BEC-TERO TV

အာဂျင်တီးနားလိဂ်မှာ ဂိုးဝင်ဖမ်းပေးသွားတဲ့ ခွေးလေး (ရုပ်သံ)

06 Dec 2018     1,354 Views


အာဂျင်တီးနားလိဂ် ဒီဗီရှင်သရီး ဘောလုံးပြိုင်ပွဲမှာ Juventud Unida အသင်းနဲ့ Defensores de Belgrano အသင်းတို့ ယှဉ်ပြိုင်နေစဉ် ခွေးလေးတစ်ကောင်က Defensores အသင်းအတွက် ဂိုးတစ်ဂိုးကို ဝင်ရောက်ကာကွယ်ပေးသွားခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်အနေနဲ့ မမှားသင့်တဲ့အမှားမျိုးကို Defensores က ဂိုးသမား မှားယွင်းခဲ့ပေမယ့် ခွေးလေးက ဝင်ရောက်ကာကွယ်ခဲ့လို့ ဂိုးမပေးလိုက်ရပါဘူး။

ပြိုင်ပွဲရဲ့ ရုပ်သံမှာ Defensores ဂိုးသမားက ဘောလုံးကို ဖမ်းမိခဲ့ပြီးနောက် နှစ်ဘက်အသင်းကစားသမားများ ရှုပ်ယှက်ခတ်နေတဲ့ ဂိုးဧရိယာစည်းစပ်မှာ ဘောလုံးကိုကပျာကယာ အားနဲ့ရှေ့ကို ကန်တင်လိုက်ပါတယ် ဒါပေမယ့် ဘောလုံးက Juventud အသင်းရဲ့ ရှေ့တန်းလူနဲ့ ထိမိပြီး Defensores အသင်းရဲ့ဂိုးထဲကို တန်းကနဲ့ နောက်ပြန်ကန်လှည့်သွားပါတယ်။ Juventud အသင်းက ကျိန်းသေနောက်တစ်ဂိုးရပြီလို့ ထင်မှတ်လိုက်ချိန်မှာ ခွေးလေးတစ်ကောင်က Defensores အသင်းဂိုးရှေ့ကနေ ဖြတ်ပြေးသွားတဲ့အချိန် ဘောလုံးက ခွေးနဲ့ထိပြီး ဂိုးပေါက်လွဲချော်သွားခဲ့ပါတယ်။


ဒီရုပ်သံ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး Defensores ဂိုးသမားကို အပြစ်တင်နေကြသလို ခွေးလေးကို ဘောလုံးအသင်းအနေနဲ့ စာချုပ်ချုပ်သင့်ကြောင့် နောက်ပြောင်ကျီစယ်မှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ အဲဒီနေ့က Juventud က Defensores ကို ၃−၀ နဲ့ အနိုင်ရခဲ့ပါတယ်။


06 Dec 2018     1,354 Views




RELATED

Most Popular of Football

Most Popular of NEWS