BEC-TERO TV

အမျိုးသမီးအား ဓါးဖြင့်ထောက် ချစ်ခွင့်ပန်သူအား မဟာအောင်မြေမြို့မရဲစခန်းမှအမှုဖွင့် အရေးယူ

15 Nov 2018     2,016 Views


၁၄-၁၁-၂၀၁၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃xသိပ္ပံလမ်းကြားတွင် လှိုင်မင်းအောင် ၂၀ နှစ်၊ အိုးဘိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှ မxxxx အား လူငယ်သဘာဝချစ်ခွင့်ပန်ရာ ပြန်လည်ချစ်ကြိုက်ခြင်း မရှိသဖြင့် ဓားကိုင်ကာလည်ပင်းအားထောက်ပြီး အဖြေတောင်းနေစဉ် မဟာအောင်မြေ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိ၍ သက်သေခံ ဓားဦးချွန် ၁ ချောင်း အား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့


15 Nov 2018     2,016 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS