BEC-TERO TV

ဆိုရှယ်သုံးစွဲမှု စွဲလမ်းခြင်းကြောင့် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးများ

03 Dec 2018     1,806 Views


တစ်နေ့တစ်နေ့ လူတော်တော် များများ ဟာ အချိန်တော်တော် များများ တယ်လီဖုန်းတွေမှာ အချိန်ပေးနေကြပါတယ် ။ တယ်လီဖုန်းတွေကနေ ကောင်းကျိုးများစွာရှိသော်လည်း ကျန်းမာရေးနဲ့ပါတ်သတ်လာရင် ဆိုးကျိုးများစွာတွေရပါတယ် ။ တယ်လီဖုန်းကို အသုံးပြုတာများလာခြင်းကြောင့် အချိန်များစွာပေးရပြီး စိတ်ဖိစီးမှုနဲ့ စိတ်သောက ရောက်စရာတွေဖြစ်လာပြီး စိတ်ကျရောဂါ ဖြစ်စေနိုင်တယ် လို ကျန်းမာရေး သုတေသန တစ်ခုကဖော်ပြထားပါတယ် ။ အာရုံစူးစိုက်မှုနည်းပါလာခြင်း ၊ကင်ဆာရောဂါဖြစ်ပွားစေခြင်း ၊ ကိုယ်ခန္ဓာ ဖွုံဖြိုးမှု အပိုင်းကို အားနည်းစေပါတယ်။


အင်တာနက်ကို ဖုန်းပေါ်မှာ အလွယ်တကူ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်တယ် ၊ ဓါတ်ပုံ ၊ ဗီဒီယို တွေကို အလွယ်တကူ ကြည့်ရူနိုင်တယ် ၊ အချိန်နဲ့တပြေးညီ သတင်းအချက်အလတ်တွေကို ရရှိနိုင်တာကြောင့် အင်တာနက် သုံးစွဲနေရတာကို နှစ်ခြိုက်နေကြတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့တွေ မနက်လင်းလာရင် အင်တာနက်ဖွင့် ဖေ့စ်ဘုတ်သုံး အလ့အထ တစ်ခုဖြစ်နေကြပါတယ်။ ဆယ်မိနစ် တစ်ခါ ၊ ဆယ်ငါးမိနစ် တစ်ခါလောက် ဖွင့် ၊ နောက်ဆုံး အိမ်သာထဲ့ ရောက်ရင်တောင်မှ ဖုန်ကိုယူသွားကြတဲ့အထိ အစွဲအလမ်းကြီး ဖြစ်နေကြပါပြီ ၊ ဒါတွေဟာ ကျန်းမာရေးအရ လုံးဝ မကောင်းပါဘူး ။ ကမ္ဘာ့ ကျန်မားရေး (WHO) ကလည်း တယ်လီဖုန်းအလွင့်အကျွံသုံးစွဲမှုကို တားမြစ်ထားပါတယ်။


ယေဘုယ အားဖြင့် အသက် ၁၈ နှစ်မှ ၄၄ နှစ် အတွင်း တယ်လီဖုန်းမှ ဆိုရှယ် ဆုံးစွဲသူ တစ်နေ့ကုန် အချိန် ၂ နာရီခန့်သုံးစွဲကြပါတယ် ။ ၈၀ ရာခိုင်နှုန်းခန့်က ၁၅ မိနစ်တစ်ခါ တယ်လီဖုန်းမှ ဆိုရှယ် ကို သုံးစွဲကြပါတယ်။ လူငယ်အများစုက ဆိုရှယ်စွဲလန်းမှုပြသာနာ က ကျန်းမာရေးအတွက် နုတ်လက္ခဏာ ဆောင်နေပါတယ်။


ကမ္ဘာ့ကျန်းမာရေးစောင့်ကြည့် သုတေသီများက လူငယ်များ ဆိုရှယ် အသုံးစွဲမှုအပေါ် စိုးရိမ်လာကြပြီး လူကြီးမိဘတို့၏ စကားတို့၏ ပြောစကားကို နားထောင်မှုအားနည်းလားခြင်း ၊ ဒေါသအထွက်မြန်ခြင်း ၊ ဆိုရှယ် အပေါ်မှာ အချိန်ကုန်ပြီး အလုပ်များ မပြီးသတ်ဘဲ Stress များလာခြင့် ၊ ထို့နောက် Depression ဝင်လာကြပြီး လူငယ်များ မိမိကိုယ့်ကို သတ်သေတဲ့အထိ ဖြစ်စေလာတယ် လို့ဆို့ပါတယ် ။
သင်ရော ဆိုရှယ် အင်တာနက် ကို အလွင့်အကျွံသုံးစွဲနေတာလား… ?


03 Dec 2018     1,806 Views




RELATED

Most Popular of Health Fix

Most Popular of Life Style