BEC-TERO TV

စမတ်ကျတဲ့ ဓါတ်ပုံတစ်ပုံ ရဖို့ ဘယ်လိုရိုက်မလဲ …?

12 Dec 2018     1,574 Views


ဓါတ်ပုံရိုက်တဲ့အခါ ရုပ်လှသူပဲဖြစ်ဖြစ်၊ မလှသူပဲဖြစ်ဖြစ် ဓါတ်ပုံထဲကြည့်ကောင်းနေစေဖို့အတွက် pose အကြောင်းကို နားလည်နေဖို့ လိုအပ်ပါတယ်။ ဓါတ်ပုံအယူအဆ အခြေခံလောက်ကို နားလည်ရင်တောင်မှ လူတိုင်းစမတ်ကျတဲ့ ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့် ပရောဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက်ဖြစ်သူ Jodee Ball ရဲ့ဓါတ်ပုံအခြေခံသဘောတရား (6) ချက်ကို မျှဝေပေးလိုက်ပါတယ်။
 
၁။ ပေါ့ပေါ့ပါးပါးနေပါ၊ဓါတ်ပုံရိုက်တဲ့အခါ ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို အရမ်းကြီးအာရုံစူးစိုက်တာထက် ပေါ့ပေါ့ပါးပါးနဲ့ pose ပေးခြင်းက ပိုပြီးသဘာဝဆန်တဲ့ဓါတ်ပုံတွေကို ရရှိစေနိုင်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ကို တောင့်တောင့်ကြီးမဖြစ်စေပဲ ပျော့ပျောင်းစွာနဲ့အနည်းငယ်ကွေးထားရင် ပိုလှတဲ့ဓါတ်ပုံကို ရရှိစေမှာပါ။

၂။ ခန္ဓာကိုယ်ကို ကင်မရာလားရာနဲ့ အနည်းငယ်လွှဲထားပေးပါ၊ ကင်မရာရိုက်တဲ့သူက သင့်ကိုယခုလိုမျိုး သတိမပေးလည်း ကိုယ်တိုင်ပြုလုပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ယခုလိုသင့်ခန္ဓာကိုယ်ကိုလွှဲထားတဲ့အခါ သင့်ကိုပိုပြီးပါးလျှသွားစေပြီး ပုံထဲကမော်ဒယ်လို သင့်ရဲ့လက်တွေကို ရှေ့ခြေထောက်ပေါ် တင်ထားပါက ပိုပြီးဆွဲဆောင်မှုရှိတဲ့ ပုံကိုရရှိမှာဖြစ်ပါတယ်။
 
၃။ သင့်မျက်နှာကို သင့်လက်တွေနဲ့ Highlight ထားနိုင်ပါတယ်သင့်ရဲ့ပုခုံးကို ယခုလိုမျိုး နှိမ့်ထားပြီး မေးစေ့ကို လက်ထောက်ထားခြင်းဟာ သင့်ရဲ့မျက်နှာကို ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။

၄။ သင့်ရဲ့ပခုံးတွေကို နှိမ့်ထားပါပုခုံးတွေကို ပုံထဲကအတိုင်း နှိပ်ထားတဲ့အခါ သင့်ရဲ့လည်ပင်းကို ပိုရှည်သွားသလို ထင်ရစေပြီး ပုံထဲမှာ သင့်လက်တွေကို မဖုံးကွယ်သင့်ကြောင်း သတိပြုပါ။
 
၅။ ဒူးကိုကွေးပါယခုလို ဒူးကွေးပြီး မျက်နှာကို အနည်းငယ်တိမ်းထားခြင်းဟာပိုပြီ သက်တောင့်သက်သာပုံစံနဲ့ သွယ်လျတဲ့ပုံတွေကို ရရှိစေပါတယ်။

၆။ ခေါင်းကို အနည်းငယ်စောင်းပါ။ လိုင်စင်ဓာတ်ပုံမှလွဲ၍ ဆယ်ဖီဆွဲတဲ့အခါတွေ ကိုယ်တပိုင်းပုံတွေရိုက်တဲ့အခါတွေမှာ သင့်ရဲ့ခေါင်းကို အနည်းငယ်တိမ်းစောင်းထားပါ။


ကင်မရာရိုက်တဲ့သူက သင့်ကိုယခုလိုမျိုး သတိမပေးလည်း ကိုယ်တိုင်ပြုလုပ်ကြည့်ဖို့ လိုအပ်ပါတယ်။ ယခုလိုသင့်ခန္ဓာကိုယ်ကိုလွှဲထားတဲ့အခါ သင့်ကိုပိုပြီးConfidence ပုံထဲကမော်ဒယ်လို သင့်ရဲ့လက်တွေကို ရှေ့ခြေထောက်ပေါ် တင်ထားပါက ပိုပြီးဆွဲဆောင်မှုရှိတဲ့ ပုံကိုရရှိမှာဖြစ်ပါတယ်။


12 Dec 2018     1,574 Views




RELATED

Most Popular of Special or Others

Most Popular of Life Style