BEC-TERO TV

Facebook အရာရှိတွေကို Android ဖုန်းပဲသုံးရန် မာခ့်ဇူကာဘတ် အမိန့်ထုတ်

15 Nov 2018     1,321 Views


Facebook တည်ထောင်သူ မာခ့်ဇူကာဘတ် က သူ့ကုမ္ပဏီရှိ အုပ်ချုပ်သူအရာရှိများအားလုံး Android ဖုန်းပဲ အသုံးပြုဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ နယူးယော့ခ်တိုင်းမ်းစ် သတင်းဖော်ပြချက်အရ Apple ရဲ့ အမှုဆောင်အရာရှိချုပ် Tim Cook က MSNBC ရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ Facebook ရဲ့ လုံခြုံရေးအားနဲချက်အပေါ် ဝေဖန်ပြောဆိုခဲ့ပြီးနောက် အခုလို အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအင်တာဗျူးမှာ Facebook က မဲဆွယ်ကာလတုန်းက သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်လက် ပေါက်ကြားခဲ့မှုနဲ့ ပက်သက်ပြီး Tim Cook ကို အကယ်၍ ဇူကာဘတ် နေရာမှာသာ မင်းဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းကို Tim Cook က ပြန်မဖြေပဲ “ငါကတော့ ဘယ်တော့မှ အဲလိုအခြေနေမျိုး ဖြစ်မှာဟုတ်ဘူး” လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလိုဖြေကားခဲ့တဲ့အပေါ် ဇူကာဘတ်က “Tim Cook ဟာ တော်တော်လေး စကားကြွယ်တယ်” လို့ အခြား အင်တာဗျူးမှာ ပြန်လည်ချေပခဲ့ပါတယ်။ Tim Cook က သူကို့ ဘာတွေများ နစ်နာအောင် ဝေဖန်ခဲ့လို့ အခုလို ရုံးဝန်ထမ်းတွေကို Android ပဲ သုံးကြပါလို့ အမိန့်ထုတ်ခဲ့တယ်ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရပါဘူး။

စမတ်ဖုန်း Android စနစ်ဟာ တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာ ဖြစ်ပြီး နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Snap ကလည်း သူ့ရဲ့ဝန်ထမ်းတွေကို Android ဖုန်းပဲ သုံးကြဖို့ တိုက်တွန်းထားပါတယ်။

မာခ့်ဇူကာဘတ် က အခုလို အမိန့်ထုတ်ထားပေမယ့် ကုမ္ပဏီရဲ့ ထိပ်တန်းအရာရှိအချို့ကတော့ iPhone သုံးနေဆဲ ဖြစ်တာကို တွေ့နေရတဲ့အတွက် လုပ်ငန်းထဲမှာ အပြည့်အဝသက်ရောက်တာမျိုး ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာအတွက် ကိုယ်ကြိုက်တာကိုယ်သုံးနေကြတာလည်း ဖြစ်နိုင်ပါတယ်။


15 Nov 2018     1,321 Views




RELATED

Most Popular of International News

Most Popular of NEWS