BEC-TERO TV

Miss World 2018 ပြိုင်ပွဲမှာ voting အရမ်းနည်းနေတဲ့အလှမယ်ဟန်တီ

16 Nov 2018     1,292 Views


တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sanya မြို့မှာကျင်းပတဲ့ Miss Word 2018 ပြိုင်ပွဲကြီးဟာဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ ထိုပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့အလှမယ် ဟန်တီက သွားရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။ ဟန်တီဟာ Miss World 2018 ကိုသွားရောက်ယှဉ်ပြိုင်ဖို့အတွက် နိုဝင်ဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။

အဆိုပါ Miss World 2018 ပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၁၁ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲစစချင်းမှာဟန်တီဟာကရင်ဒုံးယိမ်းအက နဲ့ယှဉ်ပြိုင်ခဲ့ပေမဲ့ ရိုးရာလက်ဝှေ့အကနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ထိုင်းနိုင်ငံ အလှမယ်က ရွေးချယ်ခံခဲ့ရပါတယ်။

ဒုတိယ challenge အနေနဲ့ Head to Head Challenge တစ်ဦးချင်းမေးခွန်းမေးရတဲ့ အဆင့်မှာတော့ အလှမယ်ဟန်သီဟာ vote မဲအရေအတွက်အရမ်းနည်းပါးနေတဲ့အတွက် သူမအမေက ဟန်တီကို vote ပေးကြဖို့ ဖေ့ဘွတ်ခ်စာမျက်နှာမှာပို့စ်တင်ရေးသားခဲ့ပါတယ်။ ဟန်သီ့အမေဖြစ်သူအနေနဲ့ ဟန်သီကို vote ပေးရင် ဖုန်းဘေလ်များဖြည့်ပေးမယ်ဆိုပြီး သမီးအတွက်စည်းရုံးရေးဆင်းနေခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ voting ကိုတော့ Mob Star Application ကနေ vote ပေးရတာဖြစ်ပြီး မြန်မာနိုင်ငံကလူများအနေနဲ့ အဆိုပါ app နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသေးတာကြောင့် voting နည်းရခြင်းဖြစ်တယ်လို့ ဟန်တီအမေက ရှင်းပြထားပါတယ်။ လက်ရှိမှာ တော့နီပေါနိုင်ငံမှ အလှမယ်နဲ့ မက်ဆီကိုနိုင်ငံမှ အလှမယ်တို့ကထိပ်ဆုံးကို ရောက်ရှိနေပြီး သူတို့ရရှိတဲ့ မဲအရေအတွက်တွေက သောင်းဂဏန်းဖြစ်ပါတယ်။ မြန်မှာအလှမယ် ဟန်တီကတော့ ထောင်ဂဏန်းသာရှိသေးတဲ့အတွက် ဒါဟာစိတ်ပူစရာကိစ္စရပ်တစ်ခုပါ။

Miss World ပြိုင်ပွဲကြီးကတော့ရေကူးဝတ်စုံနဲ့ ပြိုင်စရာမလိုပဲ ကမ္ဘာ့အလှမယ်လောကမှာရှေးအကျဆုံးအမျိုးသမီးများကိုတန်ဖိုးထားပြီး ပြင်ပအလှတစ်ခုတည်းသာမကပဲ Beauty with pure pose ပင်ကိုယ်စိတ်ထားအလှ ကူညီရိုင်းပင်းတတ်တဲ့စိတ်ထားရှိသူများကို အဓိကထားတဲ့ အလှမယ်ရွေးချယ်ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။

ဟန်တီကတော့ ၂၀၁၂ မှစတင်ကာ Miss လောကကိုဝင်ရောက်ခဲ့တာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ကာဆုများစွာရရှိခဲ့ပါတယ်။ အဆိုပါဆုများထဲကမှ အကြီးမားဆုံးအနေနဲ့ ၂၀၁၄ ခုနှစ်က ပိုလန်နိုင်ငံမှာကျင်းပတဲ့ Miss Supernational Internet ဆုနဲ့ Miss Supernational Asia and Oceania Crown တို့ကိုရရှိခဲ့ပါတယ်။



16 Nov 2018     1,292 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS