောင်းခံရာတွင်
(က) ခွင့်ပြု ချက်ကို ၃ ရက်ကြို တင် တောင်းခံရမှာဖြစ်ပါတယ်။
(ခ) ပုံမှန်အားဖြင့် နံနက် ၆ နာရီမှ ညနေ ၉ နာရီအထိသာခွင့်ပြု ရမှာဖြစ်ပါတယ်။
(ဂ) အများပြည်သူများအား အနှောက်အယှက် မဖြစ်စေရးအတွက်ခွင့်ပြု သည့်ဥပစာအတွင်း အများပြည်သူကြားသိရုံမျှ သာ ဖွင့်ဖို့ ပြဌာန်းထားပါတယ်။
ဤခွင့်ပြုမိန့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာရဲစခန်းသို့ ကော်ပီတစ်စုံပို့ရတဲ့အတွက် နားမခံသာပါက သက်ဆိုင်ရာစရဲခန်းသို့တိုင်ကြားပါ။
သက်ဆိုင်ရာ ရပ်ကွက် / မြို့ နယ်ရဲစခန်းမှ အထက်ပါ စည်းကမ်းချ က်များနှင့် ညီ မညီပြန်လည် စစ်ဆေးအရေးယူပေးမှာဖြစ်ပါတယ်။
အရေးမယူပေးပါက ၄င်းရဲစခန်းမှတာဝန်ရှိသူများအား သက်ဆိုင်ရာ တိုင်းနယ်ပြည်နယ် ရဲစခန်းကို ထပ်ဆင့်တိုင်ကြားသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

crd ရပ်/ကျေး အုပ်ချုပ်ရေး


09 Nov 2018     1,802 Views




RELATED

Most Popular of Special or Others

Most Popular of Life Style