BEC-TERO TV

ရိုက်ကွင်းအတွက် ကျူးဘားသို့သွားရောက်ခဲ့ကြတဲ့ဆောင်းဟယ်ကျိုနဲ့ ပတ်ဘိုဂွန်မ်

20 Nov 2018     1,219 Views


နာမည်ကြီးဇာတ်လမ်းတွဲများကို ထုတ်လွှင့်တဲ့ tvN ရုပ်သံလိုင်းမှ မင်းသမီးကြီး ဆောင်းဟယ်ကျို(အွန်စော) နဲ့ မင်းသားပတ်ဘိုဂွန်မ်တို့ရဲ့ ဇာတ်လမ်းတွဲအသစ်ကို စတင်ထုတ်လွှင့်တော့မှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းတွဲနာမည်ကတော့ Encounter ပါ။ Encounter ဆိုတဲ့ အဓိပ္ပါယ်လေးကတော့ အသစ်၊အဆန်း(သို့) ပြန်လည်ဆုံစည်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းတွဲလေးကလဲ နာမည်လိုပါပဲ အသစ်အဆန်းတွေကို ရှာဖွေနေတဲ့ ချာဆူးဟွန်းအဖြစ်မင်းသမီး ဆောင်းဟယ်ကျိုဟာ သူမဘဝမှာသူမ ကိုယ်ပိုင် ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပဲ ဦးစားပေးခဲ့ရတဲ့ သူအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒါကြောင့်အသက်အရွယ်ရလာတော့ သူမကိုယ်သူမပြန်လည်ရှာဖွေဖို့ အသစ်အဆန်းများကိုရှာဖွေဖို့ လောကကြီးထဲကို တစ်ကိုယ်တော်ခြေဆန့်ခဲ့ပါတယ်။ မင်းသားပတ်ဘိုဂွန်မ်ကတော့ သာမန် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့လူငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကိုယ့်စိတ်ကိုဘယ်တော့မှမလွှတ်ပဲ၊ နှလုံးသားစေညွှန်ရာကို မလိုက်ပဲစည်းတွေဘောင်တွေထဲမှာပဲနေထိုင်ခဲ့တဲ့ သူမနဲ့ လွတ်လပ်ပေါ့ပါးတဲ့ သူတို့ တွေ့ဆုံတဲ့အခါမှာဘယ်လိုဖြစ်လာမလဲ?

ဒီဇာတ်လမ်းတွဲဟာဆိုရင်တော့ ကျူးဘားသမ္မတနိုင်ငံမှာ သွားရောက်ရိုက်ကူးတဲ့ပထမဆုံး ကိုးရီးယား ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ Encounter ရဲ့ ရိုက်ကူးရေးအဖွဲ့သားများဟာ လွတ်လပ်ပေါ့ပါးပြီး စိတ်ကူးယဉ်ဆန်တဲ့ပ နေရာမျိုးကို ရှာဖွေနေရင်းက တောက်ပတဲ့ အရောင်အဝါ လွတ်လပ်တဲ့ခံစားချက်တို့နဲ့ ပြည့်ဝနေတဲ့ ကျူးဘားကိုရှာတွေ့ခဲ့ပါတယ်။ ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးတယ်ဆိုတာကလဲ နောက်ခံ ကအရေးကြီးလှတယ်မဟုတ်ပါလား။

Encounter ဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးအဖွဲ့သားများဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျူးဘားသမ္မတနိုင်ငံရဲ့ မြို့တော် ဟာဗားနားသို့ သွားရောက်ပြီး ရိုက်ကူးရေးကိုစတင်ခဲ့ ကြပါတယ်။ ရိုက်ကူးရေးအဖွဲ့သားများဟာ မြို့တော် ဟာဗားနားမှာ တစ်လ တိတိရိုက်ကူးရေးအချိန်ကြာမြင့်ခဲ့ပါတယ်။

ဟာဗားနားမြို့တော်ဟာ ရှေးဟောင်းမြို့တော်ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများ၊ လမ်းများနဲ့ လွမ်းမောဖွယ်ကောင်းသော မြင်ကွင်းများ၊ ထူးဆန်းအံ့သြဖွယ်မြင်ကွင်းများနဲ့ပြည့်ဝနေပါတယ်။ Encounter ဇာတ်လမ်းတွဲ ရဲ့ သရုပ်ဆောင်များနဲ့ ရိုက်ကူးရေးအဖွဲ့သားများဟာ ဒီလိုလွမ်းမောဖွယ်ကောင်းတဲ့ နောက်ခံ ဝန်းကျင်ကိုအခြေခံပြီး ဇာတ်လမ်းကိုအသက်သွင်းခဲ့ကြပါတယ်။ ရိုက်ကွင်းနေရာများကိုလဲ ဟာဗားနားမြို့တော်ရဲ့ အထင်ကရကမ်းခြေဖြစ်တဲ့ Malecon beach မှာသွားရောက်ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် ကျူးဘားရဲ့ နာမည်အကြီးဆုံးဟိုတယ်တစ်ခုဖြစ်တဲ့ Nactional de Cuba မှာလဲ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ ကြည့်ရှုသူပရိတ်သတ်များကလဲ ဆောင်းဟယ်ကျို နဲ့ ပတ်ဘိုဂွန်မ်တို့က အသက်ကွာခြားလှတာကြောင့်သူတို့ ဘယ်လိုလိုက်ဖက်ညီညီ သရုပ်ဆောင်ကြမလဲဆိုတာ အင်မတန်မှစိတ်ဝင်စားနေကြပါတယ်။ ဒါတင်မက ပတ်ဘိုဂွန်မ်ဟာ မင်းသမီးဆောင်းဟယ်ကျိုရဲ့ ခင်ပွန်းဖြစ်သူ ဆောင်ဂျွန်ကီရဲ့ ရင်းနှီးချစ်ခင်ရတဲ့ ညီငယ်တစ်ယောက်ဖြစ်တာကြောင့် ဆောင်ဂျွန်ကီအနေနဲ့ ဇနီးဖြစ်သူကိုဒီဇာတ်လမ်းတွဲရိုက်ကူးဖို့ သဘောတူခဲ့တာဖြစ်မယ်လို့လဲ လူထပရိတ်သတ်က ထင်ကြေးတွေပေးနေကြပါတယ်။ 


20 Nov 2018     1,219 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS