BEC-TERO TV

သင်ဟာ ထိခိုက်ခံစားလွယ်သူတစ်ယောက်ဆိုတာသိနိုင်မယ့်အချက် (၈) ချက်

29 Nov 2018     1,451 Views


တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် Sensitive လို့ခေါ်တဲ့ ထိလွယ်ရှလွယ်တဲ့ လူတစ်ယောက်ပါ။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။
 
၁။ တစ်ခုခုဆို အလေးအနက်ခံစားတယ်၊ ပြီးတော့ စိတ်ခံစားမှုအတိုင်းတုန့်ပြန်တယ်
 
သင်ဟာ ဘယ်အရာကိုမဆိုလေးလေးနက်နက် တွေးတောပြီး ခံစားတတ်ကြပါတယ်။ ထိုကဲ့သို့ တစ်ခုခုကိုတွေးတောနေတဲ့အချိန်မှာ ကြည့်လိုက်ရင်တော့ စောင်းသလို၊ငဲ့သလို မျက်နှာပေးမျိုး၊ တစ်ခုခုကိုမကျေနပ်နေသလို မျက်နှာထားမျိုးတွေတတ်တယ်။ ထိုကဲ့သို့ မျက်နှာပေးမျိုးဖြစ်နေလို့ “နင့်မျက်နှာကြီးကလဲ မသာမယာနဲ့ ဘာဖြစ်နေတာလဲ” လို့မေးခံရရင်သင်က ထိုနည်းကဲ့သို့ ဖြစ်နေတာမဟုတ်တဲ့အတွက် မေးခံရတဲ့အပေါ် ထိခိုက်ခံစားတတ်ကြပါတယ်။ ပြီးတော့ သင်ဟာ သူတို့မှာအလိုလိုသိမြင်ခြင်းဆိုတာမျိုးရှိကြပါတယ်။ ပြီးတော့သင်ဟာ အခက်အခဲဆုံးအခြေအနေတွေမှာတောင် သူများအပေါ်ကောင်းပေးကြပါတယ်။ ကိုယ်တိုင်က နာကျင်မှုကိုခံစားသိမြင်ဖူးတဲ့အတွက် တစ်ပါးသူ နာကျင်ခံစားရင်လဲ ကိုယ်တိုင်နာကျင်ရသလိုခံစားတတ်ကြပါတယ်။

၂။ ဘာမဆိုတစ်ယောက်တည်းလုပ်ချင်တယ်
 
သင်ဟာ ငယ်စဉ်ကတည်းကအဖွဲ့လိုက်ကစားရတဲ့ ကစားနည်းတွေကိုလဲကစားလေ့မရှိပါဘူး။ တစ်ယောက်ထဲနေရတာကို ကြိုက်နှစ်သက်ကြသူပြီး team work လိုဟာမျိုးတွေကိုလဲ စိတ်ဝင်စားခြင်းမျိုးမရှိပါဘူး။ ပြီးတော့ လူရှေ့သူရှေ့ထွက်ရမှာကြောက်ကြသူလဲဖြစ်ပါတယ်။ သင့်ရဲ့လှုပ်ရှားမှု၊ အပြုအမူတွေကို တစ်စုံတစ်ယောက်က စောင့်ကြည့်နေတယ်ဆိုရင် ဘာမှ မလုပ်တတ်တော့ပါဘူး။
၃။ ဆုံးဖြတ်ချက်မပြတ်သားဘူး။
 
သင်ဟာ တစ်ခုခုကိုဆုံးဖြတ်ဖို့အကြောင်းဖန်လာပြီဆိုရင် မပြတ်မသားနဲ့တွေဝေနေတတ်ပါတယ်။ ဒါလုပ်လိုက်ရင် မှားမလား၊ မှန်မလားနဲ့ သို့လောသို့လော အခြေအနေတွေမှာ ရပ်တန့်နေတတ်သူပါ။ သင်ဆုံးဖြတ်လိုက်တဲ့ အဆုံးအဖြတ်ဟာ မှားသွားမှာအရမ်းစိုးရိမ်သူဖြစ်ပါတယ်။ သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်မှာတူတူမှာစားရင်တောင် ဘာစားရမလဲဆိုတာ ဆုံးဖြတ်ဖို့ အချိန်ကြာတတ်သူတစ်ယောက်ပါ။ သင့်ဦးနှောက်ထဲမှာ ‘အကယ်၍’ ‘တကယ်လို့ ’အစရှိတဲ့ စကားလုံးတွေ ပဲ့တင်ထပ်နေပါတယ်။

၄။ ဘယ်အရာမဆို အသေးစိတ်လေ့လာကြည့်ရှုတယ်
 
သင်ဟာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်(သို့) သူငယ်ချင်းက မနေ့က လက်သည်းနီဘာအရောင်ဆိုးတယ်၊ ဒီနေ့ ကဘာအရောင်ပြောင်းသွားတယ်ကအစ သတိပြုမိတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ တကယ်လို့သင်ဟာ အမှန်တကယ် ထိခိုက်ခံစားလွယ်သူတစ်ယောက်ဆိုရင် သင်ကိုယ်တိုင်တောင် ရှောင်လွဲလို့မရပဲ အရာအားလုံးကိုအသေးစိတ်မှတ်မိနေတတ်ပါတယ်။ ဥပမာ သင်သွားတဲ့လမ်းမှာရှိတဲ့ ဓာတ်တိုင်က ဘယ်လိုပုံစံရှိတယ်၊ ဆိုင်တွေကဘယ်လိုပုံစံ ၊ ဒီနေ့နဲ့မနေ့က ခင်းကျင်းပုံတွေမတူဘူး အစရှိသဖြင့် အသေးစိတ်မှတ်မိနေတတ်ပါတယ်။ ချစ်ခင်နှစ်သက်တဲ့ တစ်စုံတစ်ယောက်ရဲ့ အပြုအမူတွေဆိုရင်လဲ အမြဲတစေ မှတ်မိနေတတ်ပြီး သူတို့ရဲ့ အပြုအမူတွေက သင့်အပေါ်အကျိုးသက်ရောက်မှုတွေ အများကြီးဖြစ်ပေါ်စေပါတယ်။
 

၅။ တာဝန်သိတတ်ပြီး အမူအကျင့်ကောင်းများရှိခြင်း
 
သင်ဟာ ကိုယ့်ကိုကိုယ် သူများထက်ပိုပြီးဂရုစိုက်တတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သင်ပြုမူလိုက်တဲ့အပြုအမူတွေက တခြားလူတွေအပေါ်ဘယ်လိုသက်ရောက်သွားမလဲ ဆိုတာအမြဲစိုးရိမ်ပူပန်နေတတ်တယ်။ တခြားလူတွေရဲ့ လိုအပ်ချက်ကဘာဖြစ်မလဲဆိုတာကို အမြဲရှာဖွေနေတတ်တယ်။ သင့်အနားမှာရှိတဲ့ လူတွေကို သင်နဲ့နေရတာပျော်အောင်၊ သက်တောင့်သက်သာရှိအောင် ထားချင်ကြတယ်။ သင်ဟာ သူတစ်ပါးအတွက်ဆိုရင်အသေးအမွှားကိစ္စလေးက အစလိုက်ပူပန်ပေးတယ်။ စားသောက်ဆိုင်လိုနေရာမျိုးမှာဘာစားရမလဲဆိုတာမဆုံးဖြတ်ရသေးခင် စားပွဲထိုးကအကြာကြီးရပ်စောင့်ရတဲ့အခါ စိတ်မကောင်းဖြစ်တတ်တဲ့အမျိုးအစားထဲမှာပါပါတယ်။

၆။ စိုးရိမ်ကြောင့်ကြခြင်းနဲ့ စိတ်အားငယ်ခြင်းကို ကိုယ်တိုင်ဖန်တီးယူခြင်း
 
သင့်မှာ မကောင်းတဲ့အတိတ်ဆိုးတွေရှိခဲ့ရင် လက်ရှိဖြစ်နေတဲ့အဖြစ်အပျက်ကို အတိတ်နဲ့အမြဲနှိုင်းယှဉ်လေ့ရှိပါတယ်။ သင့်မှာ အဆိုးတွေဖြစ်ပါများလို့ အဆိုးမြင်စိတ်က ဖြစ်လာတာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်က အဆိုးတွေပဲမြင်နေလို့ ဆိုးတဲ့ကိစ္စတွေကသင့်ဆီမှာ လာဖြစ်နေတာပါ။ သင်ဟာ လူတွေကကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတဲ့အတွေးမျိုးနဲ့ အမြဲသံသယဝင်နေသူတစ်ဦးပါ။

၇။ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံများပြုလုပ်ရတာနှစ်သက်ခြင်း
 
သင်ဟာ သူများတွေကြောက်လှပါပြီဆိုတဲ့သရဲကား၊ လူသတ်သမားကားတို့ကို စိမ်ပြေနပြေထိုင်ကြည့်သူမျိုးဖြစ်တယ်။ ပြီးတော့ သင်ဟာ black coffee ကိုလဲ စွဲစွဲမြဲမြဲသောက်တတ်သူတစ်ယောက်ဖြစ်တယ်။

၈။ သင်ဟာအဖွဲ့အစည်းနဲ့ကောင်းကောင်းအလုပ်လုပ်နိုင်တယ်
 
သင်ဟာအဖွဲ့အစည်းနဲ့နေရတာမျိုးကိုမနှစ်သက်ပေမဲ့ သင့်မှာ အလိုလိုသိမြင်နိုင်စွမ်းရှိတဲ့အတွက် အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်းလိုအပ်ချက်တွေကို အလွယ်တကူ သိမြင်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာအဖွဲ့တစ်ဖွဲ့မှာဆိုရင်တွေးတောသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာအဖွဲ့ဝင်တစ်ဦးချင်းရဲ့ အရည်အချင်းနဲ့ အားသန်မှုကိုမြင်နိုင်စွမ်းရှိပြီး တာဝန်တွေကိုခွဲဝေပေးတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။

 

(ပိုပိုလေး)


29 Nov 2018     1,451 Views




RELATED

Most Popular of Special or Others

Most Popular of Life Style