BEC-TERO TV

ဆီမီးဖိုင်နယ်တတ်ဖို့အတွက် အနည်းဆုံး သရေတစ်မှတ်ပဲ လိုတာပါ

23 Nov 2018     1,302 Views


မနက်ဖြန်မှာတော့ အုပ်စုတွင်းနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းက မလေးရှားနဲ့ ယှဉ်ပြိုင်သွားရမည်ဖြစ်ပါတယ်။ မြန်မာအသင်းဟာ မလေးရှားကို အဝေးကွင်းမှာရင်ဆိုင်ရမှာဖြစ်လို့ မြန်မာအသင်းအတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်လာတော့မှာပါ။


မလေးရှား အသင်း အတွက် သုံးသပ်ချက်
မလေးရှား အသင်းဟာ အိမ်ကွင်းမှာ အုပ်စုတတ်ရောက်နိုင်ဖို့အတွက် မြန်မာ အသင်းကို ရေကုန်ထုတ် ကစားမှာ ကျိန်းသေပါတယ်။ မလေးရှား အသင်းဟာ ရမှတ် ၆ မှတ် နဲ့ မြန်မာအသင်းအောက် တတိယနေရာမှာ ရပ်တည်နေပြီး ဆီမီးတတ်ရောက်နိုင်ဖို့ ဆိုရင် မြန်မာ အသင်း ကိုအနိုင် ကန်ဖို လိုအပ်နေပြီး သရေဆိုတာနဲ့  ပြိုင်ပွဲ ကနေ ထွက်ခွာသွားရမှာဖြစ်ပါတယ်။


မြန်မာအသင်း အတွက် သုံးသပ်ချက်
မြန်မာအသင်းဟာ ရမှတ် ၇ မှတ်နှင့် အုပ်စုပထမ နေရာ ဆိုပေမဲ့ အုပ်စုတတ်ဖို့ အတွက် မသေချာသေးပါ ။ အနည်းဆုံး မြန်မာ အသင်း ဟာ ဆီမီးဖိုင်နယ် တတ်ရောက်နိုင်ဖို့အတွက် အုပ်စုတွင်း နောက်ဆုံးပွဲစဉ်အဖြစ် မလေးရှား အသင်းကို အနည်းဆုံး သရေ ကစားနိုင်ဖို လိုအပ်နေပါတယ်။ မြန်မာ အသင်း က အဝေးကွင်းမှာ သွားရောက် ကစား ဆိုသော်လည်း သရေ တစ်မှတ်တော့ အနည်းဆုံး ရယူနိုင်မှာပါ ။ မလေးရှား ဟာ အိမ်ကွင်း တောင်တင်းတာကြောင့် မြန်မာ အသင်းအနေဖြင့် ခံစစ် နှင့် ကွင်းလယ် က အဓိက တည်တည်းငြိမ်ငြိမ် ကစားဖို လိုအပ်ပါတယ်။


မြန်မာနည်းပြ အန်တိုနီဟေး ၏ ပြောစကား
မြန်မာနည်းပြချုပ်အန်တိုနီဟေးကလည်း မနက်ဖြန်မလေးရှားနဲ့ပွဲစဉ်အတွက် မြန်မာအသင်းရဲ့အခြေအနေကို "အခုအချိန်မှာ ကျွန်တော်တို့ အားလုံး အသင့်ဖြစ်နေကြပါပြီ။ မလေးရှားအသင်းက နားရက်ပိုရလို့ ဆိုပေမယ့် ကျွန်တော်တို့ အသင်းကလည်း ပြီးခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာကစားသမားတွေ အပြောင်းအလဲ လုပ်ပြီး အနားရအောင် စီစဉ်ထားပြီးသားပါပဲ။ ဗီယက်နမ်နဲ့ပွဲမှာ ကစားသမား (၅)အထိ အပြောင်းအလဲ လုပ်ပြီးကစားခဲ့တာ အားလုံးအမြင်ပါပဲ။ ဒါကြောင့် ပွဲပန်းမှုဒဏ် မရှိသလို အသင်းမှာ ပွဲပယ်၊ ဒဏ်ရာရ ကစားသမားလည်း မရှိပါဘူး။ ကစားသမား ၂၃ ဦးစလုံး လန်းဆန်းတက်ကြွနေကြပြီး မနက်ဖြန် ပွဲအတွက် အသင့်ဖြစ်နေမှာပါ"လို့ဆိုထားပါတယ်။


နှစ်သင်း တွေ့ဆုံမှု
ထိက်တိုက်တွေ့ဆုံမှုမှာတော့ မလေးရှားနဲ့မြန်မာအသင်းက သိသိသာသာကွာခြားလွန်းတာမျိုးမရှိဘဲ မလေးရှားအိမ်ကွင်းဆိုတဲ့အချက်ကသာ မြန်မာအသင်းကို စိုးရိမ်စရာဖြစ်နေတာကြောင့် ကစားသမားတွေအနေနဲ့ပါးပါးနပ်နပ်နဲ့ သရေ တစ်မှတ်ကို ရယူနိုင်ပါစေ လို့ မျော်လင့်ရင်း........


23 Nov 2018     1,302 Views




RELATED

Most Popular of Football

Most Popular of Sport