BEC-TERO TV

အမိုက်စားဘော်ဒီကနေ ဗိုက်ပူကြီးအဖြစ် အံ့သြလောက်အောင်ပြောင်းလဲသွားတဲ့ ကျော်ကျော်ဗိုလ်

16 Nov 2018     1,718 Views


ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်ကတော့ အနုပညာမျိုးရိုးကဆင်းသက်လာသူဖြစ်ပြီး ကိုယ်တိုင်လဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်အောင်သရုပ်ဖော်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်အပြင် လူရွှင်တော်၊ ဇာတ်မင်းသား စတဲ့ အနုပညာရပ်တွေမှာလဲ အကောင်းဆုံးပုံဖော်နိုင်သူဖြစ်တဲ့ ကျော်ကျော်ဗိုကတော့ စွယ်စုံရအနုပညာရှင်တစ်ယောက်လဲ ဖြစ်ပါတယ်။


ယောကျာ်းတစ်ယောက်ရဲ့ရှိသင့်တဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတဲ့ကျော်ကျော်ဗိုလ်ဟာဆိုရင် လက်ရှိမှာဗိုက်ပူကာ ပုံပျက်ပန်းပျက်ဖြစ်နေတာကိုတွေ့ရပါတယ်။ အခုလို ဗိုက်ပူဝတုတ်ဖြစ်သွားရတဲ့ အကြောင်းကတော့ နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကောင်သစ်အတွက် ကြိုးစားပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်။


“စိန်ခေါ်နေတဲ့ဇာတ်ကောင် Character တိုင်းအတွက် " ရုပ် " ရော " နာမ် " ရော အဆင်သင့်ဖြစ်ဖို့ကြိုးစားနေတယ် ။ 2019 “ Memories Of Tomorrow “ အတွက် ကျွန်တော်အဆင်သင့်ဖြစ်ခါနီးပြီ” ဆိုကာ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားတဲ့ပုံရိပ်တွေကို သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အမိုက်စားဘော်ဒီကို ပြောင်းလဲပြီး ကျရာဇာတ်ရုပ်ကိုပီပြင်အောင်ကြိုးစားနေတဲ့ ကျော်ကျော်ဗိုလ်ကတော့ ပရိသတ်အတွက် အကောင်းဆုံးအနုပညာတွေကို ချပြနိုင်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုတာ ထင်ရှားပေါ်လွင်နေပါတယ်နော်....



ကျော်ကျော်ဗိုဟာဆိုရင် မကြာသေးခင်က MRTV-4 ရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့ မနေ့ကဖြစ်သည် ၂ ဇာတ်လမ်းတွဲထဲမှာ ဦးသီဟအဖြစ်နဲ့ ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားသူဖြစ်ကာ လက်ရှိရုံတင်ပြသနေပြီဖြစ်တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလဲ အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။


16 Nov 2018     1,718 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment