BEC-TERO TV

ဗီယက်နမ်အသင်းနှင့် ပွဲစဉ် အချက်အလတ်နှင့် မြန်မာအသင်းအတွက် မျှော်လင့်ချက်

19 Nov 2018     1,395 Views


မနက်ဖြန် ညနေ ၆ နာရီမှာ မြန်မာအသင်းဟာ ဆူဇီးကီး တတိယမြောက် အုပ်စုပွဲစဉ်အဖြစ် ဗီယမ်နမ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပါတယ် ။ မြန်မာ အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်နှစ်စလုံး အနိုင်ရထားခဲ့ပေမဲ့ မနက်ဖြန်ညမှာ တော့ အုပ်စုရဲ့ အတောင့်အတင်းဆုံးဖြစ်တဲ့ ဗီယက်နမ် အသင်း ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ် ။

ဗီယက်နမ် အသင်း အခြေအနေ
ဗီယက်နမ် အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ် နှစ်ပွဲစလုံးအနိုင်ရထာပြီး ရမှတ် ၆ မှတ်နဲ့မြန်မာအသင်းနှင့် ရမှတ် ဂိုးကွာခြားချက်ဖြင့် အုပ်စု ဒုတိယ နေရာမှာရပ်တည်နေပါတယ်။ ဗီယက်နမ် အသင်းဟာ အုပ်စုမှာ အတောင့်တင်းဆုံး အသင်းဖြစ်သလို့ တိုက်စစ်က ဂိုးတွေမြူးနေပြီး ခံစစ်က ဂိုးပေးထားရခြင်း မရှိပါဘူး။ ဗီယက်နမ် အသင်းဟာ မြန်မာအသင်း ၏ အိမ်ကွင်းမှာ လာရောက် ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားရဖိုရှိနေပြီး လွယ်လွယ်ကူကူ အနိုင်ယူပြနိုင်ဖို့မလွယ်ပါဘူး ။ မြန်မာနှင့် ပွဲစဉ်ပြီးရင် အသင်းငယ် လာအို အသင်းနှင့်ယှဉ်ပြိုင်ကစား ရမှာဖြစ်တာကြောင့် အုပ်စုတစ်နေရာအတွက် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်နေပြီလို့ပြောလို့ရပါတယ်။ ဗီယမ်နမ် အသင်းအတွက် ၂ ဂိုးသွင်း၂ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်တဲ့ အသက်၃၃ နှစ်အရွယ် တိုက်စစ်ကစားသမား Nguyen Anh Duc ကို ပို၍အဓိကထိန်းချုပ်ကစားသွားဖို့လိုပါတယ်။


မြန်မာ အသင်း အခြအနေ
မြန်မာအသင်းဟာ ကမ္ဘောဒီးယား ၊ လာအို အသင်းကို အနိုင်ရရှိခဲ့ပေမဲ့ မြန်မာအသင်းအတွက် အဆုံးအဖြတ်ပေးမဲ့ ပွဲစဉ် နှစ်သင်းက တော့ ဗီယက်နမ် အသင်းနှင့် မလေးရှား အသင်းတို့ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေရရှိနေပေမဲ အုပ်စုအဖွင့် ပွဲစဉ်နှစ်ပွဲစလုံးမှာ ပေးဂိုးတွေရှိနေခဲ့ပြီး မြန်မာဂိုးသမား ကျော်ဇင်ထက် ကောင်းလို့သာ ပေးဂိုးတွေးနည်ပါးခဲ့တာဖြစ်ပါတယ် ။ ဗီယက်နမ် အသင်းနှင့်ပွဲစဉ်မှာ မြန်မာအသင်းအနေဖြင့် ခံစစ်ပိုင်းကို အဓိက ပြင်ဆင်သွားဖို့လိုအပ်နေပါတယ်။တစ်ကယ်တမ်းပြောရရင် မြန်မာအသင်းအတွက် ပြိုင်ပွဲက အခုမှစတာပါ။ မြန်မာအသင်းက ဗီယက်နမ် အသင်းကို အနည်းဆုံး သရေ ကစားနိုင်ဖို့လို့အပ်နေပြီး ဗီယက်နမ်ကိုအရေးနိမ်ခဲ့မယ်ဆိုရင် မြန်မာလည်း (၆)မှတ်၊ မလေးလည်း (၆)မှတ်ပါပဲ။ ဒီအတွက် သူတို့နှစ်သင်းထိပ်တိုက်တွေ့မယ့်ပွဲက အဆုံးအဖြတ် ဖြစ်လာမှာပါ။ မြန်မာက ဗီယက်နမ်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားပါပဲ။ လက်ရှိအနေအထား အရတော့ အနိုင်ယူဖို့က ခက်ခဲမယ်လို့ မှန်းဆရပါတယ်။ ဒါပေမယ့်လည်း ဘာမဆိုဖြစ်သွားနိုင်တဲ့ ဘောလုံးပွဲတွေဖြစ်တာမို့လို့ အကောင်းဘက်ကလှည့်တွေးလို့လည်း ရပါသေးတယ်။ နောက်တစ်ချက်က မြန်မာအသင်းအနေနဲ့ သွင်းဂိုးများများရထားတဲ့ အားသာချက်ပါ။ ထိပ်တိုက်တွေ့ဆုံမှုနဲ့ ဆုံးဖြတ်မှာမဟုတ်ပဲ ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်မှာမို့လို့ ရဂိုး (၄)ဂိုး နဲ့ ပေးဂိုး (၃)ဂိုး ရှိထားတဲ့ မလေးရှားထက် မြန်မာက အသာစီးရနေလို့ပါ။မြန်မာ အသင်း က အိမ်ကွင်းအားသာချက်ကြောင့် ဗီယမ်နမ်အသင်းကို ဘယ်လို့ အနိုင်ယူသွားမလဲ ဆိုတာလည်း စိတ်ဝင်းစားဖို့ကောင်းပါတယ်။


ထိုနှစ်သင်း တွေ့ဆုံမှု
မြန်မာအသင်းနှင့် ဗီယမ်နမ် အသင်းတို့တွေ့ဆုံမှုမှာ ဗီယမ်နမ်အသင်းက အသာရခဲ့တာတွေ့ရတယ် ။ ၂၀၁၀ ခုနှစ်နောက်ပိုင်း နောက်ဆုံး ၄ ကြိမ်တွေ့ဆုံမှုမှာ မြန်မာအသင်းက တစ်ကြိမ်သာ သရေကျထာပြီး ၃ ကြိမ်အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ အခု သမိုင်းကိုပြောင်ပြန်လှန်ပြီး အိမ်ကွင်းမှာ အနိုင်ယူပြနိုင်ဖို့ အခွင့်အရေး ရခဲပြီလို့ဆိုရမယ်။


ကျွန်တော်တို့ မြန်မာအသင်းအတွက် မျော်လင့်ချက်
နှစ်ပွဲလုံးမှာ မြန်မာအသင်းနည်းပြ အန်တွန်နီဟေးက လူစာရင်းပိုင်းကို အပြောင်းအလဲတွေလုပ်ပြီး ကစားခဲ့သလို လူစားလဲမှုတွေကိုလည်း တွန့်ဆုတ်မနေပဲ ရဲရဲဝံ့ဝံ့နဲ့ လုပ်ပြခဲ့ပါတယ်။ ဆုံးဖြတ်ချက်ပြတ်သားပြီး ပွဲချိန်အနေအထားကို သိပ်ဂရုမစိုက်ပဲ သူစိတ်တိုင်းကျဖြစ်စေမယ့် ပွဲအနေအထားကို ရဖို့အတွက်ပဲ အန်တွန်နီဟေးက ဂရုစိုက်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီအချက်က အခု လာအိုနဲ့ ကစားခဲ့တဲ့ ပွဲမှာ အကျိုးသက်ရောက်ခဲ့ပြီး အီစိုးနေရာကို အစားဝင်လာတဲ့ ထက်ဖြိုးဝေက တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးနိုင်တာကို တွေ့ခဲ့ရမှာပါ။ ဘာပဲဖြစ်ဖြစ် ရှေ့နှစ်ပွဲလုံးကို အကောင်းဆုံးပုံစံနဲ့ မြန်မာတို့ ဖြတ်သန်းခဲ့ပြီးပါပြီ။ လက်ကျန်ခရီးတစ်ဝက်အတွက် အန္တရာယ်လမ်းကိုလည်း အကောင်းဆုံးဖြတ်ကျော်နိုင်လိမ့်မယ်လို့ မျော်လင့်ရင်း ကျွန်တော်တို့ မြန်မာအသင်း အုပ်စု မှ ကွာတား မှ ၊ ကွာတားမှ .......


19 Nov 2018     1,395 Views




RELATED

Most Popular of Football

Most Popular of Sport