BEC-TERO TV

ဘက်ထရီဆိုင်ကယ် ပေါက်ကွဲမှုကြောင့် သားအမိနှစ်ယောက် သေဆုံး (ရုပ်သံ)

09 Nov 2018     1,477 Views


ဘက်ထရီဆိုင်ကယ်ကို အားသွင်းနေစဉ် မီးလောင်ပေါက်ကွဲခဲ့တာကြောင့် မိခင်ဖြစ်သူဟာ သူမရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ်ကလေးကို သူမရဲ့ ခန္ဓာကိုယ်နဲ့ ကာကွယ်လိုက်တဲ့အတွက် ပေါက်ကွဲစတွေ ထိမှန်ပြီး ချက်ခြင်း သေဆုံးသွားခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့က တရုပ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ သားအမိနှစ်ယောက် ပန်းခြံထဲမှာ လမ်းလျှောက်နေစဉ် နေအိမ်တိုက်ခန်း အောက်ထပ်မှာ အားသွင်းထားတဲ့ ဘက်ထရီဆိုင်ကယ်က မီးလောင်ပြီးနောက် ပေါက်ကွဲခဲ့တာပါ။ ဒါကိုမြင်လိုက်တဲ့ မိခင်က သားကို ဒဏ်ရာမရအောင် အုပ်မိုးဖက်ထားကာ ကာကွယ်လိုက်ပါတယ်။

အဖြစ်ပျက်ကို မြင်တွေ့လိုက်ရတဲ့ အိမ်နီးချင်းတွေက အရေးပေါ်ကို ချက်ချင်းဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် အသက် ၃၄ နှစ်အရွယ် မိခင်ဖြစ်သူဟာ ဆေးရုံကို တင်ပို့စဉ် လမ်းမှာပဲ သေဆုံးခဲ့ပါတယ်။

သားဖြစ်သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဒဏ်ရာတွေ များစွာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံ ၅ ရုံပြောင်းပြီး ကုသမှုခံယူနေခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေးရဲ့ မျက်စိတွေ ပျက်ဆီးကုန်ပြီး မျက်လုံးကွယ်သွားပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။

ဆရာဝန်တွေ အတတ်နိုင်ဆုံး ကြိုးစားပြီး ကုသခဲ့ပေမယ့်လည်း လေးရက်မြောက်နေ့မှာ ကလေးလည်း ကွယ်လွန်ခဲ့ပါတယ်။

ဖြစ်စဉ်ကို စုံစမ်းမှုများ ပြလုပ်နေပြီး သက်ဆိုင်ရာကတော့ ဘက်ထရီဆိုင်ကယ်မှာ တပ်ဆင်ထားတဲ့ ဘက်ထရီချို့ယွင်းချက်ကြောင့် ဖြစ်မယ်လို့ သုံးသပ်ထားကြပါတယ်။

စာဖတ်သူတွေအနေနဲ့လည်း ဘက်ထရီဆိုင်ကယ် အသုံးပြုကြတယ်ဆိုရင် သတိထားကြစေလိုပါတယ်။


09 Nov 2018     1,477 Views




RELATED

Most Popular of Special or Others

Most Popular of NEWS