BEC-TERO TV

ရတနာပုံ Cyber City က ကျောင်းသားတစ်ဦး၏ ဆိုင်ကယ်ကို လုယက်အနုကြမ်းစီးပြီး ရိုက်လု

07 Dec 2018     1,390 Views


ရတနာပုံ Cyber City က ပုသိမ်ကနေ ကျောင်းလာတက်တဲ့ ဒုတိယနှစ်ကျောင်းသား ထက်လင်းသန့် တစ်ယောက် ဒီနေ့ညနေပိုင်းလောက် ရတနာပုံတယ်လီပို့စ် မြို့သစ် (မေမြို့-မန်းလေးလမ်း ) ထဲမှာဆိုင်ကယ်ရိုက်လုခံရပြီး ဆုံးပါးသွားခဲ့ပါတယ်။


အတူပါတဲ့ ကလေးမလေးကတော့ ICU ထဲမှာ ကုသမှုခံနေရဆဲပါလို့ သိရပါတယ်။ မကြာခဏဆိုသလိုဆိုင်ကယ်တွေပျောက်တာကနေတဆင့်အတင့်ရဲလာကြပြီး လူပါသတ် ဆိုင်ကယ်လုတဲ့ အခြေနေထိကို ဆိုးရွားလာခဲ့တာဖြစ်ပါတယ်။


လက်ရှိအခြေနေမှာ ကျောင်းသားများရော ကျောင်းသာမိဘများပါ စိုးရိမ်မကင်းဖြစ်နေကြပြီး မလုံခြုံသလို ခံစားနေရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ရင်ဖွင့်လာပါတယ။်


ယခု ဒုတိယနှစ်ကျောင်းသား ကိုထက်လင်းသန့်သေဆုံးသည်အထိ လုယက်အနုကြမ်းစီးမှုကို အမြန်ဆုံးဖမ်းဆီးပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရန် နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကျောင်းသားများသမဂ္ဂ သတင်းထုတ်ပြန်တောင်းဆိုထားသည်။



07 Dec 2018     1,390 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS