BEC-TERO TV

ဦးနှောက်ဘယ်ဘက်အခြမ်း နှင့်ညာဘက်အခြမ်းကွာခြားပုံ

14 Nov 2018     2,113 Views


လူတွေရဲ့ ဦးနှောက်ဟာ ပုံမှန်အလေးချန် ၃ပေါင် ရှိပါတယ်။ သူ့မှာ သန်းပေါင်း တစ်သောင်း ခန့်ရှိတဲ့ နူရွန်ဆဲလ်လေးတွေပါဝင်ပြီး သန်းပေါင်း များစွာရှိတဲ့ သွေးကြောလေးများနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။
 
ဦးနှောက်မှာ ဘယ်ဘက်အခြမ်းနဲ့ ညာဘက်အခြမ်းဆိုပြီး အခြမ်းနှစ်ခြမ်းရှိပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ငယ်စဉ်ကတည်းကကျောင်းတက်ရင် ဒီလိုလူတွေရှိတယ် မဟုတ်လား။ တချို့ကျတော့လဲ သချင်္ာကြီးပဲတော်နေကြတာ၊ ကျက်စာကိုတစ်လုံးမှ မရဘူး။ တချို့ကျတော့လဲ ကျက်စာတော့ သေအောင်ကျက်နိုင်ပြီး သချင်္ာကို နည်းနည်းလေးမှမရ logic တွေနားမလည်။ ဒါကတော့ ဦးနှောက်ညာဘက်အခြမ်းအားသာ သူနဲ့ ဦးနှောက်ဘယ်ဘက် အခြမ်းအားသာသူ တို့ရဲ့ ကွဲပြားပုံပဲဖြစ်ပါတယ်။
 
ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်း အားသားမှု၊ လွှမ်းမိုးမှုခံရတဲ့ သူတွေကတော့ သတ်မှတ်ပြီးသား logic တို့ ကိန်းဂဏန်းတို့ကိုမှတ်သားတဲ့နေရာမှာ အားသာပြီး စကား လုံးအသစ် စဉ်းစားတဲ့နေရာမှာအားသာသူတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဦးနှောက် ဘယ်ဘက်အခြမ်းအားသာသူတွေဟာ လော့ဂျစ်ပိုင်း စဉ်းစားတာတော်လေ့ရှိပြီး ကိန်းဂဏန်းများကို ကြိုက်နှစ်သက်တာကြောင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်တာများကြပါတယ်။ ဦးနှောက်ဘယ်ဘက်အခြမ်းအားသာသူတွေဟာ လူအများကိုလွှမ်းမိုးရတာကြိုက်နှစ်သက်ကြပြီး့ ထက်မြက်တဲ့ လုပ်ငန်းဦးဆောင် သူတို့ social influencer တို့ ဘာတို့ဖြစ်ကြတာများပါတယ်။ ပုံမှန်အားဖြင့် သချင်္ာတော်သူတွေဟာ problem solving skill လို့ခေါ်တဲ့ ပြဿနာ ဖြေရှင်းနိုင်တဲ့စွမ်းရည် သူများတကာထက် မြင့်မားတာမို့ Negotiator (သို့) HR Manager များအဖြစ်များကြပါတယ်။
 
ဦးနှောက် ညာဘက်အခြမ်းအားသာသူတွေကတော့ စိတ်ခံစားချက်အတိုင်း ပြုလုပ်လေ့ရှိပါတယ်။ သူတို့က အနုပညာသမားတွေပါ။ စိတ်ကူးစိတ်သန်း ကောင်းတဲ့ သူများဖြစ်ကြပြီး နူးညံ့တဲ့စိတ်ထားကို ပိုင်ဆိုင်ကြသူများဖြစ်ပါတယ်။ သူတို့မှာ intuition ဆိုတဲ့အလိုလိုသိချင်း၊ တစ်ပါးသူရဲ့ ခံစားချက်ကိုသိမြင်နိုင်ခြင်း အစရှိတဲ့ အားသာချက်များ ရှိပါတယ်။ အရာအားလုံးကို ခြုံငုံတွေးတောနိုင်စွမ်းရှိပြီး ဂီတသံစဉ်များကို သင်ယူတဲ့အခါမှာလဲ ဘယ်ဘက်အခြမ်းအားသာသူတွေထက် သာလေ့ရှိပါတယ်။ ဦးနှောက် ညာဘက်အခြမ်းအားသာသူတွေဟာ သချင်္ာတို့ဘာတို့  ကိန်းဂဏန်းတွေကို ကြောက်လေ့ရှိပါတယ်။ ဒါကြောင့် ငယ်စဉ်ကစာမတော်သူ၊ စာညံ့ သူများဖြစ်လေ့ရှိကြပြီး အသက်ကြီးမှ အနုပညာ တစ်ခုခုမှာအောင်မြင် သူဖြစ်နေတာ မျိုး တွေရှိကြပါတယ်။ ကမ္ဘာကျော် အမျိုးသမီးပေါ့ပ်အဆိုတော် တေလာဆွစ်ဖ် ဟာဆိုရင် ငယ်စဉ်က ကျောင်းမှာ သချင်္ာညံ့တာကြောင့် သူငယ်ချင်းတွေရဲ့ လှောင်ပြောင် အနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ သူမဟာဦးနှောက် ညာ ဘက်အခြမ်းအားသာသူမို့ အနုပညာမှာ အောင်မြင်လာခဲ့ပါတယ်။ လူတိုင်းက သူ့နေရာနဲ့ သူပါပဲ။ သင်ဟာ ကျက်စာမှာအားနည်းလို့၊ တွက်စာမှာအားနည်းလို့ စိတ်ပူနေစရာမလိုပါဘူး။ တစ်ချိန်မှာ သင်ဟာသင့်ရဲ့ အားသားချက်ရဲ့ ကောင်းကျိုးတွေ ကိုခံစားရမှာဖြစ်ပါတယ်။
 
ကျွန်တော်တို့ လူတွေတော်တော်များများ ပြုလုပ်မိတဲ့ အမှားယွင်းဆုံးအပြုအမူကတော့ ကျွန်တော်တို့အားနည်းတဲ့အရာတွေမှာပိုအာရုံစိုက်ကြတာပါပဲ။ အဲ့ခါကျ ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ့်ရဲ့ တကယ့် ကိုယ်ရည်ကိုယ်သွေးကို တိမ်မြုပ်ပျောက်ကွယ်သွား စေပါတယ်။ ဥပမာ ငယ်စဉ်က သချင်္ာညံ့လို့ သချင်္ာကိုပဲဖိလုပ်တယ် မိဘတွေကရော ဆရာတွေကပါ သချင်္ာကိုပဲဖိလုပ်စေတယ် ကိုယ်ရတဲ့အရာ စာစီစာကုံးရေးတာတို့ဘာတို့ကျတော့ကိုယ့်အတွက်လွယ်ကူ တယ်ဆိုပြီး တမင် ပစ်ထားမိကြတာမျိုးတွေ ရှိကောင်းရှိလိမ့်မယ်။ ထိုအချိန်ကတည်းက သင်အားသာတဲ့ စာစီစာကုံးတွေဘာတွေကိုပဲအားစိုက်ပြီးလုပ်နေမယ်ဆိုရင် သင်ဟာ အခုချိန်မှာ စာရေးဆရာကောင်းတစ်ယောက်တောင်ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ လူတွေက ကိုယ့်အားသာချက်ကို မေ့ပျောက်နေကြပြီး အားနည်းချက်ကိုပဲ ဖိအားတွေနဲ့ မရမက ဆက်ကြိုးစားကြတယ်။ အဲ့တော့ဘာမှဖြစ်မလာဘူး။ ဖြစ်လာရင်လဲ မပျော်ရွှင်ရဘူး။
 
ဒီလိုပါပဲ သချင်္ာတို့ဘာတို့ လော့ဂျစ်ပိုင်းစဉ်းစားတာတွေတော်တဲ့လူတွေကလဲ စာစီစာကုံးတို့ eassy / letter တို့ Grammar တို့မှာမတော်ကြပါဘူး။ အပေါ်ကပြောခဲ့ သလိုပေါ့ ကျွန်တော်တို့ အားနည်းတာတွေကိုပဲဖိလုပ်မိတော့ အားသာချက်ကို မေ့လျော့ သွားကြတယ်။ အဲ့တော့ ကျွန်တော်တို့ မပျော်ရွှင်မှုတွေဖြစ်လာကြတယ်။ တကယ်လို့ သင်ဟာ သချင်္ာတွေဘာတွေမှာအားသာတဲ့လူတစ်ယောက်ဆိုရင် ထိုအရာကိုပဲ စိတ်ဝင်တစား အားထုတ်လုပ်ဆောင်လိုက်ရင် ယခုအချိန်မှာ လော့ဂျစ်ပိုင်းနဲ့ ပတ်သတ်ပြီး လုပ်ရတဲ့ computer software programmer တို့ engineer တို့ သချင်္ာ ပညာရှင်တို့ ဘာတို့ဖြစ်နိုင်ပါသေးတယ်။
 
ကိုယ့်ရဲ့ အားသာချက်ကို အခြေခံ ပြီး  ကိုယ်ရည်ကိုယ်သွေးတွေကို မြှင့်တင်နိုင်သူများဖြစ်ကြပါစေ။

14 Nov 2018     2,113 Views




RELATED

Most Popular of Health Fix

Most Popular of Life Style