BEC-TERO TV

"မီ" နဲ့ပတ်သက်လို့ မြန်မာ့ရုပ်ရှင်လောကကို ခပ်ကြမ်းကြမ်းဝေဖန်လိုက်တဲ့ မင်းမော်ကွန်း

14 Nov 2018     1,589 Views


လတ်တလော မြန်မာ့ရုပ်ရှင်လောကနဲ့ လူထုပရိသတ်များကြား ဝေဖန်မှုတွေဖြစ်ပေါ်နေတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စားရေးဆရာမကြီး ဒေါ်ကြည်အေးရဲ့နာမည်ကြီးဝတ္တုကို ဒါရိုက်တာဏကြီးမှ ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အကယ်ဒမီသရုပ်ဆောင် ပိုင်ဖြိုးသုမှ “မီ” ဇာတ်ကောင်အဖြစ်အကောင်းဆုံးပုံဖော်သရုပ်ဆောင်ထားပေမယ့် “မီ” ရဲ့ဇာတ်လမ်းအရ ဆေးလိပ်သောက်၊ အရက်သောက်ပြတဲ့ အခန်းတွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်လောကရဲ့ဆင်ဆာပိုင်းနဲ့ ငြိစွန်းနေခဲ့ကာ ကြည့်ရှုသူအချို့ပရိသတ်တွေကြားဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်။ “မီ” ကိုရှုံ့ချနေသူတွေကြောင့် အချို့သောအနုပညာရှင်တွေကိုယ်တိုင် ပိုင်ဖြိုးသုအတွက် စိတ်မကောင်းဖြစ်နေလို့နေကြပါတယ်။ ထိုထဲတွင် ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းမှလဲ “မီ” နဲ့ပတ်သက်လို့ မြန်မာ့ရုပ်ရှင်လောကကို ခပ်ကြမ်းကြမ်းဝေဖန်ပြောဆိုလိုက်ပါတယ်။



မင်းမော်ကွန်းပြောလိုက်တာကတော့ “အော် ရုပ်ရှင်…. အားလုံး ကိုကြောက်နေရတဲ့ ရုပ်ရှင်…. လွပ်လပ်စွာဖန်တီးဖို့ထားဦး… ဆေးလိပ်သောက်ရုံနဲ့တင် $တိုင်ပါတ်နေရတဲ့ $ရေးမပါတဲ့ မြန်မာ့ရုပ်ရှင်” ဆိုကာ ပြောဆိုရေးသားလိုက်တာပဲဖြစ်ပါတယ်။




ရုပ်ရှင်သရုပ်ဆောင်မင်းမော်ကွန်းဟာဆိုရင် မြန်မာ့အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင် အောင်မြင်စွာရပ်တည်နေသူဖြစ်ပြီး ပရိသတ်တွေရဲ့ခိုင်မာတဲ့ချစ်ခြင်းမေတ္တာတွေကိုရရှိထားသူဖြစ်ပါတယ်။ အသက်အရွယ်ရလာပေမယ့် ရုပ်ရည်ပိုင်းမှာတော့ မပြောင်းလဲပဲနုပျိုနေတာကြောင့် ပရိသတ်တွေကချစ်စနိုးနဲ့ ကိုကြာနုလို့ ခေါ်ဝေါ်ခြင်းခံရသူလဲဖြစ်ပါတယ်။ မင်းမော်ကွန်းကတော့ ပရိသတ်တိုင်းကြိုက်နှစ်သက်ကြတဲ့ နှင်းဆီအငြိမ့် ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွေကိုလဲ အဆက်မပြတ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။


14 Nov 2018     1,589 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment