BEC-TERO TV

မိမိတို့၏ မှတ်ဉာဏ် စွမ်းရည်တိုးတတ် ကောင်းမွန်လာစေဖို့

12 Nov 2018     1,389 Views


အလုပ်တွေအရမ်းများ၊ အာရုံတွေအရမ်းများပြီး ဟိုဟာမေ့၊ ဒီဟာမေ့ဖြစ်နေလို့ စိတ်ညစ်မနေပါနဲ့တော့။ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေ တိုးတက်ကောင်းမွန်လာစေဖို့ အလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်း (၆)ခုကို စမ်းကြည့်လိုက်ပါ။
 
(၁) မျက်စိမှိတ်ထားပြီး ရေချိုးပါ။
လုပ်ငန်းဆောင်တာတစ်ခုခုကို မျက်စိမှိတ်ထားပြီးလုပ်ဆောင်တာဟာ သင့်ဦးနှောက်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်လာစေပါတယ်။ ဒါ့ကြောင့် ရေချိုးတဲ့အခါမှာ ရေချိုးခန်းထဲရောက်ပြီဆိုတာနဲ့ မျက်လုံးတွေကို မှိတ်ထားပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ သွားတိုက်တံ၊ သွားတိုက်ဆေး စတဲ့ရေချိုးခန်းသုံး အသုံးအဆောင်ပစ္စည်းတေကို ရှာဖွေအသုံးပြုပါ။ ရေချိုးခန်းထဲမှာ မလုပ်ချင်ရင်လည်း မီးဖိုခန်းထဲမှာ လေ့ကျင့်နိုင်ပါတယ်။
 
(၂) ကခုန်ပါ။
ကခုန်ရင်း ခန္ဓာကိုယ်လှုပ်ရှားမှုဟာ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ဝေဖန်ပိုင်းခြားမှုဆိုင်ရာ ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။ ဒါ့အပြင် ကခုန်တာဟာ သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက် နှလုံးကနေ ဦးနှောက်ဆီကို အောက်ဆီဂျင်ပမာဏများများ ရောက်ရှိစေပြီး ဦးနှောက်ဆဲလ်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မှတ်ဉာဏ်အရည်အသွေးတိုးတက်လာမှာ ဖြစ်ပါတယ်။
 
(၃) ဘယ်လက်ကို အသုံးပြုပါ။
သင်က ဘယ်သန်ဆိုရင်တော့ ညာလက်ကိုအသုံးပြုပါ။ အစားစာတာ၊ သွားတိုက်တာတို့လို ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေကို မသန်တဲ့လက်ကို အသုံးပြုပြီး လုပ်ဆောင်ကြည့်ပါ။ ဒီလိုမသန်တဲ့လက်ကို အသုံးပြုတာဟာ သင့်ဦးနှောက်ရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေကို အလုပ်လုပ်စေမှာဖြစ်ပြီး မှတ်ဉာဏ်အသစ်တွေကို မှတ်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
(၄) စားပွဲတင် တင်းနစ်ကစားပါ။
စားပွဲတင် တင်းနစ်ကစားတာဟာ မျက်လုံးနဲ့လက်နဲ့ ဟန်ချက်ညီညီကစားရတာဖြစ်တဲ့အတွက် သင့်ဦးနှောက် ကို လေ့ကျင့်ပေးနိုင်ပါတယ်။ တကယ်တမ်းတော့ စားပွဲတင် တင်းနစ်မှ မဟုတ်ပါဘူး။ သင်မလုပ်ဖူးတဲ့အရာ တစ်ခုခုကို သင်ယူလုပ်ဆောင်တာမျိုးကလည်း သင့်ဦးနှောက်က မှတ်ဉာဏ်စွမ်းရည်ကို မြင့်တက်လာစေ နိုင်ပါတယ်။
 
(၅) ဈေးဝယ်ထွက်ပါ။
ဈေးဝယ်ထွက်တဲ့အခါမှာ လူရောစိတ်ပါ အလုပ်လုပ်ရပါတယ်။ ဈေးထဲမှာ လမ်းလျှောက်မယ်၊ လူတွေနဲ့ ပြောဆို ဆက်ဆံမယ်၊ ဈေးနှုန်းတွက်ချက်မှုတွေ လုပ်ဆောင်ရပါမယ်။ ဒီလို လုပ်ဆောင်မှုတွေဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းအသီးသီးကို လှုံ့ဆော်ပေးနိုင်ပြီး မှတ်ဉာဏ်စွမ်းအားကောင်းလာစေနိုင်ပါတယ်။ တစ်ခုတော့ သတိပေးပါရစေ။ အလွန်အကျွံသုံးမိရင်တော့ ငွေကုန်ကြေးကျများတဲ့အတွက် စိတ်ဖိစီးမှုများပြီး ဦးနှောက်ကို ကျုံ့သွားစေနိုင်ပါတယ်။
 
(၆) လက်လှည့်ကစားနည်းများ သင်ယူလေ့ကျင့်ပါ။
ပုလင်းတွေလေထဲပစ်မြှောက်တာလိုမျိုး လက်လှည့်ကစားနည်းတွေ ကစားတာဟာလည်း ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်။ အလားတူ ကြွက်သားလှုပ်ရှားမှုတွေ ပါဝင်တဲ့ကစားနည်းတွေကို လေ့ကျင့်တာဟာ ဦးနှောက်မှာရှိတဲ့ ငြိမ်သက်နေတဲ့နေရာတွေကို သက်ဝင်နိုးထစေပြီး မှတ်ဉာဏ်တွေ ထူးခြားကောင်းမွန် လာမှာဖြစ်ပါတယ်။
 
 

12 Nov 2018     1,389 Views




RELATED

Most Popular of Special or Others

Most Popular of Life Style