BEC-TERO TV

လွယ်လွယ်နဲ့အိပ်မပျော်ရတဲ့အကြောင်းအရင်း

30 Nov 2018     7,461 Views


သင်ဟာ လွယ်လွယ်နဲ့ အိပ်မပျော်တတ်သူတစ်ယောက်လား?

လူတော်တော်များများဟာ ညအချိန်မှာ အိပ်မပျော်တဲ့ ရောဂါဝေဒနာကို ခံစားနေပါတယ်။ တစ်နေကုန် အိပ်ချင်တာမျိုးဖြစ်နေပြီး ကိုယ့်အိပ်ရာထဲရောက်မှ မျက်စိကြီးက ပြူးကြောင်နေတာမျိုးတွေ ဖြစ်ဖူးကြတယ်မဟုတ်လား။ ဒီလို လွယ်လွယ်နဲ့ အိပ်မပျော်ရခြင်းတွေဘာကြောင့်ဖြစ်ပေါ်လာရပါသလဲ? ပြဿနာဆိုတာ အကြောင်းအရင်းကို သိရင်ဖြေရှင်းဖို့လွယ်သွားမှာပေါ့နော်။ ဒါကြောင့် မိတ်ဆွေတို့အတွက် ညအခါ အိပ်မပျော်ရတဲ့အကြောင်းအရင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ အတွေးများခြင်း

 

သင်ဟာ တစ်နေကုန်အလုပ်လုပ်ထားရလို့ ပင်ပန်းနုံးချိနေပေမဲ့ ညအချိန်အိပ်ရာထဲရောက်တဲ့အခါ မျက်လုံးက ဘယ်လိုမှ မှိတ်မရပဲ မအိပ်ချင်တဲ့ အဖြစ်အပျက်မျိုး ကြုံတွေ့နေရပြီလား။ ဒါဆိုသေချာနေပါပြီ။ သင်အတွေးလွန်နေတာပါ။ သင့်ရဲ့ စိတ်ပူစရာ ကိစ္စရပ်တွေကိုအိပ်ရာထဲထိသယ်မလာပါနဲ့။ ဥပမာ- မကြာခင်ဖြေရမယ့် စာမေးပွဲအတွက် ကြိုတင်စိတ်ပူနေတာမျိုး၊ အလုပ်မှာ အထက်ကိုတင်ပြ ရမယ့် ပရောဂျက်အတွက်စိုးရိမ်ပူပန်တာမျိုး၊ မထွက်ရသေးတဲ့ ခရီးကို စိတ်ကူးယဉ်နေတာမျိုး၊ ဒီလို အမျိုးမျိုးသောအကြောင်းအရာ တွေကလူတစ်ယောက်ကို ညအချိန်အိပ်မပျော်စေတာမျိုးဖြစ်စေပါတယ်။

၂။ ဆူညံသံကြောင့်အိပ်မပျော်ခြင်း


တချို့လူတွေကျတော့ အိပ်ချိန်မှာဖြစ်ပေါ်လေ့ရှိတဲ့ ဆူညံသံသေးသေးမွှားမွှားလေးတွေက အစသတိပြုမိတာမျိုးတွေရှိပါတယ်။ ဥပမာ- ညအိပ်ချိန်ရောက်လို့အတူအိပ်တဲ့ ပါတနာက အရမ်းဟောက်တတ်သူတစ်ယောက်ဆိုရင် အိပ်မရတော့တာမျိုး၊ အိမ်မြှောင် စုတ်ထိုးတဲ့အသံကြောင့်အိပ်မရတာမျိုး၊ အင်းဆက်ပိုးမွှား အသေးအမွှားလေးတွေရဲ့ အသံကအစ သတိပြုမိတာမျိုးတွေဖြစ်လာတတ်ပါတယ်။

၃။ လူတစ်ယောက်ညမအိပ်ရင် ဦးနှောက်ရဲ့ ဖြစ်စဉ်


အိပ်မပျော်တဲ့ရောဂါဝေဒနာကို ခံစားနေရသူအများစုဟာ သူတို့ခန္ဓာကိုယ်မှာဖြစ်ပျက်နေတဲ့ ရောဂါဝဒနာအများစုဖြစ်ပေါ်လာတာကို ညမအိပ်လို့ ဖြစ်ပျက်ရတယ်ဆိုတာကို သတိမထားမိကြပါဘူး။ ဒီဝေဒနာကိုခံစားနေရသူတွေဟာ အဆိုးမြင်ဝါဒီသမားတွေများပါတယ်။ ကျွန်တော်တို့အိပ်နေစဉ်အချိန်မှသာ ခန္ဓာကိုယ်တွင်းမှ ဆဲလ်လုပ်သားများက သူတို့ရဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရတာဖြစ်တဲ့အတွက် အိပ်ချိန်နည်းပါးသွားတဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ လည်ပတ်စေမှုကို နှောင့်နှေးသွားစေပါတယ်။ ဥပမာအားဖြင့် အသည်းဆိုပါစို့။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အသည်းဟာ ည ၁၁ နာရီမှ မနက် ၄နာရီ ကြားအလုပ်လုပ်တာဖြစ်ပါတယ်။ သို့ပေမဲ့ သင်ဟာ မနက် ၄ နာရီမှအိပ်ပျော်မယ်ဆိုရင်သင့် အသည်းဟာ အလုပ်လုပ်ချိန်မရှိတော့ပါဘူး။ ကြာလာတဲ့ အခါ အသည်းနဲ့ ဆိုင်တဲ့ရောဂါမျိုးလဲ ရရှိနိုင်ပါတယ်။ ကိုယ်တွင်းမှ ဆဲလ်များဟာ သူ့အချိန်နဲ့အတူ လည်ပတ်နေတာဖြစ်တဲ့အတွက် ညအိပ်ချိန်မမှန်တော့ရင် ကမောက်ကမတွေဖြစ်သွားနိုင်ပါတယ်။

သင်ညမအိပ်တော့တဲ့အခါမှာ ခန္ဓာကိုယ်တွင်း မှာရှိတဲ့ဆဲလ်တွေဟာ အလုပ်လုပ်ဖို့အချိန်လျော့နည်းသွားပြီဖြစ်တဲ့အတွက် သူတို့မှာလုံလောက်တဲ့ အာဟာရပမာဏကိုမရရှိလိုက်ပါဘူး။ အာဟာရလုံလုံလောက်လောက်မရရှိတော့တဲ့အခါ ဦးနှောက်ဆီက ဂလူးကို့စ်များကို ယူသုံးလိုက်တဲ့အတွက် ဦးနှောက်ဟာ အားနည်းသွားပါတယ်။ ဒါတွေက အိပ်ချိန်အနည်းအကျဉ်းပဲရရှိထားတဲ့လူတစ်ယောက်အတွက်  မနက်အိပ်ရာထတဲ့အချိန်မှာ  စိတ်မကြည်မလင်၊ မလန်းမဆန်းနဲ့ ထလာဖို့ အကြောင်းဖန်လာစေတာဖြစ်ပါတယ်။

၎။ ည အိပ်မပျော်သူတစ်ယောက်ရဲ့ တစ်နေ့တာ

ပုံမှန်အားဖြင့် ညမအိပ်မပျော်တတ်တူများဟာမနက်ခင်း အိပ်ရာထလာတဲ့အချိန်မှာ မကြည်မလင် မလန်းမဆန်းနဲ့ နိုးထပေမဲ့ မျက်နှာသစ်၊သွားတိုက်၊ ရေချိုးပြီးတဲ့ အချိန်မှာတော့ လန်းဆန်းနေမှာဖြစ်ပါတယ်။ ဒီလိုလူတွေဟာ ညအိပ်စဉ်အခါက ဦးနှောက်ရဲ့ ဂလူးကို့စ်များကို ခန္ဓာကိုယ်ကအသုံးပြုသွားတဲ့အတွက် ဦးနှောက်ဟာ သိပ်အလုပ်မလုပ်တော့ပါဘူး။ ဒါ့အပြင်ခန္ဓာကိုယ်ကလဲ ပြီးပြည့်စုံတဲ့လုပ်ငန်းဆောင်တာတွေကို မပြုလုပ်ခဲ့ရတဲ့အတွက် သင်ဟာ လွယ်လွယ်နဲ့ပင်ပန်းတတ်တဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ဒီအခြင်းအရာတွေက လူကို ကြောင့်ကြပူပန်ခြင်း၊ အတွေးလွန်ခြင်း၊ စိတ်ကျရောဂါ ဝေဒနာကိုစတင်ခံစားစေခြင်း အစရှိတာတွေဖြစ်ပေါ်လာစေပါတယ်။


30 Nov 2018     7,461 Views




RELATED

Most Popular of Health Fix

Most Popular of Life Style