BEC-TERO TV

၁၀ ရက်အတွင်း ဆီးချိုရောဂါ ပျောက်ကင်းစေမည့် သဘာဝဆေးနည်း

20 Nov 2018     4,693 Views


လူတွေမှာ အဖြစ်များလေ့ရှိတဲ့ ဆီးချိုရောဂါကို ငွေကုန်ကြေးကျ မများပဲ ၁၀ ရက်အတွင်း သက်သာပျောက်ကင်းအောင် ကုသနိုင်မယ့် အစွမ်းထက်သဘာဝ ဆေးနည်းကို ကုသိုလ်ရအောင် ဖော်ပြပေးချင်ပါတယ်။
 
ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အင်ဆူလင်ပမာဏကို အတွင်းကလီစာတွေက ညီညွတ်မျှတာစွာ မထုတ်လုပ်ပေးနိုင်တဲ့အခါ  ဖြစ်လာရတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့်မို့ အင်ဆူလင် နည်းသွားတာဖြစ်စေ များသွားတာဖြစ်စေ စတဲ့ အခြေအနေ နှစ်ရပ်လုံးမှာ ဆီးချိုဖြစ်စေပါတယ်။
 
ဆီးချိုရောဂါ ရှိနေပေမယ့် ဆီးချို အတက်အကျကို ကျကျနန ထိန်းညှိနိုင်မယ်ဆိုရင်တော့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေနိုင်မှာဖြစ်ပါတယ်။
 
ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်၊ အဲဒီထဲကမှ အောက်ပါအချက်တွေကြောင့် ဆီးချိုဖြစ်ရတာ ပိုပြီးများတာကို တွေ့ရပါတယ်။
 
၁။ ဆီးချို မျိုးရိုးရှိခြင်း
 
မိသားစုဝင်ထဲမှာဖြစ်စေ၊ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ဆီးချိုဖြစ်ဖူးတဲ့ ရာဇဝင်ရှိတာကြောင့်လည်း ဆီးချိုဖြစ်တတ်ပါတယ်။ ဆွေမျိုးတွေထဲမှာ ဆီးချိုရောဂါဖြစ်ဖူးသူရှိတယ်ဆိုရင် မိမိကိုယ်ကိုယ် အစောပိုင်းထဲက ကာကွယ်မှုတွေ ပြုလုပ်ထားသင့်ပါတယ်။ မကြာခဏ သွေးစစ်ကြည့်တာမျိုးက အထောက်အကူဖြစ်စေပါတယ်။
 
၂။ ပန်ကရိယရောဂါရှိခြင်း
 
ကိုယ်ခန္ဓာတွင်းက မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယ ရောဂါရှိရင်လည်း အင်ဆူလင် ထုတ်လုပ်မှု နှေးကွေးတာကြောင့် ဆီးချိုဖြစ်စေနိုင်ပါတယ်။ အချို့သော ရောဂါဘယနဲ့ နားဖျားမှုတွေကလည်း အင်ဆူလင် ထုတ်လုပ်မှု နှေးကွေးစေတာမျိုးလည်း ရှိတတ်ပါတယ်။
 
 
ဆီးချိုရောဂါရဲ့ လက္ခဏာများ
 
အရေပြား ယားယံတာတွေဖြစ်လာမယ်၊ အာခေါင်တွေ ခြောက်လာမယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ ခန္ဓာကိုယ်မှာ အရည်လိုအပ်ချက်ရှိတာကြောင့် ဖြစ်ပါတယ်။ အရည်ခမ်းခြောက်တာကြောင့် မျက်လုံးလည်း ခြောက်သွေ့လာပြီး အမြင်အာရုံ မကြည်မလင် ဖြစ်တာတွေ ခံစားရလာပါတယ်။ ဒါတွေကတော့ ဆီးချိုရောဂါရဲ့ သိသာထင်ရှားတဲ့ အခြေခံလက္ခဏာရပ်တွေပဲဖြစ်ပါတယ်။
 
ဆီးချိုရောဂါကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေပဲ သဘာဝနည်းလမ်းအတိုင်း ၁၀ ရက်အတွင်း သက်သာပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးနည်းလေးကို ဖော်ပြလိုက်ပါတယ်။

ခေါင်းရန်းပန်း ဆိုတာကို သိဖူးမြင်ကြပါလိမ့်မယ်။ ငယ်ငယ်က ထမင်းဟင်းချက်တမ်း ဆော့ကစားတတ်တဲ့ မိန်းကလေးတွေဆိုရင် ပိုပြီးသိကြပါလိမ့်မယ် ကလေးတွေ အခေါ်ကတော့ (အဆီပန်း)လို့ ခေါ်ကြပါတယ်။
 
ခေါင်းရန်းပန်းဟာ မြန်မာနိုင်ပြည်မှာတော့ မျက်နှာပန်း သိပ်မပွင့်လှတဲ့ ပန်းဖြစ်ပေမယ့် မလေးရှားနိုင်ငံ အတွက်တော့ အမျိုးသားပန်း ဖြစ်လို့နေပြန်ပါတယ်။
 
ဆီးချိုရောဂါအတွက် အကျိုးထူးစေတာက ခေါင်းရန်းပင်ရဲ့ “အရွက်” ဖြစ်ပါတယ်။ ခေါင်ရန်းရွက်နဲ့ ၁၀ ရက်အတွင်း ဆီးချိုရောဂါကို ကုစားနိုင်စေနိုင်ပါတယ်။

ဆေးဖော်စပ်ရန်
 
၁။ ခေါင်ရန်းရွက် လက်တစ်ဆုပ်စာ (သို့) ရသလောက်ကို ရေနဲ့ သန့်စင်စွာ ဆေးကြောပါ။
 
၂။ ကြိတ်စက် ဘလန်ဒါထဲသို့ထည့်ပြီး သောက်ရေအနည်းငယ်ရောစပ်ကာ အနှစ်ပေါက်အောင် ကြိတ်ပါ။
 
(ဘလန်ဒါကြိတ်စက် မရှိပါကလည်း ငရုတ်ဆုံကို အနံ့အသက်ကင်း၊ သန့်စင်စွာ ဆေးကြောပြီး အနှစ်ရအောင် ထောင်းပါ)

၃။ ရလာတဲ့ ခေါင်ရန်းရွက် အနှစ်များကို ဗူးအသန့်တစ်ခုထဲမှာ သိမ်းပါ။ (မကုန်မချင်း သုံးနိုင်ရန်)
 
၄။ ရေဖန်ခွက်ထဲသို့  သောက်ရေ တစ်ဝက်ဖြည့်ပြီး ခေါင်ရန်းရွက် အနှစ်ကို လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာယူ၊ ခပ်ထည့်ပြီး သမ အောင်မွှေပါ။
 
၅။ ရောစပ်ထားသောရေကို သမမျှတသည့် အခန်းအပူချိန်တွင် (တစ်ညသိပ်) ထားလိုက်ပါ။
 
၆။ နောက်တစ်နေ့ နံနက် အိပ်ယာထပြီး ဘာမှမစားရသေးခင်မှာ သောက်ပါ။
 
၇။ ညနေရောက်တဲ့အခါမှာ နောက်တစ်နေ့အတွက် သောက်ရန် နံပါတ် ၄ အချက်က စပြီး ပြန်လည်ပြင်ဆင်ပါ။

အရေးတကြီး လိုက်နာရန်အချက်

ဖော်ပြပါ ဆေးနည်းကို သုံးစွဲသူတွေအနေနဲ့ ဆီးချိုရောဂါ သက်သာမှု အခြေအနေကို သိရှိရန် ၁၀ ရက်ဆက်တိုက် မပျက်မကွက် သောက်ဖို့လိုပါတယ်။
 
အကယ်၍ အကြောင်းအမျိုးမျိုးနဲ့ တစ်ကြိမ်လောက်ပျက်ကွက်မိသွားပါက ဆေးသာက်တာကို ချက်ခြင်းရပ်လိုက်ပြီး နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ဖော်ပြပါဆေးနည်းကို ထပ်မံအသုံးမပြုပါနှင့်။
 
ရက်ပေါင်း ၆၀ ကျော်လွန်သွားရင်တော့ ဒီဆေးနည်းကို အစကနေပြန်လည်ပြုလုပ် သောက်သုံးနိုင်ပါတယ်။
 
ဖော်ပြပါဆေးနည်းဟာ သတ်မှတ်ထားတဲ့ အချက်တွေကို တိတိကျကျ လိုက်နာမှသာ အစွမ်းထက်စေမှာဖြစ်တာကြောင့် မပျက်ကွက်မိဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။
 
ခေါင်ရန်းအမှုန့်
 
ခေါင်းရန်းရွက်ကို အလွယ်တကူ မရရှိနိုင်တဲ့ အခြေအနေမှာ အသင့်ပြုပြင်ပြီးသား ခေါင်ရန်းအမှုန့်ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ စူပါမားကတ်တွေမှာ “ခေါင်ရန်းမှုန့် (Hibiscus powder)” ကို ရှာဖွေပါ။
 
ဆေးဖော်စပ်ရန်
 
၁။ ထမင်းစား ပန်းကန်လုံးတစ်လုံးထဲ ရေသန့်ထည်ပြီး ခေါင်ရမ်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။
 
၂။ သမအောင် မွှေပါ။
 
၃။ ရောစပ်ထားသောရေကို သမမျှတသည့် အခန်းအပူချိန်တွင် တစ်ညသိပ် ထားလိုက်ပါ။
 
၄။ နောက်တစ်နေ့ နံနက် အိပ်ယာထပြီး ဘာမှမစားရသေးခင်မှာ သောက်ပါ။

အရေးတကြီး လိုက်နာရန်အချက်

ဖော်ပြပါ ဆေးနည်းကို သုံးစွဲသူတွေအနေနဲ့ ဆီးချိုရောဂါ သက်သာမှု အခြေအနေကို သိရှိရန် ၁၀ ရက်ဆက်တိုက် မပျက်မကွက် သောက်ဖို့လိုပါတယ်။
 
အကယ်၍ အကြောင်းအမျိုးမျိုးနဲ့ တစ်ကြိမ်လောက်ပျက်ကွက်မိသွားပါက ဆေးသာက်တာကို ရပ်လိုက်ပြီး နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း ဖော်ပြပါဆေးနည်းကို ထပ်မံအသုံးမပြုပါနှင့်။
 
ရက်ပေါင်း ၆၀ ကျော်လွန်သွားရင်တော့ ဒီဆေးနည်းကို အစကနေပြန်လည်ပြုလုပ် သောက်သုံးနိုင်ပါတယ်။
 
ဖော်ပြပါဆေးနည်းဟာ သတ်မှတ်ထားတဲ့ အချက်တွေကို တိတိကျကျ လိုက်နာမှသာ အစွမ်းထက်စေမှာဖြစ်တာကြောင့် မပျက်ကွက်မိဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

 
(ပိုပိုလေး)

ဆက်စပ်သတင်းများ

>> ဆီးချိုရောဂါပျောက်ကင်းအောင် ကုသနိုင်မည့်ဆေးတွေ့ရှိပြီ

>> ဆီးချိုရောဂါအတွက် အကောင်းဆုံးကညွတ်


20 Nov 2018     4,693 Views




RELATED

Most Popular of Health Fix

Most Popular of Life Style