BEC-TERO TV

အရမ်းရိုလွန်းတဲ့မောင်မောင်အေးတို့ မင်္ဂလာဆောင်မှာချစ်သူကိုအလွမ်းသယ်နေတဲ့ဘစိုင်း

06 Dec 2018     1,399 Views


ဆယ်စုနှစ်တစ်စုအထိ မြန်မာပြည်ရဲ့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ခဲ့တဲ့ သရုပ်ဆောင်၊အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အချိန်တော်တော်ကြာ အောင်မြင်မှုသရဖူကိုဆောင်းထားနိုင်ခဲ့တာ ယနေ့အချိန်ထိပဲမဟုတ်ပါလား။ စိုင်းစိုင်းခမ်းလှိုင် ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် တို့ရဲ့ သီချင်းတွေမှာ စိုင်းစိုင်းခမ်းလျှံဆိုတဲ့နာမည်နဲ့ မော်ဒယ်၊သရုပ်ဆောင်အနေနဲ့  အနုပညာအလုပ်တွေကို စတင်ခဲ့တာအခုဆို အနှစ် ၂၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။


စိုင်းစိုင်းရဲ့ သီချင်းတွေဟာဆိုရင် ခေတ်နှစ်ခေတ်ဆက်တိုက်အောင်မြင်ကျော်ကြားခဲ့တာပါ။ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က ထွက်ခဲ့တဲ့ချောကလက်ရောင်ရေခဲအိမ်မက် သီချင်းတွေဆိုရင် ယနေ့ခေတ် လူငယ်များကပါ တမ်းတမ်းစွဲနားထောင်နေကြတာမျိုးတွေတွေ့ရပါတယ်။ ပြောရမယ်ဆို အမေခေတ်ရော၊သမီးခေတ်မှာပါ အောင်မြင်တဲ့ဘစိုင်းလို့ပြောရမှာပါပဲ။


သူ့ရဲ့ အောင်မြင်တဲ့အဓိက သော့ချက်ဆိုရင်တော့ ခန္တီပါရမီနဲ့ ပြည့်စုံလွန်းတယ်လို့ပြောရမှာပါပဲ။ ဘယ်သူတွေဘယ်လိုပဲမကောင်းပြောပြောအမုန်းမပွားပဲ ပညာရှိနည်းနဲ့ တုံ့ပြန်တတ်တာ သူ့ရဲ့ လေးစားချစ်ခင်စရာကောင်းတဲ့အမူအကျင့်တစ်ခုပါပဲ။

သူဟာ ခေတ်ပေါ်လူငယ်တွေနဲ့လဲပေါင်းသင်းဆက်ဆံတတ်ပြီး ခေတ်ရေစီးကြောင်းအတိုင်းထိုင်တာကြောင့် ခေတ်သာပြောင်းသွားပေမယ့် အောင်မြင်မှုတွေမပြောင်းလဲသွားတာမဆန်းပါဘူး။


သူငယ်ချင်းဖြစ်တဲ့ သက်မွန်မြင့်တို့၊ ငယ်ငယ်တို့ကသာကလေးအမေတွေဖြစ်သွားကြပေမဲ့ စိုင်းစိုင်းကတော့ လူပျိုကြီးဖြစ်နေတုန်းပါပဲ။ သူ့သူငယ်ချင်းတွေကိုလဲ ချစ်စနိုးနဲ့ ကလေးအမေတွေဆိုပြီး ဖေ့ဘွတ်ခ်မန့်များမှာ စနောက်လေ့ရှိတာကိုတွေ့ရပါတယ်။


စိုင်းစိုင်းခမ်းလှိုင်ဟာသီချင်းတွေဆိုရုံသာမက အောင်မြင်လှတဲ့ SAI cosmetic ရဲ့ CEO တစ်ယောက်ဖြစ်တာကြောင့် သူ့မှာ ငွေကြေးရောအောင်မြင်မှုပါ အရာရာပြီးပြည့်စုံနေတဲ့ လူသားတစ်ယောက်လို့ပြောရမှာပါပဲ။ သို့ပေမဲ့ သူ့မှာမရှိတာ အချစ်ပါ။ သူ့မှာလစ်လပ်နေတဲ့တစ်ခုတည်းသောအရာက ဘဝလက်တွဲဖော်ဆိုရင်လဲမမှားပါဘူး။

ပရိတ်သတ်ကြီး ချစ်ရတဲ့ လူပျိုကြီးစိုင်းစိုင်းက မနေ့က ကိုမောင်မောင်အေးရဲ့ မင်္ဂလာပွဲကိုတက်ပြီး ချစ်သူကိုသတိရသွားတဲ့ပုံရပါတယ်။ သူ့ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ “သူများတွေချစ်ကြည်နူးနေတာမြင်တိုင်း ကိုယ့်ကောင်မလေးကိုသတိရမိတဲ့အခိုက်အတန့် ကျွန်တော်တို့လို ချစ်တတ်တဲ့ယောင်္ကျားတိုင်းမှာရှိတယ်” လို့ရေးသားပြီး ပို့စ်တင်ခဲ့ပါတယ်။


လူပျိုကြီးတစ်ယောက်အခုလို ချစ်သူကိုလွမ်းဆွတ်ပြီးကြေကွဲနေတာ ပရိတ်သတ်ကြီးကတော့ဒီတိုင်းကြည့်နေနိုင်မယ်မထင်ပါဘူး။ နှစ်တိုင်းသီတင်းကျွတ်နေပေမယ့် အခုထိမကျွတ်နိုင်သေးတဲ့လူပျိုကြီးတစ်ယောက် ဘာကြောင့်အခုအချိန်ထိကြင်ယာမရှာသေးပဲတစ်ကိုယ်တည်း အထီးကျန်ကျန် နေနေလဲ ဆိုတာစဉ်းစားစရာပါပဲနော်။


06 Dec 2018     1,399 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS