BEC-TERO TV

ကာဗာနီကို ပေါင် ၄၅ သန်းပေးခေါ်ဖို့ နည်းပြ ဆာရီ အကြိုက်တွေ့

13 Dec 2018     1,302 Views


ချယ်လ်ဆီးနည်းပြဆာရီဟာ အသင်းရဲ့စွမ်းဆောင်နိမ့်ပါးနေတဲ့ တိုက်စစ်အဝန်းအဝိုင်းကို အပြောင်းအလဲလုပ်ဖို့အတွက် လာမယ့်ဇန်နဝါရီမှာ PSG တိုက်စစ်မှူး ကာဗာနီကိုခေါ်ယူဖို့ အသင်းကိုတောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဆာရီ ဟာ အသင်းတိုက်စစ်အတွက် ကာဗာနီကိုအကြိုက်တွေ့နေပြီး သူရဲ့ဂိုးသွင်းစွမ်းရည်နဲ့ အတွေ့အကြုံကြွယ်ဝမှုတွေဟာ အသင်းကိုတိုးတက်စေမယ်လို့ ယုံကြည်ထားလျက်ရှိနေပါတယ်။ ကာဗာနီဟာ ခုရာသီ PSG အသင်းနဲ့အတူ လီဂူး ၁၀ ပွဲကစားရာမှာ ၁၀ ဂိုးထိသွင်းထားနိုင်ပြီး အသက်အရွယ်နဲ့ မလိုက်အောင်ခြေစွမ်းပြနိုင်ဆဲဖြစ်လို့ နေမာ ပက်ပီ တို့လို လူငယ်တွေနဲ့ အပြိုင် အသင်းတိုက်စစ်မှာပုံမှန်နေရာရနေဆဲဖြစ်ပါတယ်။


ကာဗာနီဟာ PSG အသင်းနဲ့ ၂၀၂၀ အထိစာချုပ်သက်တမ်းရှိနေသေးတာမို့ ၊ ချယ်လ်ဆီးအသင်းအနေနဲ့ အသက် ၃၁ နှစ်အရွယ်သူ့ကို ခေါ်ယူဖို့အတွက်စာချုပ်ဖျက်ကြေး ပေါင်သန်း ၄၀ ကျော်ပေးရဖွယ်ရှိနေပါတယ်။ အက်သလက်တီကို အသင်းကလည်း ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၄ ဂိုးသာသွင်းပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကော်စတာနေရာမှာ ကာဗာနီနဲ့အစား ထိုးခေါ်ယူဖို့ ချယ်လ်ဆီးနဲ့အပြိုင် ကြိုးစားနေတာမို့ ဈေးပြိုင်ခေါ်ယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။


အက်သလက်တီကိုအသင်းကတော့ ကနဦး ပေါင်သန်း ၃၆ သန်းကမ်းလှမ်းထားပြီး ချယ်လ်ဆီးအသင်းနဲ့ အပြိုင်ဈေးပြိုင်ပေးဖို့အခက်အခဲရှိနေတာမို့ PSG အသင်းတာဝန်ရှိသူတွေဟာကာဗာနီကို ချယ်လ် ဆီးအသင်းကိုပဲ ရောင်းချဖို့ပြင်ဆင်နေပါတယ်။

ဆာရီဟာ ဒီရာသီမိုရာတာ ဂီရူးတို့နှစ်ယောက်ပေါင်း ပြိုင်ပွဲစုံမှာ စုစုပေါင်း ၆ ဂိုးသာသွင်းနိုင်တဲ့အသင်းတိုက်စစ် Performance ကိုမြှင့်တင်ဖို့အတွက် ကာဗာနီကိုအရခေါ်ယူချင်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ခေါ်ယူမှုအတွက် တွေ့ဆုံဆွေးနွေးစကားပြောဖို့ အသင်းတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့သိရပါတယ်။



13 Dec 2018     1,302 Views




RELATED

Most Popular of Football

Most Popular of JOB