BEC-TERO TV

ကော်ဖီကြိုက်တတ်သူများနဲ့ လက်ဖက်ရည်ကြိုက်တတ်သူတို့ရဲ့ကွာခြားချက်များ

14 Nov 2018     1,676 Views


ပုံမှန်အားဖြင့် ကော်ဖီကြိုက်တတ်သူ တော်တော်များများဟာ သူတို့ကိုယ်သူတို့ ထူးခြား ဆန်းပြားသူများလို့ ထင်မှတ်လေ့ရှိကြပါတယ်။ အမှန်တကယ်လဲ ထူးခြားဆန်းပြားပါတယ်။ သို့ပေမဲ့ ကော်ဖီကြိုက်သူများလို နောက်ထပ် ထူးဆန်းတဲ့ လက်ဖက်ရည်ကြိုက်သူများလဲ ရှိပါသေးတယ်။
 
ယေဘုယျအားဖြင့် ကော်ဖီနဲ့ လက်ဖက်ရည်တို့ဟာ ကဖိန်းဓာတ်ပါဝင်တာချင်းတော့ တူပေမဲ့ ၎င်းတို့ကိုသောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာတဲ့ ကြန်အင်လက္ခဏာတွေကတော့ ကွဲပြားကြပါတယ်။ သို့ဖြစ်၍ ကော်ဖီသောက်လေ့ရှိတဲ့ သူတွေနဲ့ လက်ဖက်ရည်သောက်လေ့ရှိသူတွေကြားကကွာခြားချက်ကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
 
၁။ ကော်ဖီကြိုက်သူတွေဟာ လက်ဖက်ရည်ကြိုက်သူတွေထက် ဝင်ငွေပိုကောင်းပါတယ်
 
အင်္ဂလန်နိုင်ငံမှာရှိတဲ့ စိတ်ပညာရှင်တွေဟာ ကော်ဖီကြိုက်နှစ်သက် သူတွေဟာလက် ဖက်ရည်ကြိုက်နှစ်သက်သူတွေထက် ဝင်ငွေပိုကောင်းကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လက်ဖက်ရည်ကြိုက်တတ်သူများဟာ လူအေးသမားများဖြစ်ကြပြီး အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြလေ့ရှိပါတယ်။ သူတို့ဟာ အေးဆေးသမားများမို့ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ ဦးဆောင်သူတွေဖြစ် မလာကြပါဘူး။ ကော်ဖီသောက်သူများတော့ အငြင်းသန်သူ၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန် သူတွေပဲဖြစ်ပါတယ်။ သူတို့ဟာ တစ်ပါးသူကိုလွှမ်းမိုးလိုစိတ်တွေပြင်းထန်တာကြောင့် ဦးဆောင်သူတွေဖြစ်လာတာများပါတယ်။ ဒါကြောင့်သူတို့ရဲ့ ဝင်ငွေဟာ လက်ဖက်ရည် ကြိုက်သူများရဲ့ အထက်မှာရှိတယ်လို့ဆိုလိုရခြင်းပဲဖြစ်ပါတယ်။
 
၂။ ကော်ဖီကြိုက်သူတွေဟာ လက်ဖက်ရည်ကြိုက်သူတွေလောက် ဖိအားမများကြပါဘူး
ကော်ဖီရောလက်ဖက်ရည်ပါ ကဖိန်းဓာတ်ပါဝင်တာချင်း တူကြပေမဲ့ လက်ဖက်ရည်ကြိုက်နှစ်သက်သူများဟာ ကော်ဖီကြိုက်နှစ်သက်သူများထက် ပိုပြီး စိတ်ဖိအားများတတ်ကြပါတယ်။ လက်ဖက်ရည်ကြိုက်နှစ်သက်သူများဟာ အလုပ်ထဲမှာဆိုရင် လုပ်ဖော်ကိုင် ဖက်များရဲ့ အလေးထားမှု၊ ဂရုစိုက်မှုတို့ကို လိုချင်သူများဖြစ်ကြပါတယ်။ ထိုသို့ဂရုစိုက်မှုအလေးထားမှုတို့ကို မရရင် စိတ်မကောင်းပြီး stress ပိသူများဖြစ်ကြပါတယ်။ ကော်ဖီသောက်သူများကလဲ အလားတူဆိုပေမဲ့ လက်ဖက်ရည်ကြိုက်သူများက ၁၂ ရာခိုင်နှုန်း stress ပိရင် ကော်ဖီ ကြိုက်သူများက ၁၀ ရာခိုင်နှုန်းလောက် stress ပိကြပါတယ်။
 
၃။ ကော်ဖီကြိုက်နှစ်သက်သူတွေက သူတို့ကိုမက်လုံးလာပေးတာမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။
 
လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကကော်ဖီကြိုက်နှစ်သက်သူ တစ်ဦးကိုသူလုပ်နေရတဲ့အလုပ်နဲ့ ပတ်သတ်ပြီး အကူအညီတောင်းမယ်ဆိုပါစို့။ ဒီတိုင်းအကူအညီတောင်းတာမဟုတ်ပဲ မင်းလိုချင်တဲ့ လက်ဆောင်ဝယ်ပေးမယ်တို့၊ စားချင်တာဝယ်ကျွေးမယ် တို့အစရှိတဲ့ မက်လုံးပေးတာမျိုးကို ကြိုက်နှစ်သက်လေ့ရှိကြပါတယ်။ ကော်ဖီကြိုက်သူတွေဟာ ခက်ခဲတဲ့အလုပ်တွေကို  ဆောင်ရွက်ပြီးရင်သူတို့ကိုယ်သူတို့ အကြိုက်ဆုံးအစားအစာ ကိုဝယ်စားတာပဲဖြစ်ဖြစ်၊ အရမ်းဝယ်ချင်နေတဲ့ အဝတ်အစားကိုဝယ်လိုက်တာပဲ ဖြစ်ဖြစ် လုပ်ဆောင်ပြီး စိတ်ကျေနပ်မှုကိုရယူကြပါတယ်။ ကိုယ့်ကိုယ်ကို မက်လုံးပေးလုပ်တာမျိုး ဥပမာ “ငါဒီနေ့ ဒီပရောဂျက်ကို မပြီးမချင်းလုပ်မယ် ပြီးသွားရင်ငါသွားချင်တဲ့ စျေးဝယ်စင်တာထဲလျှောက်သွားမယ် ” အစရှိတာမျိုးတွေပြုလုပ်လေ့ရှိကြပါတယ်။ လက်ဖက်ရည်ကြိုက်သူများကတော့ ဒီတိုင်းပါပဲ သူတို့ကို မက်လုံးတွေလာပေးတာမျိုးကိုစိတ်ဝင်စားလေ့မရှိကြပါဘူး။ သူတို့ကိုယ်သူတို့လဲ မက်လုံးပေးလေ့မရှိကြပါဘူး။
 
၄။ ကော်ဖီကြိုက်နှစ်သက်သူတွေဟာသူတို့ထင်မြင်ယူဆချက်တွေကိုမြင်သာအောင် မပြောတတ်ကြပါဘူး
လက်ဖက်ရည်ကြိုက်သူတွေဟာ လူအေးသမားတွေမို့ ပြဿနာ၊ အကြောင်းအရာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းနိုင်သူများဖြစ်ကြပါတယ်။ ဒီနေရာမှာတော့ ခေါင်းမာပြီး အငြင်းသန်တဲ့ကော်ဖီကြိုက်နှစ်သက်သူတွေကို မိုက်မဲ တယ်လို့ပြောရမှာပါ။ သူတို့ဟာ တစ်ပါးသူရဲ့ အကြံဉာဏ်ကိုအရင် လက်ခံနားထောင် ခြင်းမရှိပဲ သူတို့ဖြစ်ချင်တာတွေကိုပဲ ရှေ့တန်းတင်လေ့ရှိကြပါတယ်။ အများ နားလည်အောင် အေးဆေးတည်ငြိမ်စွာ ရှင်းပြတာမျိုးမရှိတဲ့အတွက် သူတို့ရဲ့ အကြံဉာဏ်တွေကိုဘယ်သူမှ လက်မခံကြပါဘူး။
 
၅။ ကော်ဖီကြိုက်သူတွေက ပိုပြီးကော်ဖီကိုအစွမ်းလမ်းကြီးကြပါတယ်
ဒီလိုပြောလို့ ကော်ဖီကြိုက်တဲ့သူပဲကော်ဖီကိုပဲ စွဲလမ်းမှာပေါ့လို့ မထင်လိုက်ပါနဲ့။  ကော်ဖီစွဲသူများက ကော်ဖီကိုနေ့စဉ်မသောက်ရမနေနိုင်ဖြစ်လေ့ဖြစ်ထ ရှိကြပြီး လက်ဖက်ရည်ကြိုက်သူများကတော့ အဲ့လိုမဟုတ်ကြပါဘူး။ ကော်ဖီစွဲလမ်းသူများကို  ကော်ဖီနဲ့ လက်ကိုင်စမတ်ဖုန်း ၂ ခုထဲကတစ်ခုရွေးခိုင်းပြီး စိတ်ပညာအရလေ့လာစမ်းသပ်ကြည့်တဲ့အခါမှာတော့ စမတ်ဖုန်းကိုစွန့်လွှတ်ပြီး ကော်ဖီ ကိုရွေးချယ်ကြသူတွေများပြားကြောင်းတွေ့ရှိရပါတယ်။ လက်ဖက်ရည်ကြိုက်သူများကတော့ မသောက်ရမနေနိုင်ဖြစ်နေတာမျိုးမဟုတ်ပဲ သူတို့ နေ့စဉ်လှုပ်ရှားဖို့အတွက် ကဖိန်းဓာတ်ရဲ့ လှုံ့ဆော်မှုကို နှစ်သက်သဘောကျလို့သောက်ကြခြင်းပဲဖြစ်ပါတယ်။
 
၆။ ကော်ဖီကြိုက်သူတွေဟာလက်ဖက်ရည်ကြိုက်သူတွေထက် အမြဲနောက်ကျလေ့ရှိပါတယ်
ကော်ဖီစွဲသူများဟာ မနက်သူတို့ ကော်ဖီသောက်နေရလို့အချိန်နောက်ကျသွားတာမျိုး ကိုစိတ်မဝင်စားကြပါဘူး။ သူတို့ဟာ အလုပ်(သို့) သူငယ်ချင်း၊ ချစ်သူတို့နဲ့ ချိန်းထားရင် အမြဲနောက်ကျတတ်ကြပါတယ်။ အင်္ဂလန်နိုင်ငံမှာ ကော်ဖီသောက်သူများဘာကြောင့် နောက်ကျတတ်သလဲဆိုတာကို အဖြေရှာကြည့်တဲ့အခါမှာတော့ ကော်ဖီကို စိမ်ပြေနပြေ ခံစားချက်အပြည့်နဲ့ သောက်နေတာကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။
 
၇။ ကော်ဖီကြိုက်သူများဟာ သူတို့ကိုယ်သူတို့စိတ်အခြေအနေပုံမှန်မဟုတ်ဘူးလို့ထင်ကြပါတယ်

ကော်ဖီကြိုက်နှစ်သက်သူတွေဟာ စိတ်မရှည်ကြပါဘူး။ ကားမီးပွိုင့်မှာအကြာကြီးစောင့်နေရတာမျိုးတို့ KFC မှာတန်းစီပြီး စောင့်ရတာမျိုးတွေက သူတို့အတွက်သက်တောင့်သက်သာ မဖြစ်စေပါဘူး။ စိတ်တိုလွယ်၊ စိတ်ဆိုးလွယ်တဲ့ type ကိုပိုင်ဆိုင်ထားတတ်ပါတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ လက်ဖက်ရည်ကြိုက်တတ်တဲ့ လူအေးသမားများနဲ့ ယှဉ်မိတဲ့အခါမှာပုံမှန်မဟုတ်ဘူးလို့ထင်လာကြပါတယ်။


14 Nov 2018     1,676 Views




RELATED

Most Popular of Health Fix

Most Popular of Life Style