BEC-TERO TV

ကလေးငယ်များ လုံလာက်သည့် အိပ်စက်မှုမရှိပါက ဦးနှောက်ကို အန္တာရယ် ပေးနိုင်

16 Nov 2018     1,599 Views


ကလေးငယ်များ လုံလာက်သည့် အိပ်စက်မှုမရှိပါက ဦးနှောက် နှင့် ကိုယ်ခန္ခာဖွံဖြိုးမှု ပြသာနာများဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေး လေ့လာဆန်းစစ်ချက်အရသိရသည်။ မိခင်များက အလေးဂရုစိုက်သင့်ကြောင်း ဖော်ပြထားပါတယ်။
 
အရွယ်မရောက်သေးသည် ကလေးငယ်များသည် ညဖက်တွင် လုံလောက်သည် အိပ်စက်ခြင်း မရှိသည်အခါ ဦးနှောက် မှတ်ညဏ်နည်းပါးခြင်း ၊ ကိုယ်ခန္ခာဖွံဖြိုးမှု နှေးကွေးခြင်း ဆိုးကျိုးများဖြစ်စေနိင်တာကြောင့် မိခင်များ အနေဖြင့် အထူးအလေးထား ဂရုတစ်စိုက် ရှိသင့်ပါတယ်။

မိခင်ပေါင်း ၃၈၈ ဦး၏ ကလေးငယ်တို့ကို သုတေသီများ လေ့လာဆန်းစစ်မှု အရ ၅၇ ရာခိုုင်နုုန်းသသော ကလေးငယ်တွေဟာ မိခင်၏ စောင့်ရှောက်မှုအောက် အပြည့်အဝ မရဘူးလို့ ဆိုပါတယ် ။ ၆ လအရွယ် ကလေးငယ် တို့ကို မိခင်နှင့် နီးနီးစပ်စပ် ရှိစေပြီး အိပ်ချိန် အနည်းဆုံး ၆နာရီခန့်ရှိသင့်ပါတယ် ။ မွေးကင်းစ နေ ၆ လအထိ အရွယ်မှာ ကလေးငယ် ဟာ အိပ်ချိန်အပြည့်အဝနဲ့ မိခင်၏ နို့ချိုတိုက်ကျွေးမှု အဓိက လိုအပ်နေချိန်ဖြစ်ပါတယ်။


စိန့်ဂျိုးဇက် တက္ကသိုလ်၏ ပါမောက္ခတစ်ဦးက “အိပ်စက်ခြင်းက လူကြီး ၊ လူငယ်မရွေး အလွန်အရေးကြီးပါတယ်။ အထူးသဖြင့်ကလေးငယ်တွေမှာ အိပ်စက်ခြင်းကို ပိုဂရုစိုက်သင့်ပြီး အိပ်စက်ချိန်နည်းပါးပါက ဆိုးကျိုးတွေ အများကြီး ရှိပါတယ် ။ အခုခေတ်မှာ တစ်ချို့မိဘ တွေကလေးတွေကိုဂရုစိုက်မှု အားနည်းပါတယ် ။ ဖုန်း ၊ တပ်ဘလပ် ၊ လပ်တော့ တို့ဖြင့် အချိန်ကုန်စေခြင်း ၊ အလုပ်မှာအာရုံစိုက်စေခြင်း ၊ ကလေးထိန်း စသဖြင့် အဆင်ပြေသလို ထားတတ်ကြပါတယ် ၊ ဒါ တစ်ကယ်ကို ဆိုရွားပါတယ် ၊ ဒီအရွယ်ကလေးတွေက မိခင်၏ထိန်းကြောင်းမှုအောက်မှာ ရှိနေသင့်တာဖြစ်ပြီး မိခင်များအနေဖြင့် အလေးအနက်ထားသင့်ကြောင်း” ပြောကြားထားပါတယ်။
 
ကျန်းမာရေး သုတေသီ ဒေါက်တာ မစ်ဒဲစ် က “ အိပ်စက်ခြင်းကို အလေ့အကျင့် အနေနဲ့လုပ်ပေးသင့်ပြီး အိပ်ချိန်အပြည့်အဝ အိပ်စေဖို့ မိခင်များ ဦးဆောင်လမ်းပြစေချင်တယ် ” လို့ ပြောပါတယ်။
 
Source: Reuters

16 Nov 2018     1,599 Views




RELATED

Most Popular of Health Fix

Most Popular of Kids & Family