BEC-TERO TV

သတို့သား ကွယ်လွန်ခဲ့ပေမယ့် မင်္ဂလာပွဲကို တစ်ယောက်ထဲ ကျင်းပခဲ့တဲ့ သတို့သမီး

14 Nov 2018     1,270 Views


လွန်ခဲ့သော သီတင်းပတ်က အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air လေယာဉ်ပျက်ကျမှုမှာ မင်္ဂလာဆောင်ခါနီးဆဲဆဲ သတို့သားတစ်ဦး ပါသွားခဲ့ပြီး သေဆုံးခဲ့ပေမယ့်လည်း ကျန်ရစ်သူ သတို့သမီးက ချစ်သူအပေါ် သစ္စာမပျက်ပဲ မင်္ဂလာပွဲကို စီစဉ်ထားခဲ့တဲ့အတိုင်း သတို့သားမပါပဲ ကျင်းပခဲ့ပါတယ်။

သတို့သမီးဖြစ်သူ Intan Syari အသက် ၂၆ (ဆေးရုံဝန်ထမ်း) ဟာ သူမရဲ့ချစ်သူ Rio Nanda Pratama ၂၆ နှစ် (ဆရာဝန်) နဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လက်ထပ်ကြရန် အားလုံးစီစဉ်ထားခဲ့ပြီးနောက် မမျှော်လင့်ပဲ သူမရဲ့ချစ်သူဟာ လေယာဉ်ပျက်ကျမှုထဲပါသွားခဲ့ပြီး သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ နှစ်ဦးသား ကတိသစ္စာပြုစီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာ ၁၁ ရက်နေ့မှာ သတို့သမီးအဖြစ် ပြင်ဆင်ချယ်သပြီး လက်ထပ်လက်စွပ်ကို ဆင်မြန်းထားခဲ့ပါတယ်။ သူမဟာ အဆိုပါဓါတ်ပုံကို အင်စတာဂရမ်ပေါ်တင်ခဲ့ပြီး −

မင်းကိုယ့်အနားမှာ မရှိတော့ပေမယ့် မင်းရဲ့ ညီမလေးက ကိုယ့်နားဘေးနားမှာ ရှိနေပြီး မင်းရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးပါတယ်။ ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေ” ဟူသော စာသားရေးသားခဲ့ပါတယ်။

သူမဟာ Bakti Timah ဆေးရုံရဲ့ စာရင်းဌါနမှာ အလုပ်လုပ်နေစဉ် သူမရဲ့ချစ်သူ ဆရာဝန် နဲ့ ဆုံးဆည်းခဲ့တာဖြစ်တယ်လို့ Strait Times သတင်းဌါနရဲ့ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

Lion Air JT610 ဂျားဗားပင်လယ်ထဲကို ပျက်ကျခဲ့မှုကြောင့် လေယာဉ်ပေါ်ပါ လူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ရပါတယ်။


14 Nov 2018     1,270 Views




RELATED

Most Popular of Special or Others

Most Popular of NEWS