BEC-TERO TV

ကလေး ခွဲယူမယ့်ကိစ္စနဲ့ပတ်သတ်ပြီး ဂျိုလီမတရားဘူးဟု ဘရက်ပစ်ပြောကြား

20 Nov 2018     1,360 Views


အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ ဘရက်ပစ်ဟာ ဇနီးဖြစ်သူ အန်ဂျလီနာဂျိုလီ ကလေးများကိုစောင့်ရှောက်နေပုံနဲ့ ပတ်သတ်ပြီးမကျေနပ်ခဲ့ပါဘူး။ ဖြစ်ပုံကတော့ဒီ လိုပါ။ လာမယ့် ဒီဇင်ဘာလ ၄ ရက်မှာ ပစ်နဲ့ ဂျိုလီတို့ဟာ တရားရုံးမှာ အမှုရင်ဆိုင်ပြီးတာနဲ့ တရားဝင်ကွားရှင်းကြရတော့မှာပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ မိဘများကွာရှင်းပြတ်စဲလျှင် သားသမီးများကို တစ်ဝက်စီခွဲယူရမှာဖြစ်ပါတယ်။

သို့ပေမဲ့ ဒီလိုအမှုရင်ဆိုင်နေဆဲကာလတွေမှာ ကလေးတွေဟာဂျိုလီနဲ့သာအနေများခဲ့ တာဖြစ်ပါတယ်။ ဂျိုလီဟာကလေးများကို သူမကိုသာသံယောဇဉ်တွယ်တာအောင် လုပ်နေတာ အသိသာပါပဲလို့ ပစ်က ပြောထားပါတယ်။ သူမဟာ ကလေးတွေကိုသူမအပြင်သွားတိုင်းခေါ်သွားလေ့ရှိပြီး လူရှေ့သူရှေ့မှာ ဂရုစိုက်ပြတာမို့ မသိရင် ဘရက်ပစ်ကပဲ ကလေးတွေကိုဂရုမစိုက်တတ်တဲ့ဖခင်တစ်ယောက်ပုံစံပေါက်နေပြီလို့ ပစ်ကပြောကြားထားပါတယ်။

ဘရက်ပစ်က ဂျိုလီဒီလိုတွေပြုမူနေရခြင်းဟာ သူမကိုယ်သူမယုံကြည်ချက်ရရှိစေဖို့နဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်တဲ့အတွက်ဖြစ်တယ်လို့ သူ့ထင်မြင်ချက်ကိုပြောကြားထားပါတယ်။


တကယ်တော့ဒီအချိန်မှာကလေးတွေကို သူတို့ အဖေနဲ့လိုက်မလားအမေနဲ့လိုက်မလား ဆိုတာစဉ်းစားဖို့ ကိုယ်ပိုင်အချိန်ပေးသင့်တာဖြစ်ကြောင်း ပစ်ကပြောကြားထားပါသေးတယ်။ ဂျိုလီဒီလိုလုပ်နေတဲ့ အပြုအမူတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေလိမ့်မယ် လို့ဆိုထားပါတယ်။


ကလေးများခွဲယူရမယ့် ကိစ္စနဲ့ပတ်သတ်ပြီး ကလေးအားလုံးကိုလိုချင်တဲ့လူကတော့ အမှုမှာ ရင်ဆိုင်ပြောဆိုနိုင်ရင်ရှိမှာဖြစ်ပါတယ်။ ပစ်လို စကားနည်းတဲ့ လူတစ်ယောက်ဟာ ကလေးတွေကိုသူနဲ့အတူခေါ်ဆောင်သွားဖို့ ၁ ရာခိုင်းနှုန်းပဲရှိတယ် လို့ ရှေ့နေ ဒေးဗစ်တီပီဆာရာက ပြောကြားထားပါတယ်။ သားအကြီးဖြစ်တဲ့ မက်ဒေါ့ဇ်ကတော့ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့အတွက် သူဘယ်သူနဲ့နေမယ်ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျန်တဲ့အသက်မပြည့်သေးတဲ့ကလေးများကိုတော့ ပစ်နဲ့ ဂျိုလီတို့က အမှုရင်ဆိုင်ပြီးလုရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေဖြစ်ပျက်နေပြီးမှ ဂျိုလီက လာမယ့် Thanks Giving Days (ခရစ်ယာန်ရိုးရာ ကြီးမြတ်သူကိုဂါဝရပြုခြင်း အထိမ်းအမှတ်နေ့) မှာကလေးတွေ အတွက် ပစ်ကိုလာခဲ့ဖို့ ဖိတ်ကြားခဲ့ပါတယ်တဲ့။ ဒီလိုအထူးနေ့မျိုးမှာတော့ ကလေးတွေကို မိစုံဖစုံနဲ့ အတူရှိနေစေချင်တယ်လို့သူမက ပြောကြားထားပါတယ်။ ဘယ်သူပြောနိုင်မလဲ သူမရဲ့ကလေးတွေက တစ်သက်လုံးမိစုံဖစုံနဲ့နေဖို့မျှော်လင့်နေတယ်ဆိုတာ။


20 Nov 2018     1,360 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS