BEC-TERO TV

မောင်ဖြစ်သူ တစ်ဖက် သတ်ကြိုက်နေသည့် အမျိုးသမီး ကို ခိုးယူနိုင်ဖို့ အစ်မများက ကားတင်ပြေး

11 Dec 2018     1,266 Views


မောင်ဖြစ်သူ တစ်ဖက် သတ်ကြိုက်နေသည့် အမျိုးသမီး ကို အစ်မများက ပူးပေါင်းပြီး ကားတင်ပြေးမှု သထုံတွင် ဒီဇင်ဘာ ၈ ရက် ညကဖြစ်ပွားခဲ့သည်ရုပ်ရှင်ဆန်ဆန် ယင်းဖြစ်ရပ်သည် တာဝန်ရှိသူများက အချိန်မီ သိ၍ အထမမြောက်ဘဲ လူပျိုကြီးနှင့် ၎င်း၏အစ်မများ အမှုဖွင့်ခံရသည်။

‘‘အဲဒီအမျိုးသမီးကို တစ် ဖက်သတ်ကြိုက်နေတဲ့ လူပျိုကြီး က သူ့အစ်မတွေနဲ့အတူ လမ်းမှာ ဖြတ်ပြီးတော့ သူတို့အိမ်ကို အဓမ္မ ခေါ်ဆောင်သွားတာပါ။ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရပ်မိရပ်ဖတွေ သိရှိလို့ နာရီဝက် အတွင်းမှာပဲ သွားပြန်ခေါ်ပြီး အဲဒီ အမျိုးသမီးကို သူ့မိဘလက်ဝယ် ကို ပြန်လည်အပ်နှံပေးခဲ့ပါတယ်’’ ဟု ကတိုက်ကလေးကျေးရွာအုပ် ချုပ်ရေးမှူး ဦးမျိုးနိုင်က ပြော သည်။

ကတိုက်ကလေးကျေးရွာနေ (၂၃)နှစ်အရွယ် အမျိုးသမီးတစ် ဦးသည် ၎င်း၏ညီမ မော်လမြိုင် တက္ကသိုလ်၌ ကျောင်းအပ်ပြီး အဖော်များနှင့်အတူ ကားစီး၍ နေအိမ်သို့ပြန်လာစဉ် ယင်းကားကို ကျိုက်ကော်ကတိုက်ကလေး ကားလမ်းပေါ်၌ အခြားကားတစ်စီးက ပိတ်ရပ်ခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ပိတ်ရပ်ထားသော ကားပေါ် တွင် တစ်ရွာတည်းနေ (၄၃)နှစ်အ ရွယ် အမျိုးသားနှင့်အတူ ၎င်း၏ အစ်မအရင်း နှစ်ဦး၊ အခြားအမျိုး သမီးကြီးတစ်ဦးတို့ ဆင်းလာပြီး ၎င်းတို့ကာေးပ်ါသို့ တစ်ဖက်ကား ပေါ်မှ အမျိုးသမီးကို အတင်းဆွဲ ခေါ်ပြီးနောက် အဆိုပါ အမျိုးသား ၏ နေအိမ်သို့ ခေါ်ဆောင်လာပြီး နေအိမ်အောက်ထပ် မီးဖိုခန်းအ တွင်း တံခါးပိတ်ထားကြောင်း ရဲ မှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းနောက် ဒီဇင်ဘာ ၉ ရက်တွင် ကာယကံရှင်အမျိုးသမီး ၏ လာရောက်တိုင်တန်းချက်အ ရ အတင်းအဓမ္မခေါ်ဆောင်၍ မတရားချုပ်နှောင်သည့် (၄၃)အရွယ် အမျိုးသား၊ (၅၄)နှစ်နှင့် (၄၇)နှစ်အရွယ် ၎င်း၏အစ်မရင်း နှစ်ဦး၊ (၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် (၄၈) နှစ်အရွယ် ယာဉ်မောင်းအမျိုးသား စုစုပေါင်းငါးဦးကို အတင်းအဓမ္မထိမ်းမြားပေးစားရန် မိန်းမခိုးယူမှု၊ မတရားချုပ်နှောင်ထားမှု၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
Crd ; 7daynews


11 Dec 2018     1,266 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS