BEC-TERO TV

မြောင်းမြတွင် ရွှေ ၂ ပိဿာနီးပါးနှင့် စုစုပေါင်း ကျပ်သိန်း ၂ ထောင်နီးပါး ဖောက်ထွင်း ခိုးယူခံရ

13 Nov 2018     1,351 Views


မြေင်းမြမြို့ရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်များ ခရီးသွားနေခိုက် ရွှေ ၁ ပိဿာ ၉၀ ကျပ်သားအား မီးခံသေတ္တာတွင်းမှ ဖောက်ထွင်းခိုးယူခဲ့မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့ အမှတ် ( ၈ ) ရပ်ကွက် မြဂုဏ်ရည်လမ်း နှင့် ဗောဓိပင်လမ်းထောင့် အိမ်အမှတ် ( ၁ ) တွင် နေထိုင်သူ ဦးသန်းဌေး (ကြက်မွေးမြူရေး လုပ်ကိုင်သူ) သည် ဇနနီးဖြစ်သူ ဒေါ်သန်းသန်းဆင့် မြေးဖြစ်သူ မောင်ဝေယံကောင်း၊ ယာဉ်မောင်းဖြစ်သူ ဇေယျလင်းတို့နှင့်အတူ နိုဝင်ဘာလ ( ၉ )ရက်နေ့တွင် နေအိမ်ခြံနှင့် ခြံဝင်းတံခါးတို့အား သော့ခတ်ခဲ့ပြီး အစောင့်မထားဘဲ ရန်ကုန်သို့ဆေးသွားပြခဲ့သည်။

နိုဝင်ဘာ ( ၁၂ ) ရက်နေ့တွင် နေအိမ်သို့ ပြန်ရောက်ခဲ့ပြီး ခြံတံခါးနဲ့ အိမ်ရှေ့တံခါးကို ဖွင့်ဝင်စဉ် အိမ်မကြီးနှင့် နောက်ဖက်ခန်း ခြားထားသည့် တံခါးမှာပွင့်နေသည်ကို တွေ့လိုက်ရသည်။ ထိုစဉ်မြေးဖြစ်သူမှလည်း အခန်းတံခါးလည်းပွင့်နေကြောင်း ပြောခဲ့သဖြင့် သွားရောက်စစ်ဆေးကြည့်ရာ အိမ်ခန်းအတွင်း ထားရှိသော သော့နှစ်လုံးနှင့်လှည့်ဖွင့်ရသည့်သော့နှင့် သော့တစ်လုံးခတ်ထားသည့် မီးခံသေတ္တာမှာ ပွင့်နေပြီး ရိုက်ဖျက်ထားသည့်အနေထား တွေခဲ့ရသည်။

အဆိုပါသေတ္တာထဲမှ ဦးသန်းအေး ထားရှိသော အခေါက်ရွှေ အလေးချိန် ( ၁၀ ) ကျပ်သားရှိ လေးထောင့်ပုံ အကယ်ဒမီတံဆိပ်ပါ ရွှေတုံး ( ၁၅ ) တုံး စုစုပေါင်းအလေးချိန် ၁ ပိသာ ၅၀ ကျပ်သား တန်ဖိုးငွေ ၁၅၀,၀၀၀,၀၀၀ / မိသားစု ဝတ်ဆင်သည် လက်ဝတ်ရတနာမျိုးစုံ ရွှေအလေးချိန် ( ၄၀ ) သားကျော်ခန့်နှင့် တစ်ထောင်တန်ငွေစက္ကူ တစ်သိန်းထုတ် ( ၂၄ ) ထုပ် စုစုပေါင်း ၂,၄၀၀,၀၀၀/ တို့အား ဖောက်ထွင်းခိုးယူ ခံခဲ့ရသောကြောင့် စုစုပေါင်း ကာလတန်ဖိုးငွေ ၁၉၀,၆၅၀,၀၀၀ ကျပ် ခိုးယူခံခဲ့ရသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့သည်။

အခင်းဖြစ်နေရာသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးး ဦးသောင်းတင်ထွေး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ မြိုမစခန်းမှူး ဒုရဲမှူးး အောင်ဇော်မင်း နယ်ထိန်းခေါင်းဆောင် အောင်ဆွေမြင့် တာဝန်မှူး မောင်မောင်ရွှေ နယ်ထိန်းများ ( ၈ ) နယ်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့လာရောက်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြောင်းမြမြို့နယ်ရဲတပ်ဖွဲ့အနေနှင့် ဖောက်ထွင်း ခိုးယူသူတရားခံ အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျှက်ရှိ့ပြီး မြို့မစခန်တွင် ( ပ ) ၁၈၄၆ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရှိရသည်။

သတင်း − ရွှေထူး(မြောင်းမြ)


13 Nov 2018     1,351 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS