BEC-TERO TV

ရွှေတံဆိပ် ဆု ရယူပေးခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင် မိန်းကလေး သက်ထားသူဇာ

07 Dec 2018     1,392 Views


မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ပူပူနွေးနွေး ရယူ ပေးခဲ့သူကတော့…ကြက်တောင်အားကစား မယ်လေး သက်ထားသူဇာ ဖြစ်ပါတယ်။ ။


2018 BWF International Series ပြိုင်ပွဲမှ ကြက်တောင်လောကမှာ နေရာတစ်နေရာ အခိုင်အမာ ရထားပါတယ် ဆိုတဲ့ အာဆီယံဒေသ တွင်း ပြိုင်ဘက် ဖြစ်တဲ့ မလေးရှားကစားသမားကို ဆီးမီးမှာ နှစ်ပွဲပြတ် နောက်ကောက်ချန်ခဲ့ပြီး ဖိုင်နယ် အထိ တက်ရောက်သွားခဲ့သူလည်း မြန်မာမလေး သက်ထားသူဇာပါ။


ဖိုင်နယ်မှာတော့ ဘီလာရုစ် ကစားသမားကို အနိုင်ယူ ပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကို ဂုဏ်ယူစွာနဲ့ အရ ယူပေးနိုင်ခဲ့တဲ့ ပူပူနွေးနွေး ရွှေတံဆိပ်ဆုရှင် ဖြစ် ပါတယ်။သူမဟာ အသက်က ၁၉ နှစ်သာ ရှိသေးပေမဲ့ အားကစားမှာလည်း တော်ရုံတင်မက ရုပ်ရည်ရူပကာလည်း ချောမောပြေပြစ်လှပသူလေးပါ။


မြန်မာ့ဂုဏ်ဆောင် မိန်းကလေး သက်ထားသူဇာဟာ အနာဂတ် မြန်မာ့ ကြက်တောင်လောက အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဆိုလည်း မမှားပါဘူး ။

 



07 Dec 2018     1,392 Views




RELATED

Most Popular of Myanmar News

Most Popular of Sport