BEC-TERO TV

Nicki Minaj ပြောင်ပြီးလျှာထုတ်ပြတာကိုရေဆာတယ်ထင်တဲ့ Drake

13 Nov 2018     1,317 Views


Kiki, do you love me? သီချင်းရဲ့ ပိုင်ရှင်အမေရိကန်ရက်ပ်ပါ ဒရိတ်ဟာ People Choice Award 2018 မှာဆု ၆ ဆုရရှိဖို့ လျာထားခြင်းခံရသူတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ Drake နဲ့Nicki Minaj တို့ လက်ထပ်မယ်ဆိုပြီး ကောလဟာလ သတင်းများပေါ်ထွက်ခဲ့ပါသေးတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ People Choice Award မှာ Nicki Minaj လဲတက်ရောက်ခဲ့ပြီး  The female artist of 2018 ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ ဆုရပြီးတဲ့အခါမှာ Nicki ဟာနာမည်ကြီး ရုပ်ရှင်ဇာတ်ကား Black Panther မှာ Erik နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Micheal B Jordan ကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ Nicki တစ်ယောက်ဒီလိုပြော တာဟာ ရည်းစားဟောင်းဖြစ်သူ Drake ကိုသဝန်တိုစေချင်တာကြောင့် ထိုသို့ ပြောခြင်းဖြစ်တယ်လို့ ပရိတ်သတ်များက ထင်မြင်ယူဆကြပါတယ်။ ဘာလို့လဲဆိုတော့ Nicki Minaj ဟာကျေးဇူးတင်စကားကို ဒီတိုင်းရိုးရိုးမပြောပဲ Drake ဘက်ကိုလှည့်ပြီး လျှာထုတ်ပြခဲ့ပါတယ်။ သူမဟာ Micheal B Jordan နာမည်ကိုခေါ်ပြီး လျှာထုတ်ခဲ့တာ ကြောင့် Drake က Nicki တစ်ယောက် Micheal နာမည်ကိုခေါ်ခဲ့တဲ့ အချိန်ရေဆာ နေတာဖြစ်မယ်လို့မှတ်ချက်ချခဲ့ပါတယ်။

အမှန်တော့ သူမနဲ့ Micheal တို့က ချစ်သူဖြစ်တဲ့အဆင့်မရောက်သေးပဲ အီစီကလီအဆင့်သာ ရှိပါသေးတယ်။ “Nicki Minaj ရဲ့ ရည်းစားဟောင်း တစ်ယောက် အနေနဲ့ Drake ဟာထိုပွဲမှာ ဆုရတဲ့ ကျေးဇူးတင်စကားထဲမှာ သူများပါဝင်လေမလား လို့မျှော်လင့်ခဲဟန်တူပါတယ်။ သူ့အနေနဲ့ ကျေးဇူးမတင်တဲ့အပြင် အခု ရည်းစား အသစ် ဖြစ်တော့မယ့် လူတစ်ယောက်နာမည်ပါ ထုတ်ပြောတော့ မနာလိုဖြစ်သွားပုံပါပဲ” ပရိတ်သတ်တစ်ယောက် ကတွစ်တာမှာ တွိစ်ခဲ့ပါတယ်။ သူ့နာမည်ကို ဆုပေးပွဲမှာ ထုတ်ပြောခဲ့တဲ့အတွက် Micheal ကလဲ သူ့အနေနဲ့ Nicki Minaj ပြုလုပ်တဲ့ ဂီတ နဲ့ သူ့ရဲ့ sexy ကျမှုကိုကြိုက်နှစ်သက်သဘောကျကြောင်း ပြောဆိုလာခဲ့ပါတယ်။ Nicki Minaj ကလဲ တဖန်  Black Panther ရုပ်ရှင်ကိုကြည့်ပြီး Micheal B Jordan ရဲ့ အနုပညာကို လေးစားမိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“Nicki တစ်ယောက် အခုလို Micheal B Jordan နဲ့ အီစီကလီတွေလုပ်နေပေမဲ့  စိတ်ထဲကပါပုံ မပေါ်ဘူး ဆိုတာသိသာတယ်။ သူမဒီလိုလုပ်နေတာတွေက Drake ကိုစိတ်မသက်မသာဖြစ်အောင် တမင်လုပ်နေတာ။” အစရှိသဖြင့် သူမပရိတ်သတ်တွေက People choice award ဆုပေးပွဲမျာ ဖြစ်ပျက်သွားတဲ့ Drake ရဲ့ မျက်နှာထားကိုကြည့်ပြီး ခန့်မှန်းပြောဆိုနေကြပါတယ်။


13 Nov 2018     1,317 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS