BEC-TERO TV

လွယ်လွယ် နဲ့ မမေ့အောင်ဘယ်လိုလုပ်မလဲ

09 Nov 2018     1,875 Views


ရှေ့မှာ လွယ်လွယ်နဲ့ မေ့တတ်တဲ့အကြောင်းအရင်းတွေကို ပြောပြပြီးပြီဆိုတော့ လွယ်လွယ်မမေ့အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေနဲ့ ဝေမျှပေးလိုက်ပါတယ်။
 
၁။ သင့်ရဲ့ မှတ်စုစာအုပ်၊ ကွန်ပျူတာ၊ tablet (သို့) ဖုန်း တစ်ခုခုမှာ to-do list ဆိုတဲ့ note ထားရှိပါ။
 
၂။ တကယ်လို့သင်ဟာ စာရေးပျင်းတဲ့သူတစ်ယောက်ဆိုရင် သင်အမြဲကိုင်နေတဲ့ သင့်ဖုန်းထဲမှာမှတ်သားထားနိုင်ပါတယ်။  Google play store ကိုသွားပြီး Schedule Planner app ကို download ဆွဲပြီး သင့်တစ်နေ့တာလုပ်ငန်းဆောင်တာများကို မှတ်သားထားနိုင်ပါတယ်။ သင်ဘယ်အချိန်မှာ ဘာလုပ်ဖို့ရှိတယ်ဆိုတာ သင်ကိုယ် တိုင်ပြန်မကြည့်နိုင်ရင်တောင် ထိ application ကသင့်ကို remind ပေးပါလိမ့်မယ်။
 
၃။ စိတ်မများပါနဲ့။ လက်ရှိလုပ်နေတဲ့အလုပ်မှာပဲအာရုံစိုက်ပါ။ ဒါပြီးဘာလုပ်ရမလဲ ကြိုမတွေးပါနဲ့။ လက်ရှိလုပ်နေတဲ့ အလုပ်တစ်ခုတည်းကို အာရုံစူးစိုက်ခြင်းဟာ အလုပ်ကိုမြန်မြန်ပြီးစေပြီး သေသေသပ်သပ်ဖြစ်စေပါလိမ့်မယ်။ နောင်ခါလာနောင်ခါ စျေးပါပဲ။ နောက်မှလုပ်စရာရှိတာကိုနောက်မှစဉ်းစားပါ။
 
၄။ အရောင်တွေနဲ့ ပတ်ဝန်းကျင်ကို အမှတ်မထင်မှတ်သားထားပါ။ သင်ပိုင်ဆိုင်တဲ့ အသေးအမွှားပစ္စည်း၊ ဥပမာအားဖြင့် ကားသော့ဆိုပါစို့။ ကားသော့ ဘယ်မှာထားမိမှန်း မသိလို့ သင်ရှာနေရတဲ့အခါမျိုးဆိုရင် အသေးစိတ်ကို ပြန်စဉ်းစားကြည့်ပါ။ ပထမဦးဆုံး ထိုပတ်ဝန်းကျင်မှာရှိတဲ့ အရောင်တွေကိုစဉ်းစားကြည့်ပါ။ အရောင်တွေက ကျွန်တေ်တို့ အမှတ်မထင် အမှတ်ရနေတဲ့တစ်ခုတည်းသောအရာပါပဲ။
 
၅။ လုပ်စရာရှိတဲ့အရာကို တစ်စုံတစ်ယောက်ကိုပြောပြာထားပါ
 
လုပ်စရာရှိတဲ့အလုပ်ကို တစ်စုံတစ်ယောက်ကိုပြောပြထားခြင်းကလဲ သင့် ဦးနှောက်ကို မှတ်မိနေစေဖို့ အထောက်အကူပြုပါတယ်။
 
၆။ အသေးစိတ်ကိုအဖြေရှာကြည့်ပါ
 
သင်တစ်ခုခုကိုမေ့ပြီဆိုရင် သင်ဘာလုပ်နေခဲ့လဲဆိုတာပြန်စဉ်းစားပါ။ အစကနေပြန်စဉ်း စားပါ။ ဒီနေ့မှာ ငါဘာပြီးရင်ဘာလုပ်ခဲ့တယ်ဆိုတာမျိုးပေါ့။ အဲ့လိုအသေးစိတ်ပြန်စဉ်းစား ခြင်းအားဖြင့်သင်မေ့ပျောက်သွားတဲ့မှတ်ဉာဏ်တွေကိုပြန်လည်ရရှိနိုင်ပါတယ်။
 

ကျွန်တော်တို့ ဒီလိုလွယ်လွယ်ကူကူနဲ့ မေ့ပျောက်တတ်ခြင်းရဲ့ အကြောင်းအရင်းများကိုသိချင်ရင်တော့ အောက်ပါ လင့်ခ်မှာဖတ်ရှုလေ့လာနိုင်ပါတယ်။ https://bit.ly/2AVGVIQ


09 Nov 2018     1,875 Views




RELATED

Most Popular of Health Fix

Most Popular of Life Style