BEC-TERO TV

လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ ဒဲ့တွေချည်းဆိုသွားတဲ့ ဆောင်ဦးလှိုင်ရဲ့ သ်ီချင်းသစ်

14 Nov 2018     1,573 Views


အဆိုတော် ဆောင်ဦးလှိုင် ဟာ လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့ လူ့ဘောင်လူ့လောက အကျိုးပြုတေးသီချင်းလေး တွေကို ဖန်တီးသီဆိုတတ်လေ့ရှိပါတယ် ။ ၉ ရက်နေ့က သူ၏ ဖော့စ်ဘုတ်မှတင်ပေးခဲ့တဲ့ “ခေတ် ” ဆိုတဲ့ သီချင်းဟာ လူမှုကွန်ယက်မှာအတော်လေး ရေပန်းစားခဲ့ပါတယ်။ ဒီသီချင်းမှာ ခေတ်ကာလနဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ ၊ ဆဲ ၊ ဆို နေကြတဲ ခေတ်ကြီးကို ပျော်စရာတွေလို့ ထင်နေတဲ့ လူတွေနဲ့ ၊ ကျွန်နုပ်တို့ လူမျိုးဟာ အရင်က မွန်မြတ်ယဉ်ကျေးလှတဲ့ လူမျိုး တွေအဖြစ်ကနေ အဆဲ ၊ အဆို တွေနဲ့ ပျော်မွေ့လာတာကို ဖန်တီးသီဆိုထားတာ ဖြစ်ပါတယ်။

သီချင်းကို သီဆိုရခြင်း ရည်ရွယ်ကို အဆိုတော် ဆောင်ဦးလှိုင် က “ ခေတ်…" ဆို တဲ့ သီချင်းကို ကျော်ကြားလိုကြသည်မှာသဘာဝ။ ကောင်းသတင်းဖြင့်ကျော်ကြားနိုင်အောင်ကြိုးစားပါ။ မကောင်းသတင်းဖြင့် မဟုတ်မဟတ်တွေကြောင့် မကျော်ကြားချင်ပါနဲ့ဗျာ…။ တဖြည်းဖြည်းနဲ့ ပျက်နေတာလဲတွေ့ရသလို လျှင်လျှင်မြန်မြန်ပျက်ကုန်ကြတာလဲအများအပြား… ခေတ်…သီချင်းဖြင့် နှိုးဆော် လိုက်ရခြင်းဖြစ်ကြောင်းရေးသားထားပါတယ် ။

ဆက်လတ်ပြီး ဆောင်ဦးလှိုင်က “ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်များ အောင်မြင်မှုကို ရှာဖွေတဲ့ အခါ ယဉ်ယဉ်ကျေးကျေး မွန်မွန်မြတ်မြတ် သိက္ခာရှိရှိ ရှာဖွေဖို့ကို လည်း ဒီသီချင်းလေးနဲ့ တင်ပြထားပါတယ် ။


14 Nov 2018     1,573 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS