BEC-TERO TV

AEK အေသင် ပရိတ်သတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ အေဂျက် ပရိတ်သတ်များ

28 Nov 2018     1,370 Views


မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ် အုပ်စု ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ AEK အသင်းနှင့် အေဂျက် အသင်းတို့ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အေဂျက်အသင်းဟာ အိမ်ရှင် AEK အေသင် ပရိတ်သတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဂရိ ပရိသတ်တွေ ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထုံးစံ အတိုင့်း  AEK အေသင် ပရိတ်သတ်တွေ က သူတို့ကွင်းကို လာရောက်ခဲ့ကြတဲ့ အေဂျက် ပရိတ်သတ်တွေကို ဓါတ်ဆီ ပုလင်း ဗုံးတွေ နဲ့ ဗျောက်အိုးတွေ နဲ့ပါ ပစ်ပေါက်ခဲ့လို့ နှစ်ဖက် ပရိသတ်တွေ အကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။


အွန်လိုင်းကနေ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ပွဲမစတင်မီ ကတည်းက AEK ပရိတ်သတ်တွေဟာ ဗျောက်အိုးတွေ နဲ့ အေဂျက်ပရိသတ်တွေဆီ စတင်ပစ်ပေါက်ခဲ့တာ ဖြစ်ပြီး ၊ အခြား ပရိတ်သတ်တစ်ဦးကတော့ ဓါတ်ဆီ ပုလင်းကို မီးရှို့ကာ အနီးကပ် ပစ်ချခဲ့တာ ဖြစ်ပါတယ်။နှစ်ဖက် ပရိတ်သတ်တွေ အကြား တင်းမာမှုတွေဟာ ပွဲမစတင်ခင် ကတည်းက ဖြစ်ခဲ့တာ ဖြစ်ကာ ၊ အေဂျက် အသင်းခေါင်းဆောင် ဒီလစ်က သူတို့ ပရိသတ်တွေ အနေနဲ့ ပြိုင်ဘက် ပရိတ်သတ် တွေကို မလှောင်ပြောင်ပဲ အားပေးဖို့ မေတ္တာရပ်ခံ ခဲ့ရပါသေးတယ်။ ဒါ့အပြင် ကွင်းအတွင်းမှာလဲ တားဆီးလို့မရတဲ့ အိမ်ကွင်း ပရိတ်သတ်တွေဟာ လုံခြုံရေးတွေနဲ့ ပြသနာတွေ ဆက်တိုက် ဖြစ်နေခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြလျှက် ရှိနေပါတယ်။
ရုပ်သံ

လက်ရှိ အချိန်ထိတော့ ဒဏ်ရာရတဲ့ ပရိသတ်ဦးရေ နဲ့ ဖမ်းဆီးခံထားရတဲ့ ဦးရေကို အတိအကျ ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ပွဲကစားချိန် တွင်းမှာလဲ ပေါက်ကွဲသံတွေ မကြာခဏ ကြားနေခဲ့ရပြန်တာကြောင့် ပရိသတ်တွေရဲ့ သောင်းကျန်းမှုဟာ တော်တော်လေးဆိုးဝါးခဲ့တယ်လို့ မှတ်ချက်ပေး ရမှာ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ အေဂျက်အသင်းဟာ အိမ်ရှင် အသင်းကို ၀- ၂ ဖြင့်အနိုင်ရခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက် သွားခဲ့ပါပြီ။ AEK ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ အပြီးအပိုင် နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်။


28 Nov 2018     1,370 Views




RELATED

Most Popular of Football

Most Popular of Sport