BEC-TERO TV

ကင်ဆာရောဂါအကြောင်းပြပြီး ကျောက်ကပ်ခိုးထုတ်ခံလိုက်ရတဲ့ မိန်းကလေး

10 Dec 2018     1,303 Views


"ကျွန်မနစ်နာကြေးလည်း မလိုချင်ဘူး နောက်လူနာတွေကို ကျွန်မလိုမျိုး ဆက်မလုပ်ဖို့ တောင်းဆိုပါတယ် "

ထိုင်းနိုင်ငံ အူးဒေါင် ဌာနီက စီနဝါဖွန် အသက် ၃၃ နှစ်အမျိုးသမီးရဲ့ ဖြစ်ရပ်ကို ထိုင်းနိုင်ငံသတင်းလောကမှာ အကျယ်တဝင့်ဖေါ်ပြနေကြသလို ဒီဖြစ်ရပ်ကြောင့် ထိုင်းပြည်သူတွေရဲ့အကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေလည်း ပိုတိုးလာနေကြပါတယ်။


ချစ်သူစင်္ကာပူနိုင်ငံသားနဲ့ လက်ထပ်တော့မယ့် သူမဟာ ဗိုက်အောင့်လို့ဆေးရုံမှာ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဆရာဝန်ကြီးက ပထမပိုင်း စားဆေးတွေပေးတော့ သက်သာလာနေပြီးနောက် ဆေးရုံကို ရက်ချိန်းအရ လာပြတဲ့အခါ သူမမှာ ကင်ဆာရောဂါ လက္ခဏာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကင်ဆာအကျိတ်ဖြစ်ဖို့  ၈၀% ကျိမ်းသေနေတာမို့ ခွဲစိတ်ကုသမှု မခံယူဘူဆိုရင် သေနိုင်တယ်လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေဖြစ်တာကြောင့် တစ်ကယ်မဟုတ်ပဲနဲ့ မပြောနိုင်ဘူးလို့ တွေးမိပြီးနောက် မိခင်နဲ့တိုင်ပင်ကာ ကင်ဆာအကြိတ် ရှိတဲ့နေရာတွေကို ဖြတ်တောက် ခွဲစိတ်ဖို့ သဘောတူလိုက်ပါတယ်။

(သူမကို ခွဲစိတ်ချိန်မှာ ပြစ်မှုကျူးလွန်မယ့် ဆရာဝန်ကြီးနဲ့ အကူဆေးကျောင်းသား တဦးသာတွေ့ရကြောင်း သိရပါတယ်)


''ခွဲစိတ်ပြီးကတဲက ကျွန်မ ကျန်းမာရေးက ပုံမှန်မဟုတ် တော့ပါဘူး လမ်းလျှောက်တာနဲ့မောတယ်၊ ဆီးအိမ်ကိုလည်း အပြင်မှာ အိတ်နဲ့ထုတ်ထားရသေးတယ် ၊ လက်ထပ်မယ့်အမျိုးသားနဲ့လည်းလဲကွဲခဲ့ပြီ။

နောက်ဆေးရုံးရက်ချိန်းမှာ သူမကိုခွဲစိတ်ပေးတဲ့ဆရာဝန် ခရီးသွားနေလို့ တခြားဆရာဝန်က စစ်ဆေး ပေးတဲ့အခါ ဆရာဝန်က သတိပေးပါတယ်။ ကျန်းမာရေးသတိထားပြီး အလေးအပင်တွေ မ မဖို့ ကျောက်ကပ်က တဖက်ပဲရှိတော့ တာတဲ့”

ဒီလို သတိပေးလိုက်ချိန်မှာ သူမ အကြီးအကျယ်ထိတ်လန့်သွားခဲ့ပါတယ် ခွဲစိတ်ဖြတ်တောက်မှဒပြုလုပ်ခဲ့တဲ့

ကိုယ်တွင်းအစိတ်အပိုင်း စာရွတ်စာတမ်းမှာ ကျောက်ကပ်ဖြတ် ထုတ်တာ ဖေါ်ပြခဲ့ခြင်း မရှိခဲ့ပါဘူး။


အခြားဆေးရုံမှာ အသေးစိတ်ထပ်စစ်ကြည့်ခဲ့တဲ့အခါမှာတော့ သူမမှာအရင်ကတည်းက ကင်ဆာအကြိတ်လည်း မရှိခဲ့ပါဘူးဆိုတာ သိလိုက်ရပါတယ်။

ဒါကြောင့် သူမဟာ ရှေ့နေငှားပြီး ဆရာဝန်ကြီးကို တရားစွဲခဲ့ပါတယ်။ ကျောက်ကပ်တစုံရဲ့ ဈေးဟာ နိုင်ငံတကာမှာ ဒေါ်လာ ၅ သိန်း ၅ သောင်းရှိပါတယ်၊ ကမ္ဘာ့သန်းကြွယ်သူဌေး မိသားစုတွေ ငွေကြေး တတ်နိုင်တဲ့သူတွေက ကျောက်ကပ်လဲဖို့ ဝယ်ယူနေကြပါတယ် )


Source : SAW


10 Dec 2018     1,303 Views




RELATED

Most Popular of Special or Others

Most Popular of NEWS