BEC-TERO TV

ကျောင်းအုပ်ကြီးရဲ့ဖောက်ပြန်မှုကို ဖော်ထုတ်သူ အမျိုးသမီး ထောင် ၆ လကျ

19 Nov 2018     1,513 Views


အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူမအလုပ်လုပ်နေတဲ့ ကျောင်းမှ ကျောင်အုပ်ဆရာကြီးနဲ့ ကျောင်းရဲ့ဘဏ္ဍာရေးဌါနမှ အမျိုးသမီးတစ်ဦးတို့ရဲ့ ဖောက်ပြန်နေတဲ့ ရုပ်သံကို ဖော်ထုတ်ခဲ့ပြီးနောက် ပါးရိုက်ခံခဲ့ရကာ ထောင်ဒဏ် ၆ လအပြင် သန်းရာနဲ့ချီတဲ့ ငွေဒဏ်ပါ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။


၂၀၁၂ ခုနှစ်က လွန်ဘောက်ကျွန်းရှိ ကျောင်းတစ်ကျောင်းမှာ စတင်ခဲ့တဲ့ အမှုမှာ အသက် ၃၆ နှစ်အရွယ် Baiq Nuril Maknun ဆိုသူ အမျိုးသမီးက ကျောင်းအုပ်ဆရာကြီးနဲ့ အဆိုပါကျောင်းမှ အမျိုးသမီးတစ်ဦးတို့ရဲ့ ဖောက်ပြန်မှုအတိအကျကို ရုပ်သံမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

အဲဒီနောက် သူမရဲ့ အခြားလုပ်ဖော်ကိုင်ဖက် တစ်ဦးက ဟန်ဆောင်ကောင်းတဲ့ ဆရာကြီးရဲ့ အကျင့်တန်ပုံ၊ တဏှားရူးပုံတို့ကို လူသိရှင်ကြားဖြစ်အောင် ဖြန့်ဝေရန် တိုက်တွန်းခဲ့တယ်လို့ သူမရဲ့ ရှေ့နေဖြစ်သူ Joko Jumadi က ပြောကြားခဲ့သည်။

အဆိုပါရုပ်သံ ပျံ့နှံ့ခဲ့ပြီးနောက် ကျောင်းအုပ်ကြီးက သူမကို အလုပ်မှ ထုတ်ခဲ့ပြီး အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ အမှုရင်ဆိုင်ကြရာမှာ လွန်ဘောက် ဒေသခံတရားရုံးမှ အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားသေလွှတ်ခဲ့ပါတယ်။

ဒါကို ကျောင်းအုပ်ကြီးက မကျေနပ်ပဲ အင်ဒိုနီးရှားရဲ့ အမြင့်ဆုံးတရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးမှ စစ်ဆးခဲ့ပြီးနောက် ပြီးခဲ့တဲ့ သောကြာနေ့က Maknun ကို ဆက်သွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ အင်ဒိုနီးရှားရူပီး သန်း ၅၀၀ (ကျပ်သိန်း ငါးရာကျော်) ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။


ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် Maknun က တရားမျှတမှုမရှိကြောင်း၊ သူမက ဘာအမှားမလုပ်ရပဲ သားကောင်ဖြစ်ခဲ့ရကြောင်း ငိုယိုပြောဆိုခဲ့သည်။ လွန်ဘောက်မှာရှိတဲ့ အစိုးရရှေ့နေရုံးကတော့ Maknun ပြစ်ဒဏ်မကျခံရမီ အမှုကို ပြန်လည်သုံးသပ်မှုတွေ လုပ်သွားမယ်လို့ AFP သတင်းဌါနကို ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံတရားစီရင်ရေး ခြစားမှုအပေါ် ဝေဖန်မှုတွေရှိနေတာကြာပြီဖြစ်ပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး ဥပဒေထွက်လာခဲ့ပြီး ယင်းဥပဒေကို အလွဲသုံးစား လုပ်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။


19 Nov 2018     1,513 Views




RELATED

Most Popular of International News

Most Popular of NEWS