BEC-TERO TV

လိင်တူချင်းစိတ်ဝင်စားမိလို့ ငယ်စဉ်ကတည်းကမိဘတွေရဲ့ ခြိမ်းခြောက်ခံခဲ့ရသူ အေရွန်ယန်

12 Nov 2018     1,499 Views


တစ်ချိန်က လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ ထိုင်ဝမ်အမျိုးသားအဆိုတော်အဖွဲ့မှ အဖွဲ့ဝင်ဟောင်းအေရွန်ယန် ဟာဂေးတစ်ယောက်ဖြစ်ပြီး လိင်တူချစ်သူကို သုံးယောက် တစ်ပြိုင်တည်းတွဲခဲ့ပါတယ်။ သို့ပေမဲ့ သူ့ချစ်သူသုံးယောက်ထဲက ဒုတိယချစ်သူက အေရွန်ယန်ဟာ ယောင်္ကျားလေးသုံးယောက်နှင့်တစ်ပြိုင်နက်ထဲ မြာပွေသည်မဟုတ်ကြောင်း၊ ပထမချစ်သူနှင့် ပြတ်သွားသည်မှာကြာပြီဖြစ်ကြောင်း၊ အနှီပထမ ချစ်သူမှာ သူနှင့်မပြတ်လို၍ မစားရတဲ့အမဲ သဲနဲ့ပက်ကြောင်း အင်တာဗျူး တစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းစုံကိုဖြေကြားထားပါတယ်။

တရုတ်ပြည်သူလူထုနဲ့ ပရိတ်သတ်များက အေရွန်ယန် ယောင်္ကျား ၃ ယောက်နဲ့ ဇာတ်ရှုပ်ခဲ့တာကို မကျေနပ်ကြတဲ့အတွက်သူ့အပေါ် အမုန်းစကား ဝေဖန်မှုတွေဆိုလာကြပါတယ်။ သို့ပေမဲ့ အေရွန့် ဒုတိယချစ်သူမှ အကြောင်းစုံကို ပြန်လည်ရှင်းပြလိုက်တဲ့အခါမှာတော့ လူထုက သူ့ကိုသနားစာနာသွားကြပါတယ်။

အမှန်တကယ်တော့အေရွန်က ငယ်စဉ်ကလေးဝတည်းက ဂေးဖြစ်နေခဲ့တာပါ။ သူဆယ်ကျော်သက်ဘဝတည်းက သူ့ကိုယ်သူဂေးဆိုတာသိခဲ့ပြီး မိဘများကလဲ ရိပ်မိခဲ့ တဲ့အတွက်ကတောက်ကဆတွေဖြစ်ခဲ့ရပါတယ်။ ရှေးရိုးစွဲတဲ့ အေရွန့်မိဘတွေဟာ ဒီကိစ္စကိုဘယ်လိုမှလက်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့်အေရွန်ဟာ မိဘတွေရှေ့မှာ သာမန်ယောင်္ကျားလေးတစ်ယောက်လိုပဲ ဟန်ဆောင်နေထိုင်ခဲ့ရပါတယ်။

အေရွန်မှာအစ်ကိုတစ်ယောက်ရှိခဲ့ပြီးထိုသူမှာ အသက် ၁နှစ်အရွယ်မှာကွယ်လွန်သွားတာကြောင့် လက်ရှိမှာအေရွန်ဟာ တစ်ဦးတည်းသေားသားလို့ ဆိုရမှာပါ။ သားတစ်ယောက်တည်းရှိတာဖြစ်တဲ့အတွက် မိဘတွေက သူ့ကိုအချိန်တန်အရွယ်ရောက်ရင် ရိုးရာအတိုင်းအိမ်ထောင်ပြုပြီး မိသားစုဘဝကိုတည်ထောင်စေချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အေရွန်တစ်ယောက် ဂေးနေတယ်ဆိုတာ စသိတဲ့အချိန်ကစပြီး အမေဖြစ်သူဟာ သူ့ကိုပုံမှန်ထက်ပိုပြီး ထိန်းချုပ်လာခဲ့ပါတယ်။

အေရွန်ရဲ့ပြောကြားချက်အရ သူ့မိဘများနဲ့ သူဟာမကြာခဏအငြင်းပွားလေ့ရှိပြီး တကယ်လို့ သူဒီလိုဆက်လုပ်နေမယ်ဆို သူတို့ကိုယ်သူတို့သက်သေပစ်မယ်လို့ မိဘများက ခြိမ်းခြောက်လေ့ရှိပါတယ် လို့ပြောကြားထားပါတယ်။ ဆိုးဆိုးဝါးဝါးဖြစ်ဖူးတာမှတ်မှတ်ရရဆိုလို့ အေရွန့်အဖေဖြစ်သူဟာ ဝါယာကြိုးနဲ့ လည်ပင်းကို ရစ်ပတ်ပြီး ကိုယ့်ကိုကိုယ်သတ်သေပစ်မယ်လို့ ဆိုပါတယ် လို့အေရွန်ကဖြေကြားထားပါတယ်။ ထိုအချိန်က သူ့အဖေ သေမလိုဖြစ်ခဲ့ပါတယ်။

တစ်ခါမိဘများနဲ့ အငြင်းပွားစဉ်မှာ အေရွန်ဟာနံရံကိုလက်သီးနဲ့ထိုးခဲ့တဲ့အတွက် လက်မှာဒဏ်ရာအကြီးအကျယ်ရဖူးပါတယ်။ ထိုအချိန်တုန်းက သူ့လက်က ဒဏ်ရာ အရမ်းပြင်းထန်တဲ့အတွက် သတင်းမီဒီယာတွေကတောင် ဘာကြောင့်ဒဏ်ရာရတာလဲ ဆိုပြီးဖွခဲ့ကြပါသေးတယ်။ သို့ပေမဲ့ အေရွန်ကတော့ မိဘတွေနဲ့ အချင်းများတဲ့အကြောင်း အရာတွေကိုအသိမခံပဲ ဆက်လက်ဖုံးကွယ်ခဲ့ပါတယ်။

နှစ် ၂၀ ကြာ သူဂေးတစ်ယောက်ဆိုတာ ဖုံးကွယ်နေခဲ့တဲ့ပြီးတဲ့အခါမှာတော့ အေရွန်ဟာမိဘများနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးစားနေဆဲပဲဖြစ်ပါတယ်။ မိဘတွေက နားလည်ပေးတယ်ဆိုပေမဲ့ အပြည့်အဝတော့လက်မခံကြသေးပါဘူး။ ဒါကြောင့် အေရွန်က သူ့ရဲ့တောင်းပန်စကားမှာသူ့ကြောင့်စိတ်အနှောင့်ဖြစ်ခဲ့ရတဲ့ မိဘ၊ သူငယ်ချင်းများနဲ့ ပရိတ်သတ်များကိုတောင်းပန်ပါတယ်၊ သူကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ်ပြီး အကောင်းဆုံးနေထိုင်သွားမှာပါလို့ ပြောကြားထားတာပါ။


12 Nov 2018     1,499 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS