BEC-TERO TV

သစ္စာရှင်ကြီးကို သိန်း ၁၂၀၀ ကျော်ပေးရန် ရှာဖွေနေတဲ့ သန်းကြွယ်သူဌေးမလေး

14 Nov 2018     1,290 Views


ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝပေမယ့် အချစ်ငတ်နေတဲ့ အသက် ၂၃ နှစ်အရွယ် သန်းကြွယ်သူဌေးမလေးက အထီးကျန်တဲ့ ဝေဒနာကို မခံစားနိုင်တော့ပဲ သူမအပေါ် သစ္စာရှိပြီး အနားမှာနေကာ အကြင်နာတွေပေးနိုင်တဲ့ မည်သည့် အမျိုးသားကိုမဆို တစ်နှစ်စာအဖြစ် စတာလင်ပေါင် ၆၀,၀၀၀ (ကျပ်သိန်း ၁၂၅,၀၅၇,၇၄၀) ပေးမည်ဟု လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံက အသက် ၂၃ နှစ်အရွယ် Jane Park ဆိုသူ အမျိုးသမီးဟာ သူမအသက် ၁၇ နှစ် ၂၀၁၃ ခုနှစ်မှာ ဗြိတိန်ရဲ့ထီဆုကြီး စတာလင်ပေါင် ၁ သန်း ဆွတ်ခူးခဲ့နိုင်ပြီးနောက် အသက်အငယ်ဆုံး ကံထူးရှင် မီလီယံနာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် အချစ်ရေးမှာတော့ သူမစိတ်တိုင်းကျ ကံမကောင်းနိုင်ခဲ့ပါဘူး။ အရင်ရည်းစားဟောင်းတွေဖြစ်ကြတဲ့ The X Factor ပြိုင်ပွဲဝင် ဖိုင်နယ်လစ် Sam Callahan နဲ့ ဘောလုံးသမား Jordan Piggott တို့နဲ့ အချစ်ရေးဟာ ပျော်ရွှင်စရာနဲ့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒီလို အသည်းကွဲခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး သူမအပေါ် သစ္စာရှိမယ့် ချစ်သူကိုသာ ရှာဖွေသွားမှာဖြစ်ပြီး အဲဒီအမျိုးသားကို တစ်နှစ်စာ စတာလင်ပေါင် ၆၀,၀၀၀ ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။

သူမအတွက် အကောင်းဆုံးဖြစ်မယ့် သစ္စာရှင်ရွေးချယ်မှုအတွက် ဝဘ်ဆိုက်တစ်ခု သီးသန့်ဆောက်ပြီး ရှာဖွေသွားမယ်လို့ သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။

Jane Park Instagram


14 Nov 2018     1,290 Views




RELATED

Most Popular of Special or Others

Most Popular of NEWS