BEC-TERO TV

ရွှေမြင်းရုပ်ရှင်ဆုပေးပွဲမှာ ဂယက်ထခဲ့တဲ့ တိုင်ပေနဲ့ တရုတ်ပြည်မကြီးရဲ့ တင်းမာမှုများ

20 Nov 2018     1,295 Views


နိုဝင်ဘာလ ၁၇ ရက်နေ့မှာကျင်းပပြီးမြောက်ခဲ့တဲ့ Taipei အခြေစိုက် Golden Horse Awards ( ရွှေမြင်းဆုပေးပွဲ) နှင့် နောက်ဆက်တွဲ နိုင်ငံရေးအငြင်းပွားမှု ဝဲဂယက်များဖြစ်ပွားခဲ့ပါတယ်။


တရုတ်ပြည်မကြီးဟာ ဖျော်ဖြေရေးနဲ့ ရုပ်ရှင်ဇာတ်ကားများကြောင့် နာမည်ကြီးပေမဲ့  နိုင်ငံရေးသဘောထားတင်းမာမှုတွေကြောင့် တော်တော်အမြင်ကတ်၊ မှတ်ကျောက်တင်ခံရတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့တင်းမာမှုတွေများစွာထဲကတစ်ခုကတော့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့အရေးအခင်းပါပဲ။ ထိုင်ဝမ်ဟာ ကိုးဆယ်ကျော်ကာလတွေထဲက People Republic of China, တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကနေ တရုတ်သမ္မတနိုင်ငံ, Republic of China ဆိုပြီး ခွဲထွက်ခဲ့တာကြာပြီပေါ့။ ဒါပေမယ့် ပြည်မကြီးဟာ Taiwan လို့ ညွှန်းစရာရှိရင် Taiwan, China လေးပါ ထည့်လိုက်ရမှ ကျေနပ်တဲ့အမျိုးဖြစ်နေတုန်းပဲ။ ( နှစ်ခုလုံးက Chinaတွေဖြစ်နေတဲ့အတွက် Taiwan, China လို့သုံးရင်မရှင်းမရှင်းဖြစ်လို့ထိုင်ဝမ်ကို ပြည်မကြီးလက်အောက်ကပဲဖြစ်တယ်လို့ အများစုကမှတ်ယူ ယူလိုက်ကြတယ်။ )

အစဉ်အလာဝင့်ထည်တဲ့ ရွှေမြင်းပွဲဟာ Taipei, Taiwan အခြေစိုက် တရုတ်စကားပြောရုပ်ရှင်များအားလုံးကိုစိစစ်ပြီး ဆုပေးတဲ့ပွဲဖြစ်ပါတယ်။ နိုင်ငံရေးအငြင်းပွားမှုတွေအများကြီးရှိနေလည်း ပြည်မကြီးအပါအဝင် ဟောင်ကောင်ဘက်က သရုပ်ဆောင်တွေ၊အသိပညာရှင်အတတ်ပညာရှင်တွေဟာ ရွှေမြင်းဆုကို ဂုဏ်ယူစွာ ရယူခဲ့ကြတဲ့ သမိုင်းကြောင်းတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း ထုံးစံအတိုင်း ဆုပေးပွဲလုပ်တဲ့အတွက် ပြည်မကြီးကလူတွေအများကြီးလာတယ်။ ထိုပွဲမှာ မြန်မာပြည်မှာ ဂေါင်းလီလို့ နာမည်ကြီးတဲ့ မင်းသမီးကြီး Gong Li  ၊Hu Ge (Nirvina in fire, မိစ္ဆာချိန်သီး) ဆိုရင် အစီအစဉ်တင်ဆက်သူတောင်လုပ်လိုက်သေးတယ်၊ ZhouXun ( Painted Skin,Ruyi's royal love in the palace) ဆိုရင် Best Actress nomination ဝင်လို့ ပွဲတက်တယ်၊ Deng Chao ( လူငယ်ပေါင်ချိန် ၃၊ the four, the mermaid) နဲ့ သူ့မိန်းမ SunLi ( Painted Skin, Legend of MiYue) တို့ဆိုရင် The Shadowဆိုတဲ့ ရွှေမြင်းမှာဆုတွေအများကြီးသိမ်းတဲ့ သူတို့ရဲ့ Shadowဆိုတဲ့ ဇာတ်လမ်းကြောင့် ပွဲတက်လာကြတယ်။ ပြောချင်တာက ပြည်မကြီးရဲ့နာမည်ကြီးတွေတော်တော်တော်များများလာကြတယ်။

ထိုပွဲမှာ မင်းသမီးကြီးဂေါင်းလီဟာ ရုပ်ပေါက်တဲ့အပြုအမူတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ သူ့ကို ဆုကြေညာ၊ဆုချီးမြင့်ပေးဖို့ အထင်ကရ အသက်ကြီး ပုဂ္ဂိုလ်တစ်ယောက်နဲ့နှစ်ယောက်တွဲစီစဉ်ထားတာမို့ ထိုပုဂ္ဂိုလ်က စင်ပေါ်ရောက်သွားပြီ သူက နေရာကမထလာဘူး။ တက်လာပေးပါပြောတော့လည်း မဲ့ပြရွဲ့ပြနဲ့ မလေးမစားပြုမူခဲ့ပါတယ်။ ပြည်မကြီးလွှမ်းမိုးကလူတော်တော်များများ အသုံးပြုတဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ် Weibo မှာဆိုရင်တော့ မင်းသမီးဂေါင်းဝေရဲ့ အပြုအမူကို ချီးကျူးနေကြပါတယ်။

အရင်နှစ်တွေတုန်းက ဆုလက်ခံရဖူးတဲ့ ပြည်မကြီးဝါရင့် သရုပ်ဆောင်အိုကြီးတစ်ယောက်ကလည်း “ဒီနေ့ကျင်းပတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်ဝမ် ရဲ့ ရွှေမြင်းပွဲ.....” ဆိုပြီး အစချီလိုက်တော့ ထိုအဖိုးကြီးရဲ့ မိန့်ခွန်းကို ပြည်မကြီးပရိတ်သတ်များက အားတက်သရောချီးကျူးကြပါတယ်။

သူတို့နဲ့ ဆန့်ကျင်ဘက်က Best Documemtary ဆုရတဲ့ ဖူယွဲ့ ဆိုတဲ့ ထိုင်ဝမ်နိစ် အမျိုးသမီးတစ်ယောက်ပြောတဲ့ ကျေးဇူးတင်စကားပါ။ အဲ့ဒီမှာ ထိုင်ဝမ်ဟာ သူတစ်လူငါတစ်မင်းသော၊ တရုတ်ပြည်မကြီးနှင့်မဆိုင်တဲ့ သီးသန့်နိုင်ငံ Individual ဖြစ်ကြောင်းကိုပညာသားပါပါ ပြောဆိုသွားပါတယ်။ ဒါကို ပြည်မကြီး ပရိတ်သတ်များက ဒေါသထွက်တဲ့ မှတ်ချက်တွေတစ်ပုံတပင်ပေးကြတယ်။ ကောမန့်တစ်ခုဆိုရင် ''မနက်ဖြန် အိပ်ယာကထဖို့သေချာလုပ်ရမယ်။ ဖူယွဲ့ ရဲ့ ပြောစကားကို အားရပါးရလက်ခုပ်တီးတဲ့ အနုပညာရှင်တွေရဲ့ပုံရိပ်တွေကို တင်ကြတော့မှာ'' အစရှိသဖြင့် ရှုံ့ချပြောဆိုကြပါတယ်။  ပြောချင်တာက ဖူယွဲ့ကို အားပေးအားမြောက်ပြုတဲ့သူတွေသေဖို့သာပြင်ထားဆိုတဲ့ သဘောဖြစ်ပါတယ်။

အဲ့ဒီ့ကိစ္စတွေနဲ့အတူ ဖြစ်လာတာကတော့ Celebrities' campaign လို့ ခေါ်ရမလားမသိတဲ့ #中国点都不能少# '' ဆိုတဲ့ အကြမ်းဖျင်းအဓိပ္ပါယ် '' တရုတ်ပြည်အပိုင်နယ်မြေများ နည်းနည်းလေးမှ အလျော့မခံ '' ဆိုတဲ့ Hashtagနဲ့အတူ ထိုင်ဝမ်ပါ ပါဝင်တဲ့ တရုတ်ပိုင်နယ်နမိတ်ပြမြေပုံကို နာမည်ကြီး အနုပညာရှင် တွေအကုန်လုံးနီးပါး ပို့စ်တင်ကြတဲ့ကိစ္စပါ။ ထိုင်ဝမ်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပိုင် နယ်မြေတစ်ခုပါပဲ၊ နည်းနည်းလေးတောင်ပဲ့ပါသွားမခံနိုင်ဘူး လို့ ဆိုလိုခြင်းပဲဖြစ်ပါတယ်။

ပြည်မကြီးကသရုပ်ဆောင်၊အဆိုတော်၊ အနုပညာဂီတရပ်ဝန်းက အားလုံးနီးပါး၊ ပြည်သူတွေပါအပါအဝင် ရုပ်ရှင် ဆုရတဲ့သူ၊ပွဲတက်သူတွေ၊ အစီအစဉ်တင်ဆက်ပေးခဲ့တဲ့သူတွေအားလုံးနီးပါး အဲ့လို ပို့စ်တင်ထားကြပြီး တိုင်ပေဟာ သူတို့လက်အောက်မှာပဲရှိနေခဲ့တယ်ဆိုပြီး ပြသချင်တာကို ဒီလိုအနုပညာရှင်တွေကို ခုတုံးလုပ်တာတော့မကောင်းဘူးလို့ ပြည်ပ ပရိတ်သတ်များကတော့ယူဆနေကြပါတယ်။

GongLi လုပ်တဲ့အပြုအမူ နဲ့အတူ ''တရုတ်ပြည်အပိုင်နယ်မြေများ နည်းနည်းလေးမှ အလျော့မခံ '' #中国点都不能少# အကြောင်းအရာကလည်း လူပြောအများဆုံး အဆင့်၁ နဲ့ ၂ ချိတ်နေပါတယ်။



20 Nov 2018     1,295 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS