BEC-TERO TV

အောင်သူ ပွဲထွက်မပါလာခြင်းနှင့်ပါတ်သတ်ပြီး နည်းပြ အန်တိုနီဟေးစ် ရှင်းလင်း

13 Nov 2018     1,301 Views


မြန်မာအသင်းရဲ့နည်းပြဖြစ်သူ အန်တိုနီဟေးစ်က ကမ္ဘောဒီးယားအသင်းနဲ့ပွဲစဉ်မှာ အခြားကစားသမားတွေကို အခွင့်အရေးပေးချင်လို့ အောင်သူကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။ မနေ့ကမန္တလေးမြို့၊ မန္တလာသီရိကွင်းမှာ ကျင်းပခဲ့တဲ့ 2018 AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ကမ္ဘောဒီးယားအသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အိမ်ရှင်မြန်မာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူး အောင်သူ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။

" အခြားသူတွေကို အခွင့်အရေးပေးချင်လို့ သူ့ကိုချန်လှပ်ခဲ့တာပါ။ အောင်သူဟာ မြန်မာအသင်းရဲ့အဓိကကစားသမားတစ်ဦး ဖြစ်ပါတယ်။ အောင်သူကို လာမယ့်ပွဲစဉ်တွေမှာလည်း ဘယ်လိုကစားခိုင်းမယ်ဆိုတာကို စဉ်းစားထားပြီးဖြစ်ပါတယ် " ဟုအန်တိုနီဟေးစ်ကဆိုပါ တယ်။

အောင်သူက မြန်မာအသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီး ပရိသတ်အချစ်တော်ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အောင်သူဟာ ဒုတိယပိုင်းမှသာ လူစားလဲလှယ်ပါဝင်ခဲ့ပြီး အသင်း ရှုံးနိမ့်နေချိန်မှာ သူ ပါဝင်လာခဲ့လို့လည်း မြန်မာအသင်းရဲ့ ကစားပုံက တော်တော်လေး ပြောင်းလဲသွားခဲ့ကာ ကမ္ဘောဒီးယားကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ပါတယ်။


13 Nov 2018     1,301 Views




RELATED

Most Popular of Football

Most Popular of Sport