BEC-TERO TV

အားလပ်ရက်မှာ အပြင်ကိုမထွက်ဘဲ အိမ်မှာ အကျိုးရှိအောင် ဘယ်လိုအချိန်ဖြုန်းကြမလဲ

04 Dec 2018     1,537 Views


အားလပ်ရက်တွေမှာ ဘာလုပ်ကြမှာ အပြင်သွားမယ် ။ မုန့်စားမယ် ။ ဒါတွေကို တစ်ခါ မကောင်းဘူးမဟုတ်ပါဘူး ၊ ကောင်းပါတယ် ။ အမြဲတမ်းကြီးဆိုတော့ ပိုက်ဆံကုန်တာပေါ့ ။အခု မိမိ အိမ်မှာ အကုန်အကျ သက်သက်သာသာနဲ့ အကျိုးရှိရှိ ဘယ်လို အသုံးချရမလဲ ဆိုတာ ကိုပြောပြပေးမယ် ။
 
အိမ်မှာ တစ်ခုခုလုပ်စားကြမလား
အပြင်ကဆိုင်ကြီးတွေမှာ စားမယ်ဆိုရင် လမ်းစရိတ် ၊ အစားအသောက် ဈေးတွေရော အပိုကုန်ကျပါတယ်။ အဲ့တော့ အိမ်မှာ တစ်ခုခု လုပ်စားရင်ချွေတာရာ ရောက်တာပေါ့။ ဈေးထဲ့သွားပြီး ကိုယ်စားချင်တယ်ဟာ ဝယ်ယူပြီး ကောင်းကောင်းချက်စားလိုက်ရင် အရသာလည်းရှိပြီး ပြင်ပအစားအသောက်တွေထက် ကိုယ်လုပ်တာ ပိုကောင်းတယ် ဆိုတာ ငြင်းစရာမလိုပါဘူး။ ဟင်းချက်နည်း ၊ မုန့်လုပ်နည်းတွေကလည်း အင်တာနက်မှာ အလွယ်တကူ ရှာဖွေလိုရနေတာကြောင့် အပိုကုန်ကျမယ့် ပိုက်ဆံတွေကိုလည်း လျှော့ချနိုင်တဲ့နည်းလမ်းကောင်းလေးပါနော်။

အိမ်မှာ တစ်ခုခုသင်ကြားကြမလား
တစ်ပါတ်လုံးအလုပ်လုပ်ရနေပြီး အားလပ်ရက်မှာ တော့် Relex ဖြစ်အာင် အိမ်မှာ အပြင်လေ့လာစရာ လေးတွေကို လေ့လာတာက ညဏ်ရည်ထက်မြတ်ပြီး ဗဟုသုတလည်းကြွယ်စေပါတယ်။ အခုခေတ်မှာ အင်တာနက်ကနေ လေ့လာရ ၊ သင်ယူရတာပိုတောင်လွယ်ပါသေးတယ်။

အိမ်သန့်ရှင်းရေးလုပ်မယ်
မိမိအိမ် ၊ မိမိ နေရာ သန့်ရှင်းသန့်ပြန့်နေရင် ကျွန်နုပ်တို့ရဲ့ စိတ်တွေကပါ လန်းဆန်းတတ်ကြွ နေမှာ အမှန်ပါပဲ ။ ကျန်းမာရေအတွက် မသင့်လျော်တဲ့ စမက်ဖုန်းကို ကြည့်နေတာထက်စာရင် အိမ်မှာ သန့်ရှင်းရေးလုပ်တာက ပိုပြီး မဟာအောင်ပွဲကြီးနိုင် သွားသလို ခံစားရမှာပါ။
 


အချိန်ပေးပြီး စကားပြောပါ
အလုပ်တွေရှုပ်လာတာနဲ့အမျှ တစ်ဦးနဲ့တစ်ဦးစကားပြောခွင့်ရတဲ့အချိန်တွေ နည်းပါးလာတာကို ငြင်းလို့မရပါဘူးနော်။ ဒါကြောင့် အိမ်မှာနေတဲ့သူကလည်း မိသာစုကို အချိန်ပေး ၊ အဆောင်မှာ နေတဲ့သူကလည်း ကိုယ်သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အိမ်မှာ စကားပြော ၊ ဗီဒီယို ကြည့် ၊ အတွေးနဲ့တင်ပျော်စရာကောင်းနေပါပြီ ။

ပိတ်ရက်လေးမှာ ဝေးကွာနေတဲ့နွေးထွေးမှုတွေကို ပြန်လည်တည်ဆောက်ရင်း ငွေကုန်ကြေးကျမများပဲ ပျော်ရွှင်အောင် ကြိုးစားကြရအောင်။


04 Dec 2018     1,537 Views




RELATED

Most Popular of Special or Others

Most Popular of Life Style