BEC-TERO TV

လေယာဉ်၏ ဟိုက်ဒရောလစ်စနစ်ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်စဉ် ပျက်ကျ

12 Nov 2018     1,388 Views


နိုဝင်ဘာလ ၉ ရက်နေ့က ကနေဒါနိုင်ငံ တိုရန်တိုသို့ ဦးတည်ပျံသန်းခဲ့သော ဂျမေကာလေကြောင်းလိုင်း OJ256 လေယာဉ်တစ်စီးဟာ ဟိုက်ဒရောလစ် ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် လေဆိပ်ကို ပြန်လည်ဆင်းသက်စဉ် လေဆိပ်ပြေးလမ်းပေါ်တွင် ထိန်းချုပ်မရပဲ ပျက်ကျခဲ့မှုတစ်ခုဖြစ်ပွားခဲ့သည်။

ကနေဒါနိုင်ငံသား ၈၂ ဦးအပါအဝင် လူ ၁၂၆ ဦးတင်ဆောင်ထားသည့် ဘိုးရင်း 757-200 လေယာဉ်ဟာ တောင်အမေရိကနိုင်ငံတစ်ခုဖြစ်သော ဂူယန်နာနိုင်ငံ ဂျော့ခ်ျတောင်း လေဆိပ်မှ ကနေဒါနိုင်ငံ တိုရန်တိုမြို့သို့ ပျံသန်းခဲ့ပြီး ၁၅ မိနစ်ခန့်အကြာ အတ္တလန်တိတ် သမုဒ္ဒရာကိုဖြတ်ပျံနေစဉ် ဟိုက်ဒရောလစ်ပြသနာတက်ခဲ့သဖြင့် လေယာဉ်ကို ကွေ့ပတ်ကာပျံသန်းခဲ့ပြီး ဂျော့ခ်ျတောင်းလေဆိပ်သို့ ပြန်လည်ဆင်းသက်ခွင့်ပြုရန် လေယာဉ်မှူးက တောင်းခံခဲ့သည်။

လေဆိပ်၏ ခွင့်ပြုချက်ရပြီးနောက် ပြန်လည်ဆင်းသက်ခဲ့ရာ ဟိုက်ဒရောလစ်စနစ်ချို့ယွင်းနေသဖြင့် လေယာဉ် ဘရိတ်မမိတော့ပဲ လေယာဉ်ပြေလမ်းကို အရှိန်နဲ့ ကျော်ထွက်သွားခဲ့ပြီး ပျက်ကျသွားခဲ့သည်။

လေယာဉ်ပေါ်ပါ ခရီးသည်များ၏ အဆိုအရ လေယာဉ်တစ်စင်းလုံး ထိတ်လန့်ခြောက်ခြားစွာ အော်ဟစ်နေခဲ့ကြသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် သေဆုံးသူမရှိခဲ့ကြောင်း သိရှိရသည်။ လေယာဉ်ဟာ သဲပုံကြီးထဲထိုးစိုက်သွားပြီး လေယာဉ်အင်ဂျင်တစ်လုံး မြေပြင်နဲ့တိုက်မိကာ ကျိုးပဲ့သွားခဲ့သည်။ နောက်ထပ် ၁၀ ပေလောက်သာ ထပ်မံလေရွှေ့သွားခဲ့ပါက လေယာဉ်ဟာ ပေ ၄၀ ခန့်နက်တဲ့ ကမ်းပါးကြီးထဲသို့ ထိုးကျသွားမှာဖြစ်လို့ ယခုဖြစ်စဉ်ဟာ အလွန်ကံကောင်းသည်ဟု လေယာဉ်မှူးဖြစ်သူ Bedessee က ပြောကြားခဲ့သည်။

ဂူယန်နာ လေကြောင်းဆိုင်ရာ အာဏာပိုင်များက ဖြစ်စဉ်ကို လေယာဉ်မှူးနဲ့ မေးမြန်းစုံစမ်းမှု မပြုလုပ်ရသေးသော်လည်း လေယာဉ်မှူးအခန်းထဲရှိ အချက်အလက်သိမ်းဆည်းသည့် စက်ကို ဖြုတ်ယူထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။


12 Nov 2018     1,388 Views




RELATED

Most Popular of International News

Most Popular of NEWS