BEC-TERO TV

နေရောင်ခြည်မှာပါဝင်တဲ့ ဗီတာမင် D ကခန္ဓာကိုယ်အလေးချိန်ကိုလျော့ချပေးနိုင်

15 Nov 2018     1,984 Views


ဗီတာမင် D ကိုတစ်နည်းအားဖြင့် fat-Soluble vitamin လို့ခေါ်ပါတယ်။ ဆိုလိုတာက အဆီတွေကို ပျော်ဝင်စေပြီး အရည်အဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။
 
လူတစ်ယောက်အတွက် အရိုးအစစ်များကို သန်မာစေပြီး သွားများကိုခိုင်မာစေဖို့ ဗီတာမင် D ကို ကိုလိုအပ်ပါတယ်။
 
ပုံမှန်အားဖြင့် ဗီတာမင် D ကိုစားသောက်ကုန်တော်တော်များများမှာပါဝင်လေ့မရှိပဲ နေရောင်ခြည်မှာသာ ပါဝင်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်ဟာ Vitamin D ကိုရရှိလိုလျှင် နေရောင်ခြည်မှာ အနည်းဆုံး ၅ မိနစ်မှ အများဆုံး မိနစ် ၃၀ အထိ နေရောင်ခံရမည်ဖြစ်ပါတယ်။ ထိုအချိန်အပိုင်းအခြားလောက် နေရောင်ခြည်ကိုခံယူပါက ဗီတာမင် D ပမာဏ 600 IU (15 mcg) ကိုရရှိမှာပဲ ဖြစ်ပါတယ်။
 
သို့ပေမဲ့ အီကွေတာနဲ့ဝေးတဲ့ အအေးပိုင်းဒေသမှာနေထိုင်တဲ့လူတွေကတော့  နေရောင်ခြည် ကိုကောင်းမွန်စွာမရရှိတဲ့အတွက် ဗီတာမင် D ဓာတ်ချို့ယွင်းကြပါ တယ်။ ထိုသို့သော ဒေသတွေမှာ ဗီတာမင် D ကို တစ်နှစ်ပတ်လုံးမရရှိနိုင်ပဲ ၆ လမျှသာရရှိနိုင်တာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့လူဦးရေ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းဟာ ဗီတာမင် D ချို့ယွင်းနေကြပါတယ်။ ဘယ်လိုလူတွေက ဗီတာမင် D ဓာတ်လျော့နည်း ကြသလဲဆိုတော့ သက်ကြီးရွယ်အိုတွေ၊ မနက်စာမစားသူတွေ၊ အနက်ရောင်အသား အရည်ရှိသူနဲ့ အညိုရောင်အသားရောင်ရှိသူတွေ၊ နေရောင်ခြည်နဲ့ထိတွေ့ရမှာကြောက်သူ တွေပဲဖြစ်ပါတယ်။
 
၁။ ဗီတာမင် D ဟာခန္ဓာကိုယ်အလေးချိန်လျော့ချတဲ့နေရာမှာအထောက်အကူဖြစ်ပါတယ်။

ဗီတာမင် D ဆိုတာဆယ်ကျော်သက်တွေအတွက် ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးစေတဲ့ နေရာမှာအဓိကအထောက်အကူပြုပါတယ်။ အထူးသဖြင့် အရိုးအဆစ်တွေ သန်မာထွားကြိုင်းဖိုု့ပေါ့။ သို့ပေမဲ့ ဗီတာမင် Dဟာ ကိုယ်ခန္ဓာကြီးထွားစေတဲ့နေ ရာမှာ အထောက်အကူပြုသလို ကိုယ်အလးချိန်လျော့ချတဲ့နေရာမှာလဲ အထောက်အကူပြုပါတယ်။ နေရောင်ခြည်ကို ခံရုံနဲ့ကိုယ်အလေးချိန် ကျမယ့်ကိစ္စရပ်မို့ တကယ်ကိုစိတ်ဝင်စားစရာပါပဲ။ အမှန်တကယ်တော့ အဝလွန်ခြင်းဟာ နေရောင်ခြည်နဲ့ထိတွေ့တာ နည်းပါးပြီး ဗီတာမင် D ချို့တဲ့တာကြောင့် လဲပါဝင်ပါတယ်။ ဒါကြောင့် ရောဂ ကျင့်စဉ် ကျင့်သူတွေဟာ မနက်စောစော နေရောင်ခြည်အောက်မှာ လေ့ကျင့်လေ့ရှိကြပါတယ်။ လူတော်တော်များများဟာနေပူဒဏ်ကိုမခံနိုင်ကြတာမို့ မနက်စောစော နေခြည်နွေးနွေးအောက်မှာ လေ့ကျင့်ခန်းလုပ်လေ့ရှိကြပါတယ်။ ဒါကလဲ ဗီတာမင်ဓာတ်ကို ရရှိစေပြီး ခန္ဓာကိုယ်အလေးချိန်လျော့ချစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ဗီတာမင် D ဟာအဆီများကိုလောင်ကျွမ်းစေတဲ့နေ ရာမှာလဲ အထောက်အကူပြုပါတယ်။ ဒါကြောင့် နေပူထဲအလုပ်လုပ်တဲ့ အလုပ်ကြမ်းသမား တွေကိုကြည့်လိုက်ရင် သူတို့မှာအဆီပိုတွေမရှိပဲ တောင့်တင်းကျစ်လစ် နေတာတွေ့ရပါလိမ့်မယ်။
 
သုတေသီများက  နေရောင်အောက်မှာ ဝိတ်ချ လေ့ကျင့်ခန်းလုပ်သူများနဲ့ အရိပ်အောက်Gym အခန်းထဲမှာ လေ့ကျင့်ခန်းလုပ်သူများကို လေ့လာကြည့်တဲ့အခါမှာတော့ နေရောင်ခြည်အောက်မှာ လေ့ကျင့်ခန်းလုပ်သူများက ပျမ်းမျှ ၇ ပေါင် ဝိတ်ပိုကျတာကိုတွေ့ရပါတယ်။ ထိုနည်းလမ်းအတိုင်း ၁၂ ပတ်တိတိလေ့ လာကြည့်တဲ့အခါမှာတော့ နေရောင်အောက်မှာ လေ့ကျင့်ခန်းလုပ်သူများက အဆီကျတာ ပိုမိုမြန်ဆန်ကြောင်း တွေ့ရှိပါတယ်။
 
၂။ ကိုယ်အလေးချိန်လျော့ချဖို့ ဗီတာမင် D ဘယ်လိုကူညီသလဲ?
 
လူ့ ခန္ဓာကိုယ်ထဲကို ဗီတာမင် D ဝင်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီလုံးကို ချေဖျက်ပစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် D ကအစာချေဖျက်နိုင်တဲ့ ဆဲလ်တွေကိုထုတ်ပေးတဲ့ serotonin ဓာတ်တစ်မျိူးကို မြှင့်တင်ပေးပါတယ်။ seronin ဆိုတာကတော့ စားချင်စိတ်ဖြစ်ပေါ်လာတာကို လျော့နည်းစေပြီး အလျင်အမြန် ဗိုက်ပြည့်စေတဲ့ ဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် လိုအပ်တာထက် ပိုပြီးမစားမိတဲ့အတွက် ကယ်လိုရီတက်လာမှာကိုလဲမပူရတော့ပါဘူး။
 
စိတ်တိုခြင်း၊ ကြည်နူးခြင်း၊ တက်ကြွခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အိပ်ချင်လာခြင်း တို့ကိုဖြစ်ပေါ်စေတဲ့ ဦးနှောက် အတွင်းမှာရှိတဲ့ neurotransmitter ထဲမှာမှာ အိပ်ချင်စေတဲ့ ဓာတ်ကိုထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် ဗီတာမင် D အပြည့်အဝရရှိထားသူတွေဟာ အများထက်ညအချိန်မှာ ပိုမိုမြန်ဆန်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေ့ရှိကြပါတယ်။
 
၃။ လူတစ်ယောက်မှာ ဗီတာမင် D ဘယ်လောက်လိုအပ်ပါသလဲ?

ပုံမှန်အားဖြင့် အသက် ၁၉ နှစ်မှ ၇၀ ကြား လူတစ်ယောက်မှာ တစ်ရက်ကို ဗီတာမင် D 600IU လိုအပ်ပါတယ်။
 
လူခန္ဓာကိုယ်အလေးချိန် ၁ ပေါင်မှာ ဗီတာမင် D 32 IU မှ 36 IU အချိုးရှိနေသင့်ပါတယ်။ ကိုယ်ခန္ဓာအလေးချိန်ပေါ်မူတည်ပြီး ဗီတာမင် D ဝင်ရောက်နှုန်းကလဲ ကွဲပြားပါတယ်။ အမြင့်ဆုံး ဗီတာမင် D ဝင်ရောက်မှုကတော့ 4000 IU ပဲဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓာကိုယ်မှာရှိတဲ့ ဗီတာမင် D ပမာဏက 4000 IU ထက်ကျော်နေပြီဆိုရင်တော့ သင်ဟာဆရာဝန်နဲ့ ဆွေးနွေးဖို့လိုနေပါပြီ။

15 Nov 2018     1,984 Views




RELATED

Most Popular of Health Fix

Most Popular of Life Style