BEC-TERO TV

အချိုရည်များကို အခွန်တိုးကောက်နည်းဖြင့် ပြည့်သူ့ကျန်းမာရေးကို ဖိလစ်ပိုင်ကာကွယ်

06 Dec 2018     1,419 Views


ဖိလစ်ပိုင်နိုင်ငံ ပြည်သူများ သက်တမ်းမစေ့မီသေဆုံးနိုင်မှု ရောဂါအန္တရာယ်များကို မဖြစ်ပွားစေရန် ကာကွယ်လျှော့ချသည့်အနေနဲ့ သကြားပါဝင်တဲ့ အဖျော်ယမကာ အချိုရည်များအားလုံးကို အစိုးရက အခွန်တိုးမြှင့် ကောက်ခံဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဗုဒ်ဧဟူးနေ့က ပြောကြားလိုက်ပါတယ်။

ဒီလိုမျိုး အခွန်တို့းမြှင့်ကောက်ခံလိုက်တဲ့အတွက် သက်တမ်းမစေ့မီ သေစေနိုင်တဲ့ရောဂါတွေဖြစ်တဲ့ ဆီးချို၊ နှလုံး၊ လေဖြတ် ဝေဒနာတွေနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို လာမယ့် ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ဖြစ်နိုင်ချေရှိတဲ့ လူပေါင်း ၂၄,၀၀၀ လောက်ကို ကယ်တင်လိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို အခွန်တိုးမြှင့်လိုက်တဲ့အတွက် ယခုနှစ်အတွင်း ဆီးချိုကြောင့်သေဆုံးနိုင်ချေရှိတဲ့ လူ ၆၀၀၀၊ လေဖြတ်နိုင်ချေရှိတဲ့ လူ ၈၀၀၀ နဲ့ နောင် နှစ် ၂၀ အတွင်း ဖြစ်လာမယ့် နှလုံးရောဂါသည်ပေါင်း ၁၀၀၀၀ တို့ကို ရပ်တန့်သွားစေမှာဖြစ်တယ်လို့ (WHO) ရဲ့ လေ့လာချက် စစ်တမ်းအရ တွေ့ရှိရပါတယ်။

အခုလိုအချိုရည်တွေကို အခွန်တိုးကောက်လိုက်တဲ့အတွက် အဝလွန်တာနဲ့ ဆက်နွယ်တဲ့ ရောဂါတွေကို လျော့ကျသွားစေနိုင်သလို တိုင်းပြည်ရဲ့ ဘဏ္ဍာလည်း တိုးလာစေပါတယ်လို့ ဆိုပါတယ်။ အခွန်တိုးကောက်ခြင်းကြောင့် ရရှိလာတဲ့ ငွေကြေးတွေကို ကျန်းမာရေးအတွက်လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို တည်ဆောက်ပေးနိုင်သလို နှစ်စဉ်ကျန်းမာရေးအတွက် သုံးနေရတဲ့ စရိတ်တွေကလည်း အထိုက်အလျှောက် ကာမိသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သကြားပါတဲ့အဖျော်ယမကာ အချိုရည်တွေအတွက် အခွန်တို့မြှင့်ကောက်ခံမှုကို နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ တန်းတူပူးပေါင်းလက်တွဲပြီး ဖိလစ်ပိုင်နိုင်ငံက လာမယ့် ဇန်နဝါရီလာမှာ ၁၃% ထိ တိုးမြှင့်ကောက်ခံဖို့ ဥပဒေပြဌါန်းမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အချိုရည်ဈေးနှုန်း ၁၀% ကနေ ၂၀% ထိ မြင့်တက်လာမယ်လို့ မျှော်လင့်ထားပြီး သောက်သုံးသူတွေလည်း သိသိသာသာ နည်းပါးသွားလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

၂၀၁၃ ခုနှစ် စစ်တမ်းအရ ဖိလစ်ပိုင်နိုင်ငံက အရွယ်ရောက်ပြီးသား လူဦးရေ ၅၆.၃ သန်းရဲ့ ၃၁% သောသူတွေဟာ အဝလွန်သူတွေ ဖြစ်နေကြပါတယ်။ အဝလွန်နေတဲ့ လူငယ်တွေရဲ့ လူဦးရေအချိုးဟာ ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ၅% နှုန်းနီးပါးကနေ ၈.၃% ထိ နှစ်ဆနီးပါး ခုန်တက်လာခဲ့ပါတယ်။

ဗြိတိန်၊ ဘယ်လဂျီယံ၊ ပြင်သစ်၊ ဟန်ဂေရီ နဲ့ မက္ကစီကိုနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေကလည်း အခုလို အချိုရည်တွေအပေါ် အခွန်တိုးကောက်ပြီး ရောဂါတွေမဖြစ်ပွားအောင် ကာကွယ်တဲ့ အစီစဉ်ကို ဆင့်ပွားကျင့်သုံးနေကြတာ နှစ်အနည်းငယ်ပင် ကြာပြီဖြစ်ပါတယ်။

ဒီနည်းကို ကျင့်သုံးပြီးနောက် မက္ကစီကိုနိုင်ငံမှာ စစချင်း ပထမတစ်နှစ်မှာပင် အချိုရည်သောက်သုံးမှု ၅% ကျဆင်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဒုတိယနှစ်မှာတော့ ၁၀% ထိ ကျလာတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။


06 Dec 2018     1,419 Views




RELATED

Most Popular of International News

Most Popular of NEWS