BEC-TERO TV

Instagram မှာ followers အများဆုံးရရှိထားတဲ့ထိုင်းအနုပညာရှင်များ

20 Nov 2018     1,455 Views


ထိုင်းနိုင်ငံက အနုပညာရှင်များဟာဆိုရင်အာရှနိုင်ငံတစ်ဝှမ်းမှာ လွှမ်းမိုးထားနိုင်နေတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကပါပဲ။သူတို့ဟာ နိုင်ငံတကာက အနုပညာရှင်များနဲ့ ရင်ဘောင်တန်းနိုင်သူများဆိုရင်လဲမမှားပါဘူး။ ဒါ့အပြင် ထိုင်းနိုင်ငံက လူငယ်အများစုဟာ KPOP ရဲ့ လွှမ်းမိုးခြင်းကိုခံထားရတာကြောင့် တောင်ကိုးရီးယားသို့ သွားရောက်ပြီး entertainment များမှာ audition ဖြေကြလေ့ရှိကြပါတယ်။ audition အောင်သူများက တောင်ကိုးရီးယားမှာအဆိုတော်လုပ်ခွင့်ရကြတာဖြစ်ပါတယ်။ ထိုသို့ အောင်မြင်ပြီး ထိုင်းမှာရော ကိုးရီးယား မှာပါအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များလဲရှိပါတယ်။ သူတို့ကတော့ Nickhun(2pm), BamBam (Got7), Sorn(CLC), Ten(NCT), Lisa (Black Pink) နဲ့ Minne (G-idle) တို့ပဲဖြစ်ပါတယ်။ ဒါတွေအပြင် ထိုင်းနိုင်ငံက မင်းသားကြီး Ong Bak (မြန်မာအခေါ် ဝမ်ဘတ်) ရဲ့ ဘုရားခိုးဂိုဏ်းဇာတ်ကားများဆိုရင် ကမ္ဘာကျော်အောင် နာမည်ကြီးခဲ့တဲ့ဇာတ်ကားများ မဟုတ်ပါလား။ Pee Mak ရုပ်ရှင်ဇာတ်ကား၊ Make me shadder တို့ အစရှိတဲ့ သရဲကားများနဲ့လဲ နာမည်ကြီးခဲ့ကြတာမဟုတ်ပါလား။ Nickhun ပါဝင်သရုပ်ဆောင်ထားတဲ့ Brother of the year ရုပ်ရှင်ဇာတ်ကားကလဲ အရမ်းပေါက်ခဲ့တာမို့ ရုပ်ရှင်နယ်ပယ်မှာတော့ ထိုင်းနိုင်ငံဟာ အများနိုင်ငံတွေနဲ့အတူရင်ဘောင်တန်းနိုင်ပြီလို့ဆိုရမှာပါပဲ။

ဒါကြောင့် ထိုင်းနိုင်ငံက အနုပညာရှင်များဟာ နိုင်ငံတကာကသိရှိအားပေးသူပရိတ်သတ်များပြားတာကြောင့် instagram မှာ followers များတာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် Instagram မှာ followers အများဆုံးထိုင်း အနုပညာရှင်ဆယ်ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်။

1. Lisa(Blackpink) (9,861,372 followers)

2. Aum Patchrapa (9,770,080 Followers)

3. GOT 7’s Bambam (8,364,818 Followers)

4. Chompoo Araya (8,037,221 Followers)

5. Mai Davika (7,970,491 Followers)

6. Yaya Urassaya (7,254,115 Followers)

7. Boy Pakorn (7,089,286 Followers)

8. Woonsen Virithipa (6,983,355 Followers)

9. Ploy Chermarn (6,927,405 Followers)


10. Margie Rasri (6,806,338 Followers)

 

သင်ရော ဒီလူတွေကို instagram မှာ follow လုပ်ထားပြီးပြီလား?


20 Nov 2018     1,455 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS