BEC-TERO TV

ဆယ်လီတွေကြားမှရေပန်းစားသွားတဲ့မောင်မောင်အေး စုံတွဲရုပ်တုကြီး

06 Dec 2018     1,326 Views


မြန်မာနိုင်ငံရဲ့ presenter တစ်ယောက်ဖြစ်တဲ့လူပျိုကြီးမောင်မောင်အေးဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၀ ရက်နေ့မှာ ချစ်သူနဲ့လက်ထပ်တော့မည်ဖြစ်ကြောင်း သူ၏ဖေ့ဘွတ်ခ်အကောင့်မှာ အတိအလင်းကြေငြာခဲ့ပါတယ်။


သီးချိန်တန်သီး၊ ပွင့်ချိန်တန်လို့ပွင့်သွားပြီဖြစ်တဲ့ ကိုမောင်မောင်အေးကြီးဟာ ယမန်နေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာလက်ထပ်ပွဲကို အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများနှင့်တကွ ပြင်ပမိတ်ဆွေများကိုပါ ဖိတ်ကြားပြီး စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ကြပါတယ်။ မင်္ဂလာပွဲမကျင်းပမီတစ်ရက်အလိုက ကိုမောင်မောင်အေးက သူ့ရဲ့ မင်္ဂလာပွဲကိုအနုပညာရှင်များ လွတ်လပ်ပေါ့ပါးစွာဆင်နွှဲနိုင်ရန်အတွက် မီဒီယာတွေကို ဖိတ်ကြားခြင်းမပြုလုပ်ကြောင်းကြေငြာခဲ့ပါတယ်။


ဒါကြောင့် သူ့မင်္ဂလာပွဲမှာ အနုပညာရှင်အသိုင်းအဝိုင်းက လူများက ဟိတ်ဟန်တွေ ၊ အမူအရာတွေနဲ့ နေစရာမလိုပဲဟန်ဆောင်မှုကင်းကင်း စည်ကားသိုက်မြိုက်စွာပါဝင် ဆင်နွှဲခဲ့ကြတာပါ။ ထိုမင်္ဂလာပွဲကြီးမှာ ဆယ်လီအပေါင်းရဲ့ မျက်လုံးကိုစိတ်ဝင်တစား ညှို့ယူထားပြီး မည်သူမျှကျော်မသွားနိုင်ပဲ ဓာတ်ပုံရိုက်ကြတဲ့ အရာကတော့မောင်မောင်အေး စုံတွဲရုပ်တုကြီးပါပဲ။


ယနေ့ မွန်းလွှဲအချိန်သမယမှာ မောင်မောင်အေးဟာအဆိုပါရုပ်တုကြီးရဲ့ Decorator က ကိုဖိုးကျော်ဖြစ်ပါတယ် လို့မိတ်ဆက်ပေးခဲ့ပြီး ရုပ်တုကြီးနဲ့ ဓာတ်ပုံရိုက်ထားထာရှိရင် မန့်ကြပါဦး အမှတ်တရသိမ်းထားချင်လို့ပါ ဆိုပြီး ရေးသားခဲ့ပါတယ်။


 ဆယ်လီတွေကလဲ သူ့ထက်ငါအပြိုင် ခေတ်မနောက်ကျအောင်ရိုက်ထားတယ် ဘာညာဆိုပြီး စနောက်ပြီး ထိုရုပ်တုကြီးရှေ့မှာ ဓာတ်ပုံတွေရိုက်ထားကြပါတယ်။ ဘယ်သူတွေက ရုပ်တုကြီးနဲ့အတူ ဘယ်လိုပို့စ်အလန်းတွေပေးထားကြသလဲဆိုတာကြည့်လိုက်ကြရအောင်။

ခင်နှင်းကြည်သာ


 

သူရိန်ကျော်မိုးနှင့်သိမ့်ဇာမော်


 

အောင်ရင်တို့ဇနီးမောင်နှံ


 

ဆရာမြင့်မိုးအောင် နှင့်ဇနီး


 

ဒီဇိုင်နာမပုံ့နှင့် သက်မွန်မြင့်


 

ပန်ဆယ်လို နှင့် ချစ်သုဝေ


 

ခင်လေးနွယ်နဲ့ ယုသန္တာတင်


 

ကျော်ထက်အောင်၊ အေးမြတ်သူနှင့်အဖွဲ့


 

နိုင်းဝမ်း၊ ဇော်ပိုင်တို့နှင့်အဖွဲ့



ထားထက်ထက်

 

 


06 Dec 2018     1,326 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS