BEC-TERO TV

ဘယ်သန်တွေရဲ့ အားသာချက်များ

05 Dec 2018     2,213 Views


ပုံမှန်ယေဘုယျအားဖြင့် လူဦးရေ ပျမ်းမျှ ၁၀၀ ရာခိုင်နှုန်းဟာ ဘယ်သန်တွေဟာ ၁၁ ရာခိုင်နှုန်းခန့်သာရှိပါတယ်။ ပြောရမယ်ဆို လူနည်းစုပေါ့နော်။ မြန်မာလူမျိုးတွေရဲ့ အယူအဆအရဆိုရင်ဘယ်သန်တွေက မမှန်ဘူးပေါ့။ ဘယ်သန်တဲ့ ကလေးက ကြီးလာရင် အသုံးအဖြုန်းကြီးတယ်ဆိုတဲ့ မြန်မာအယူအဆကြီးကလဲ ရှိသေးတယ်မဟုတ်လား။ မြန်မာမှာမှ မဟုတ်ပါဘူး။ ကမ္ဘာမှာလည်း ဒီတိုင်းပါပဲ။ ငယ်စဉ်ကတည်းက ဘယ်သန်တဲ့ကလေးတွေဆိုရင် မိဘတွေက ညာသန်အောင် အတင်းအကျပ် လေ့ကျင့်ပေးကြပါတယ်။ အင်္ဂလိပ်စာမှာ ‘right’ ဆိုရင် ညာဘက်လို့ အဓိပ္ပါယ်ရပြီး သူ့ရဲ့ နောက်အဓိပ္ပါယ်တစ်မျိုးက မှန်တယ်၊ ဟုတ်တယ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် လူတော်တော်များများကလဲ ညာသန်များ ဖြစ်ကြပြီး ညာဘက်နဲ့ စာရေးမှ၊ ထမင်းစားမှ မှန်ကန်တယ်လို့ စိတ်ထဲမှာ အရိုးစွဲနေတာပေါ့။ ညာဘက်က right အမှန်ဆိုရင် ဘယ်ဘက်ဖြစ်တဲ့ left ကမှားနေတာလား။ ဒါဆိုဘယ်သန်တွေက မှားနေတာလား? မမှားပါဘူး။ လူတိုင်း မှာ သူများနဲ့မတူတဲ့ကွဲပြားတဲ့ အချက်ကိုယ်စီရှိကြပါတယ်။ ဒီမှာဘယ်သန်တွေရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ သူများထက်အနုညာမျက်စိရှိခြင်း
 
ဘယ်သန်တွေဟာ ဦးနှောက်ညာဘက်အခြမ်းလွှမ်းမိုးမှုများပြားတာကြောင့် ဆန်းသစ်တီထွင်မှုနဲ့ အနုပညာအမြင်ရှိမှုတို့မှာ အားသာပါတယ်။ ပြီးတော့ သူတို့မှာ တစ်ခုခုကိုကြိုတင်သိမြင်ခံစားနိုင်တဲ့စိတ်ခံစားမှုတစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ နူးညံ့သောစိတ်ထားကိုပိုင်ဆိုင်ကြပြီး ကိန်းဂဏန်းများထက် သီချင်းဆိုခြင်း၊ စာရေးသားခြင်း၊ ပန်ချီဆွဲခြင်းအစရှိတဲ့အနုပညာ နဲ့သက်ဆိုင်တဲ့အရာတွေမှာ တစ်ဖက်ကမ်းခတ်တော်ကြပါတယ်။


 

၂။ လက်နှစ်ဖက်လုံးအားသန်ခြင်း
 
များသောအားဖြင့်ဘယ်သန်တဲ့ သူတွေဟာ ငယ်စဉ်ကတည်းက ညာဘက်လက်ကို အသုံးပြုဖို့ မိဘများ(သို့) ဆရာ၊ဆရာမများရဲ့ ဖိအားပေးခြင်းကိုခံရပါတယ်။ ဥပမာအားဖြင့် မိဘတွေက ဘယ်လက်နဲ့ စာရေးတတ်နေပြီဖြစ်တတ်တဲ့ကလေးကိုအတင်းအကျပ်ညာ လက်နဲ့ပြောင်းရေးခိုင်းတာမျိုးတွေရှိတတ်ကြပါတယ်။ ဒါကြောင့်သူတို့ဟာငယ်စဉ်ကတည်းက ညာလက်ကိုအသုံးပြုနိုင်ဖို့သင်ကြားခဲ့တဲ့အတွက် လက်နှစ်ဖက်လုံးအားသန်သူများဖြစ်ကြပါတယ်။


၃။ ဘယ်သန်တွေရဲ့ အတွေးအခေါ်တွေကအများနဲ့မတူကွဲပြားခြားနားခြင်း
 
လူတွေတော်တော်များများဟာညာသန်တွေဖြစ်တာကြောင့် ဘယ်သန်တွေဟာမွေးကတည်းကအများနဲ့ဆန့်ကျင်ဖို့ ဖြစ်တည်လာတယ်လို့ဆိုရမှာပါပဲ။ ဒါကြောင့်ဘယ်သန်တွေဟာ လူအများနဲ့အတွေးအခေါ်အယူအဆတွေတူလေ့မရှိပဲ ကွဲထွက်နေတတ်ပါတယ်။ ဘယ်သန်ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာမိဘမျိုးရိုးလိုက်တာနဲ့ မဆိုင်ပါဘူး။ တချို့ဆိုရင်မိဘနှစ်ဦးလုံးက ညာသန်ဖြစ်နေပေမဲ့လို့ သား၊သမီးကညာသန်ဖြစ်နေတာမျိုးတွေရှိတတ်ကြပါတယ်။


၄။ ပြဿနာဖြေရှင်းဖို့ ရှူုထောင့်အမျိုးမျိုးကစဉ်းစားတွေးခေါ်နိုင်ခြင်း
 
စိတ်ပညာရှင်များပြောကြားချက်အရ ပုံမှန်ယေဘုယျအားဖြင့် ညာသန်တွေဟာ ပြဿနာတစ်ခုကိုဖြေရှင်းဖို့ စာအုပ်ကြီးအတိုင်းစဉ်းစားလုပ်ဆောင်ကြတာများပါတယ်။ ဘယ်သန်တွေကတော့ ဒီလိုမဟုတ်ပါဘူး သူတို့ဟာ ပြဿနာတစ်ခုကိုရင်ဆိုင်ကြုံတွေ့လာရပြီဆိုရင် နှစ်ဦးနှစ်ဖက်မျှတမှုကို ဦးစားပေးပြီးရှုထောင့်အမျိုးမျိုးကတွေးခေါ်ဖြေရှင်းတတ်ကြတယ်လို့ဆိုပါတယ်။
 

 

၅။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်း
 
စိတ်ပညာရှင်တွေရဲ့စမ်းသပ်ချက်အရ ဘယ်သန်တွေဟာညာသန်တွေထက် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာသူတို့ စိတ်ပါဝင်စားခြင်းမရှိတဲ့အရာတွေကိုလုပ်ဆောင်လေ့မရှိကြပါဘူး။ သူတို့ဟာစိတ်ခံစားချက်အတိုင်း လုပ်ဆောင်တတ်ကြပြီး ကိုယ်အမှန်တကယ် ဝါသနာပါတာကိုပဲလုပ်ဆောင်လေ့ရှိကြတာမို့ ပင်ပန်းနေရင်တောင်ယုံကြည်ချက်ပျောက်ဆုံးသွားတာမျိုးတွေ မဖြစ်တတ်ကြပါဘူး။ညာသန်တွေကျတော့ စာအုပ်ကြီးအတိုင်းလုပ်ဆောင်တတ်ကြတာ ဖြစ်တဲ့အတွက် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကြိတ်မှိတ်လုပ်ဆောင်တတ် တဲ့အကျင့်ရှိတာကြောင့် တစ်ခုခုဆိုယုံကြည်ချက်ပျောက်ဆုံးတာမျိုးတွေရှိလာပါတယ်။


၆။ မှတ်ဉာဏ်အားပိုမိုကောင်းခြင်း

 

ဘယ်သန်တွေဟာ ညာသန်တွေထက်မှတ်နိုင်စွမ်းအားပိုမိုကောင်းမွန်ပါတယ်။ တစ်ခုခုဆို သင်ယူတတ်မြောက်လွယ်ပြီးလုပ်ငန်းခွင်ထဲမှာလဲ သူတို့ကိုချမှတ်ပေးတဲ့တာဝန်တွေကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်တတ်တာလဲဘယ်သန်တွေပါ။

 


၇။ ကိုယ့်ကိုယ်ကိုအားကိုးတတ်ခြင်း
 
ဘယ်သန်တွေတော်တော်များများဟာ သူတို့ရဲ့ ပင်ကိုယ်ပုံစံကိုအပျောက်မခံကြပါဘူး။ သူများစိတ်ကျေနပ်စေဖို့ လုပ်ဆောင်နေတာမျိုးတွေလဲမရှိတတ်တာကြောင့် သူများဆီက အကူအညီယူရမှာကိုလဲ အင်မတန်မှလေးဖင့်တတ်သူတွေပါ။ ဒါကြောင့် သူများကိုအားမကိုးပဲကိုယ့်ကိုယ်ကိုပဲ  အားကိုးတတ်ကြပါတယ်။



05 Dec 2018     2,213 Views




RELATED

Most Popular of Special or Others

Most Popular of Life Style