BEC-TERO TV

မေဂျာလိဂ်မျက်နှာသစ် အကောင်းဆုံးကစားသမားဆုကို အီဘရာဟီမိုဗစ် ရရှိ

13 Nov 2018     1,377 Views


ဘောလုံးလောကရဲ့ နတ်ဘုရားကြီးလိုတင်စားခေါ်ကြတဲ့ LA Galaxy အသင်းရဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ မေဂျာလိဂ်ရဲ့ မျက်နှာသစ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဆုရွေးချယ်မှုအတွက် ကစားသမားများ၊ ကလပ်အသင်းများနဲ့ မီဒီယာများက ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပြီး ဇလာတန်က စုစုပေါင်း မဲဆန္ဒ ၃၆.၃၆ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ ဒီစီယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီက ၃၂.၂၅ ရာခိုင်နှုန်းရရှိခဲ့ပြီး လော့စ်အိန်ဂျလိစ်တိုက်စစ်မှူး ကားလို့စ်ဗီလာက ၁၃.၄၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီးဟာ ဂလက်ဇီအသင်းအတွက် စုစုပေါင်း (၂၇)ပွဲ ကစားပေးခဲ့ပြီး (၂၂)ဂိုး သွင်းယူကာ (၁၀)ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂလက်ဇီအသင်းကတော့ မေဂျာလိဂ်အနောက်ပိုင်းဇုန်မှာ အဆင့်(၇)သာ ရပ်တည်နိုင်ခဲ့လို့ Palyoff ကစားခွင့်နဲ့ လွဲချော်ခဲ့ရပြီး ရီးရဲလ်ဆော့လိတ်ခ်အသင်းနဲ့ တစ်မှတ်ကွာဟခဲ့တာ ဖြစ်ပါတယ်။ ဒီဆုဟာ မေဂျာလိဂ်ကို စတင်ပြီး လာရောက်ကစားသမားတွေကိုရွေးချယ်ချီးမြှင့်တဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။


13 Nov 2018     1,377 Views




RELATED

Most Popular of Football

Most Popular of NEWS