BEC-TERO TV

တစ်ရွာထဲနေသူ အမျိုးသားနှစ်ဦးက အလိုမတူပဲ အကြိမ်ကြိမ် အဓ္ဓမပြုကျင့်

19 Nov 2018     1,388 Views


ဈေးရောင်းရာမှ ဆိုင်သိမ်းပြီး ပြန်လာသော အမျိုးသမီးတစ်ဦးကို တစ်ရွာထဲနေ အမျိုးသားနှစ်ဦးက အဓ္ဓမဆွဲခေါ်ကာ လမ်းဘေးတွင် အလိုမတူပဲ သားမယားအကြိမ်ကြိမ်ပြုကျင့်ခဲ့မှုတစ်ခု လှိုင်သာယာမြို့နယ် ညောင်ကျေးရွာ၌ နိုဝင်ဘာလ ၁၁ ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က မ----------- သည် ညောင်ရွာ မေတ္တာလမ်းရှိ အစ်မဖြစ်သူ၏ အထည်ဆိုင်တွင် ဈေးကူရောင်း၊ ဆိုင်သိမ်းပြီး နေအိမ်သို့ တစ်ဦးတည်းလမ်းလျှောက်ပြန်လာခဲ့စဉ် ညောင်ရွာလမ်းမအရောက်၌ တစ်ရွာထဲတွင် နေထိုင်သူ ငမိုး ဆိုသူ လိုက်လာပြီး သူမအားစကားပြောချင်၍ လိုက်ခဲ့ရန် ပြောဆိုကာ အတင်းလက်ဆွဲခေါ်သွားခဲ့သည်။

လမ်းတွင် တစ်ရွာထဲနေသူ ခင်မောင်းလင်း က ဆိုက္ကားနင်းလာသည်။ လမ်ထိပ်အမှိုက်ပုံနား အရောက်တွင် ငမိုးက အနီးရှိ သံပုံကြီးပေါ်သို့ အမျိုးသမီးကို တွန်းလှဲချကာ အပေါ်မှတက်ခွပြီး ဝတ်ဆင်ထားသော ဘောင်းဘီအား အတင်းဆွဲချွတ်သည့်အပြင် ဝဲ/ယာ ပါးအားနမ်းခြင်း ပါးစပ်စုပ်ခြင်း ဝဲ/ယာ ရင်သားအား လက်ဖြင့်ပွတ်သပ်ပြီး အလိုမတူဘဲသားမယားအဖြစ်(၁)ကြိမ် (၁၅)မိနစ်ခန့် ပြုကျင့်ခဲ့သည်။ ထိုစဉ် ခင်မောင်းလင်း ဆိုသူက ဆိုက္ကားပေါ်တွင် ထိုင်စောင့်နေခဲ့သည်။

ထိုနောက် ငမိုး မှ ခင်မောင်လင်း၏ ဦးလေးအိမ်သို့ သွားမည်ဟု ပြောကာလက်ဆွဲခေါ်သွားခဲ့သည်။ ခင်မောင်လင်းက ဆိုက္ကားနင်းကာ နောက်မှ လိုက်လာခဲ့သည်။ ဦးရွှေတင်လမ်းအရောက် ဂိုဒေါင်အနီးအရောက်တွင် ရေမြောင်းအနီးချုံပုတ်ထဲသို့ ငမိုး က တွန်းလှဲကာ ထပ်မံ၍ အလိုမတူပဲ သားမယားအဖြစ် ဒုတိယအကြိမ် (မိနစ်(၂၀)ခန့်) ပြုကျင့်ခဲ့သည်။

ထို့နောက် ခင်မောင်လင်း က ငမိုး အား ရေသန့်ဗူး သွားဝယ်ဟုပြောဆိုသဖြင့် ငမိုး က ဆိုက္ကားဖြင့် ရေသန့်ဗူးဝယ်ထွက်သွားစဉ် ခင်မောင်လင်း မှာ မိမိအား အပေါ်မှ တက်ခွကာ မိမိ၏ဘောင်းဘီအား ဆွဲချွတ်သည့်အပြင် အတွင်းခံအင်္ကျီကိုပါချွတ်ပြီး ရင်သားများကို ပွတ်သပ်ကိုင်တွယ်ကာ သားမယားအဖြစ်(၁)ကြိမ် (၁၀)မိနစ်ခန့် ပြုကျင့်ခဲ့သည်။ ခဏအကြာတွင် ထပ်မံ၍ နောက်တစ်ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


ဖြစ်စဉ်နဲ့ ပက်သက်၍ အလိုမတူပဲ အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့သူ ငမိုး (၂၇ နှစ်) မေတ္တာလမ်း ညောင်ရွာနေသူနှင့် ခင်မောင်လင်း (၂၂ နှစ်) ဆိပ်ကမ်းသာလမ်း ညောင်ရွာနေသူတို့အား ဥပဒေအရ အရေးယူပေးပါရန် မ--------------- က တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် ငမိုး နှင့် ခင်မောင်လင်းတို့ (၂)ဦးအား လှိုင်သာယာမြို့မရဲစခန်း မှ (ပ)၄၂၉၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


သတင်း − NyiNyi (လှိုင်သာယာ)


19 Nov 2018     1,388 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS